၁ကော၂:၁၆မှာထိုလူကိုသွန်သင်နိုင်မည်အကြောင်း၊အဘယ်သူသည်ထာဝရဘုရား၏စိတ်တော်ကိုသိသနည်း။
ငါတို့မူကားခရစ်တော်၏စိတ်ကိုခံရကြ၏လို့ဖော်ပြထားတယ်။ တမန်တော်ကြီးရှင်ပေါလုက ဒီအချက်ကိုယုံကြည်သူအားလုံးကိုရည်ရွယ်ပြီးပြောဆိုရာမှာ ဟေရှာယအနာဂတိကျမ်း ၄၀း၁၃ ကိုပြန်ပြီး ကိုးကားထားပါတယ်။ ကျွန်တော်တို့ဆီမှာခရစ်တော်ရဲ့လမ်းစဥ် နဲ့ အစီအစဥ်များဝေမျှခြင်း၊ ခရစ်တော်ရဲ့ရည်ရွယ်ချက်ကိုသိခြင်း၊ ခရစ်တော်ရှုမြင်သကဲ့သို့ ရှိုမြင်တတ်တဲ့စိတ်တွေရှိခြင်းကိုဆိုလိုပါတယ်။
အဲဒီအချက်တွေကိုခရစ်ယာန်တွေအားလုံးပိုင်ဆိုင်ပီးသားဖြစ်တယ်။ ခရစ်တော်မှာရှိတဲ့စိတ်လို့ပြောတာနဲ့ ကျွန်တော်တို့ဟာဘုရားရဲ့အလိုတော်အကြံအတည်တော်ကိုနားလည်ပြီးတော့အဲဒီအလိုတော်ကိုဝန်ခံတတ်ခြင်း၊ လိုက်လျှောက်တတ်ခြင်းဖြစ်တယ်။ ဒီမြေကြီးပေါ်မှာဘုရားရဲ့ဘုန်းတော်ထင်ရှားစေဖို့ဘုရားသခင်ဟာသူ့ရဲ့ မူလဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့ကယ်တင်ခြင်းဟာအပြစ်သားတွေအတွက်ဖြစ်တယ်။ဆိုတာကိုနားလည်စေဖို့ဦးတည်တယ်။ ရိုးရိူးရှင်းရှင်းပြောရရင် ခရစ်တော်ရဲ့ရည်ရွယ်ချက်ဟာ ပျောက်ဆုံးသူကိုရှာဖွေဖို့ဖြစ်တယ်။ (လုကာ၁၉:၁၀)
ဖိလိပ္ပိ၂:၅-၈အရ ခရစ်တော်၌ရှိသောစိတ်သဘောကို နှိမ့်ချခြင်းနဲ့ နာခံခြင်းဆိုတဲ့ ဝိသေသလက္ခဏာ၂ခုနဲ့မြင်နိုင်တယ်။ မသဲ၉:၃၅-၃၆မှာဆိုရင်ခရစ်တော်ရဲ့စိတ်သဘောထဲမှာ သနားတတ်တဲ့ စိတ်သဘောရှိကြောင်း အထင်အရှားမြင်တွေ့ရတယ်။
လုကာ၅:၁၆အရခရစ်တော်ဟာ ဆုတောင်းခြင်းမှာပျော်မွေ့သူဖြစ်ပီးခမည်းတော်ရဲ့အလိုကိုအမြဲဦးစားပေးသူ ခမည်းတော်နဲ့အမြဲမိတ်သဟာယဖွဲ့နေသူဖြစ်တယ်။ ၁ကော၂:၁၆နဲ့ နှီးနွယ်နေတဲ့ယေရှုခရစ်တော်ရဲ့စိတ်သဘောထားများအကြောင်းကို အောက်မှာဆက်လက် လေ့လာရအောင်။
၁။ ၁ကော၂:၅-၆လူပညာနဲ့ယှဥ်တဲ့ဖြားယောင်းတဲ့စကားမပါပဲ ဝိညဥ်တော်ရဲ့နိမိတ်လက္ခဏါတန်ခိုးတော်နဲ့ပြည့်စုံခြင်းဟာ ခရစ်တော်ထဲမှာရှိနေတဲ့ပကတိအရှိတရားဖြစ်တယ်။
၂။ ခရစ်တော်ရဲ့စိတ်သဘောထဲမှာနက်နဲသောဘုရားသခင်ရဲ့ ညဏ်ပညာဟာအထဲမှာ ဝှက်ထားလျက်ရှိတယ်။ (၁ကော၂း၇)
၃။ သခင်ခရစ်တော်ရဲ့စိတ်သဘောကို ယုံကြည်သူတိုင်းဝိညဥ်တော်ဘုရားမှတစ်ဆင့်ရရှိကြပါတယ်။ (၁ကော၂:၉-၁၂)
၄။ခရစ်တော်ရဲ့စိတ်သဘောကိုဘရားသခင်ရဲ့ဝိညဥ်နဲ့မပိုင်ဆိုင်သူများအနေနဲ့ဘယ်လိုမှနားလည်နိုင်မှာမဟုတ်ဘူး။ (၁ကော၂:၁၄)
၅။ယုံကြည်သူမှန်ရင်ထာဝရဘုရားရဲ့စိတ်တော်ကိုသိနိုင်ပီးခရစ်တော်ရဲ့စိတ်သဘောထားကို လည်းပိုင်ဆိုင်သူများဖြစ်ကြပါတယ်။ အဲဒီလိုမမဟုတ်ရင်ဘာသာရေးအမည်ခံသက်သက်သာ ဖြစ်ပါတယ်။
နိဂုံး
ခရစ်တော်ရဲ့စိတ်သဘောကိုလက်ခံရရှိနိုင်ရန်ပထမဆုံးသခင်ခရစ်တော်ရဲ့ ကယ်တင်ခြင်း ကိုလက်ခံနိုင်ဖို့အရေးကြီးတယ်။
(ယော၁:၁၂/၁ယာ၅:၁၂)ကယ်တင်ခြင်းရရှိပီးရင်တော့ယုံကြည်သူရဲ့အသက်တာဟာ ဘုရားသခင်ရဲ့အုပ်စိုးခြင်းနဲ့အလိုတော်နဲ့အကြံစည်တော်အောက်မှာအသက်ရှင်ပီးသန့်ရှင်းသောဝိညဥ်တော်ရဲ့သွန်သင် လမ်းပြမှုနဲ့အတူရှိနေတဲ့ဘဝကိုပိုင်ဆိုင်ရမှာဖြစ်တယ်။ ယုံကြည်သူတစ်ယောက်အနေနဲ့ မသေခင်အထိသတိထားသွားရမယ့်အချက်လေးတစ်ခုကတော့ဧဖက်၄:၃၀ ကိုတော့နေ့ရက်တိုင်းမှာအမြဲသတိချပ်သွားဖို့ဖြစ်တယ်။သန်ရှင်းသော ဝိညဥ်တော် ဘုရားရဲ့လမ်းပြခြင်း၊ ပုံသွင်းခြင်းကိုခံယူပီးမိမိစိတ်နှလုံးကိုအသစ်ပြင်ဆင်သွားနိုင်ဖို့က မိမိဘက်က လိုက်လျှောက်ရမယ့်တာဝန်ဖြစ်တယ်။
#AUNG MYINT MYAT