ဘုရားကအားလုံးကိုသိတယ်ဆိုတာသေချာလားဘုရားဟာအလုံးစုံကိုသိရက်နဲ့ ဘာလို့မေးခွန်းတွေမေးရသလဲ

ကမ္ဘာဦးကျမ်၃: ၉/၁၁ မှာ သင်သည်အဘယ်မှာရှိသနည်းလို့မေးနေတယ်။ အငယ်၁၁မှာ ငါပညတ်သောအပင်၏ အသီးကိုစားမိပြီလောလို့ မေးတယ်။

ကဲ ဘယ်လိုထင်သလဲမိတ်ဆွေတို့။ ယောဘဝတ္ထု၁:၇မှာထာဝရဘုရားကလည်းသင်သည်အဘယ်အရပ်ကလာသနည်းလို့စာတန်ကိုမေးတယ်။. ထွက်မြောက်ရာ၄:၂ သင်၏လက်၌အဘယ်အရာရှိသနည်း။ မာကု၅:၃၀ယေရှုက ငါ့အဝတ်ကိုအဘယ်သူတို့သနည်း။.  ဆာလံ၄၄:၂၁ ဘုရားသခင်ကဘာဖြစ်လို့ မေးခွန်းတွေပြန်မေးနေတာလဲ

ဘုရားသခင်ကိုယ်တိုင်မသိတဲ့ လက်လှမ်းမမီတဲ့ အပိုင်းတွေရှိသလား။

စာဖတ်သူမိတ်ဆွေရောဘယ်လိုထင်သလဲ

တကယ်တော့ဘုရားသခင်ရဲ့မေးခွန်းတွေတိုင်းဟာ မသိလို့မေးတာမျိုး မဟုတ်ပဲနဲ့ မေးခွန်းတွေမှာရည်ရွယ်ချက်တွေပါတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ ဘုရားသခင်ကမေးတဲ့မေခွန်းတိုင်းမှာ အကြောင်းအရာကို သိချင်လို့ မေးတာမဟုတ်ပါဘူး။ သူအဲ့ဒီအကြောင်းအရာတွေကိုသိနှင့်ပီးသားဖြစ်ပါတယ်။သူ့မေးခွန်းတွေထဲမှာအကြောင်းအရာပေါ်မူတည်ပီး ကွဲပြားခြားနားတဲ့ရည်ရွယ်ချက်တွေရှိနေပါတယ်။ ကမ္ဘာဦး၃:၉ ထဲမှာ အာဒံနဲ့ဧဝကတားမြစ်ထားတဲ့အသီးကိုစားပီးနောက်ပုန်းနေကြတဲ့အချိန်မှာ ဘုရားကသင်သည်အဘယ်မှာရှိသနည်းလို့မေးလိုက်တာဟာLocationတည်နေရာကို မေးတာမဟုတ်ဘူး။ဘုရားကဘယ်နေရာမှာရှိလဲဆိုတာမသိစရာအကြာင်းမှမရှိတာ။ဘုရားကလူကို    ချဥ်းကပ်ပုံကိုဖော်ပြတာဖြစ်တယ်။

မင်းတို့အပြစ်လုပ်သလားဆိုပီးဒေါသထွက်နေတဲ့ပုံစံမျိုးနဲ့မဟုတ်ပဲ ပုန်းနေရာကနေပြန်ထွက်လာဖို့ ဒီမေးခွန်းကိုမေးတာပါ။ အာဒံရေမင်းဘယ်မှာလဲဆိုတာအာဒံနေနေတဲ့နေရာထက် အာဒံရဲ့ ပြသနာကို မီးမောင်းထိုးနေတာဖြစ်တယ်။အာဒံပြသနာတက်နေပီဆိုတာ သိနေလို့ ဒီမေးခွန်းလေးနဲ့ဘုရားကပြန် ချဥ်းကပ်တာပါ။. စာသင်ခန်းထဲမှာဆရာကတပည့်တစ်ယောက်ကို ၂နဲ့၂ပေါင်းရင်ဘယ်လောက်လဲလို့မေးတာက အ​ဖြေကိုမသိလို့မဟုတ်ပဲ အဲဒီကလေးကဒီသင်္ချာပုစ္ဆာကို ဘယ်လိုတုန့်ပြန်မလဲတစ်ခုခုတုန့် ပြန်လာအောင်မေးတဲ့သဘောဖြစ်တယ်။ အခြားသောမေးခွန်းတွေမှာလည်းဒီလိုပဲသူ့မှာရည်ရွယ်ချက်ရှိပါတယ်။

ဆိုကြပါစို့ ယောဘ၃၈-၄၁ ကိုကြည့်ရင် ကမ္ဘာကြီးကိုဘယ်လိုဖွဲ့စည်းပီးဘယ်လိုတည်ဆောက်ထားသလဲလို့ယောဘကိုမေးခြင်းဟာဘုရားသခင်ကမသိလို့မေးတာမဟုတ်ပဲယောဘမရှိခင်ကတည်းကဒီကမ္ဘာကြီးဟာဘုရားရဲ့ဘုန်းတန်ခိုးနဲ့ ရှိပီးဖြစ်တယ်ဆိုတာကိုသိစေချင်လို့ပါ။ (ယောဘ၃၈:၄/ယောဘ၄၁:၁)

