သမ္မာကျမ်းစာမှာကောင်းကင် ၃ဆင့်ရှိပါတယ်။
ပထမကောင်းကင်
ပထမကောင်းကင်ဆိုတာကတော့ကျွန်တော်တို့အခုလှမ်းမြင်နေရတဲ့မိုးမျက်နှာကျက်တွေနဲ့ဖွဲ့စည်းထားတဲ့ကောင်းကင်ဖြစ်ပါတယ်။ပထမကောင်းကင်ဟာသာမာန်လူတိုင်းမြင်ရတဲ့ကောင်းကင်ဖြစ်ပါတယ်။ပထမကေင်းကင်ရဲ့မိုးမျက်နှာကျက်အောက်ရေနဲ့ဖွဲ့စည်းထားသလိုမိုးမျက်နှာကျက်အထက်မှာလည်းရေနဲ့ပိုင်းခြားထားပါတယ်။
(ကမ္ဘာဦး ၁:၇-၈)
ဒုတိယကောင်းကင်
ယခုဖော်ပြမယ့်ဒုတိယကောင်းကင်ဆိုတာကကျွန်ုပ်တို့မျက်စိဖြင့်မြင်ရသောမိုးကောင်းကင်ကိုကျော်လွန်ပီးနေ၊လ၊ကြယ်စကြာဝဠာအဖွဲ့အစည်းရှိသောအဆင့်ဖြစ်ပါတယ်။ သာမန်လူအနေဖြင့်ရောက်ရန် မလွယ်သောနေရာဖြစ်ပါတယ်။
(ကမ္ဘာဦးကျမ်း၁:၁၄-၁၈)
တတိယကောင်းကင်
တတိယကောင်းကင်ဆိုတာနေ၊လ၊ကြယ်တို့ကိုလွန်၍ဘုရားသခင်ကိန်းဝပ်တော်မူရာအရပ်သို့တည်းမဟုတ်တမန်တော်ကြီးရှင်ပေါလုရူပါရုံမြင်ခဲ့သောနေရာဖြစ်တယ်။ (မသဲ၆:၉၊ ၂ကော၁၂:၂-၃)
ကောင်းကင်ဘုံအကြောင်းတွေကို ဖော်ပြနေရခြင်းရဲ့ ရည်ရွယ်ချက်ကတော့
ကောင်းကင်ဘုံဟာ စိတ်ကူးယဥ်ဘုံမဟုတ်ပဲ အမှန်တကယ်တည်ရှိတဲ့နေရာတခုဖြစ် တယ်ဆိုတာကိုသိစေချင်တာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့တည်ရှိရာ၊ ကိန်းဝပ်ရာဌာန
ဖြစ်တယ်။ (ယော၁၄:၂) သားတော်ဘုရားဆုတောင်းနေတဲ့အရပ်ဖြစ်တယ်။
(ဟေဗြဲ၄:၁၆၊ ၇:၂၅/ ၁ယော၂:၁)
သခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံတဲ့လူတိုင်းသွားရောက်ရမယ့်နေရာဖြစ်တယ်။ယုံကြည်သူတိုင်းရဲ့ပန်းတိုင်လည်းဖြစ်ပါတယ်။
(၁ပေ၁:၄)
#AUNG MYINT MYAT