ယုံကြည်ခြင်းဆိုတာ လက်တွေ့ အသက်ရှင်ခြင်းပါ
ကမ္ဘာဦးကျမ်း၁၂ ထဲမှာ အာဗြဟံကို ဘုရားသခင်က အခြေကျနေပီးသားဖြစ်တဲ့ နေရာတစ်ခုကနေ သူ့ရဲ့ပြည်နဲ့တကွ အမျိုးသားချင်း အပေါင်းအဖော်ထဲက ထွက်ပီး ဘုရားသခင်လမ်းပြတဲ့ ပြည်ကိုသွားဖို့ဖြစ်လာတယ်။ ဘုရားသခင်က အဲဒီပြည်မှာလူမျိုးကြီးဖြစ်စေမယ် ကောင်းကြီးပေးမယ်လို့ဂတိတော်ရှိထားပါတယ်။ ထူးခြားတာတစ်ခုက အာဗြဟံကိုကောင်းကြီးပေးတဲ့လူအတွက် ဘုရားရဲ့ကောင်းကြီးရှိနေပါတယ်။ အာဗြဟံကိုကျိန်ဆဲသူအတွက် ဘုရားရဲ့ကျိန်ခြင်းဟာရှိနေတယ်