ယောန၄:၄မှာ “ထာဝရဘုရားကလည်းသင်သည်အမျက်ထွက်ကောင်းသလောဟုမေးတော်မူ၏” အငယ်၉မှာ “ဘုရားသခင်ကလည်းသင်သည် ကြက်ဆူပင်အတွက် အမျက် ထွက်ကောင်းသလော” လို့မေးတဲ့ မေးခွန်းတွေဟာ ယောနအနေနဲ့ မိမိကိုယ်မိမိပြန်လည်သုံးသပ်နိုင်ဖို့ ဘုရားကမေးခွန်း မေးနေတာလို့ နားလည်ရပါတယ်။

ဓမ္မရာဇဝင်တတိယစောင်၁၉:၉မှာဧလိယသင်သည်ဤအရပ်၌အဘယ်သို့ပြုလျက်နေသနည်းဟုမေးတော်မူ၏လို့ဖော်ပြထားတဲ့အချက်ကဧလိယသည်ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့ လမ်းလွဲနေတဲ့အတွက် ဒီမေးခွန်းနဲ့ ပြန်ပီးလမ်းတည့်ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။

ဟေရှာယ၆:၈မှာ“ငါသည်အဘယ်သူကိုစေလွှတ်ရမည်နည်း၊ ငါတို့အဘို့အဘယ်သူသွားမည်နည်း”ဆိုတဲ့မေးခွန်းကမသိလို့မေးတာမဟုတ်ပဲ Challengeသို့မဟုတ်ဘယ်သူvolunteerသွားမလဲလို့ပြောနေတာဖြစ်တယ်။ သခင်ခရစ်တော်လောကမှာရှိစဥ် သူ့ရဲ့အမှုတော်ဆောင်စဥ်က မေးခွန်းမေးခြင်းပုံစံလေးတွေနဲ့ မြဲသင်ကြားလေ့ရှိတယ်။

ဥပမာအားဖြင့်မာကု၈:၂၇မှာ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ဟုဆိုကြသနည်းလို့တပည့်တော်တွေကိုမေးပီးတော့ သူ့ရဲ့အကြောင်းကိုပြောပြတယ်။တစ်ခါတလေအရေးကြီးတဲ့ကိစ္စတွေကိုသူ့နောက်လိုက်တွေ အာရုံစိုက်လာအောင်မေးခွန်းတွေမေးပီး စိန်ခေါ်တတ်တယ်။

ဥပမာ လုကာ၁၀:၂၆ မှာ ပညတ်တိကျမ်းမှာဘာရေးထားသလဲ။ ကျမ်းစာကို ဘယ်လိုဖတ်သလဲ။ဆိုလိုတာက ကျမ်းစာသေချာမဖတ်ဖူးလားလို့ တိုက်ရိုက်မမေးဘူး။ ယောဟန်၅:၆မှာ သင်ကျန်းမာခြင်းသို့ရောက်လိုသလောတဲ့ လူနာကိုမေးတယ်။ဘယ်လူနာမဆိုကျန်းမာချင်တာပဲ မေးစရာမှမလိုတာ။ ဆိုလိုချင်တာက သူ့မေးခွန်းကကျန်းမာချင်တာလားနဲ့ ရပ်သွားတဲ့မေးခွန်းမျိုးမဟုတ်ဘူး၊ ငါပေးပျောက်နိုင်တယ်ဆိုတာမင်းယုံလားလို့  ဒဲ့မမေးပဲနဲ့ လူနာရဲ့ ယုံကြည်ချက်ကို စမ်းသပ်ခြင်းမျိုးဖြစ်ပါတယ်။

ခရစ်တော်ကလုကာ၂၀:၁၇မှာ ထိုကျောက်ကိုတည်လုပ်သောသူများပယ်ထားသော ကျောက်သည်နောက်တဖန်တိုက်ထောင့်အထွတ်ဖျားသို့ရောက်ပြန်၏ ဆိုတဲ့ကျမ်းစကားက ဘာကိုဆိုလိုတာလဲလို့မေးတယ်။ လုကာ၈:၄၅ကမေးတာကလည်းတကယ့်တော့သူဟာသူ့ရဲ့ဘုန်းတန်ခိုးထွက်သွားတာ သူသိလို့သာဖော်ပြလိုက်ခြင်းဖြစ်တယ်။ တစ်ယောက်ယောက်ကရည်ရွယ်ချက်ရှိရှိလာထိတယ်ဆိုတာကိုသိလိုက်လို့ပြောခြင်းဖြစ်ပါတယ်။ ယောဟန်၂၀:၁၅မှာ အချင်းမိန်းမအဘယ်​ကြောင့် ငိုကြွေးသနည်း။

နိဂုံး

ဘုရားကဖခင်တစ်ယောက်လိုပဲကျွန်တော်တို့ရဲပြသနာအားလုံးကိုသိတယ်။အဲဒီပြသနာထဲကနေအဖြေတစ်ခု၊ ဒါမမဟုတ် ပြောချင်တာလေးတစ်ခုရှိနေလို့Point out လုပ်တာဖြစ်တယ်။ ကျွန်တော်တို့ဖြစ်လာမယ့် အဖြေကိုသူမသိလို့ မဟုတ်ဘူး။ ကျွန်တော်တို့ကို ဒီပြသနာဟာ ဒီလိုရှိတယ်လို့ နိမိတ်ပြမေးခွန်းတွေပြပီး သိစေချင်လို့ပါ။

#AUNG MYINT MYAT

Leave a Reply

Your email address will not be published. Required fields are marked *