ဒီအကြောင်းအရာလေးကတော့ခုတလောစာဖတ်ပရိသတ်တစ်ဦးရဲ့မေးခွန်းကိုဖြေပေးရင်း ရေးလိုက်တဲ့ပိုစ်လေးပါ။
သူ့ရဲ့မေးခွန်းကတော့ခရစ်ယန်သွန်သင်ချက်မှာသေပီးရင်ကောင်းကင်နိုင်ငံကိုရောက်မယ်လို့သူကနားလည်ထားပါတယ်။ ယောဟန်၅:၂၈-၂၉မှာတော့သင်္ချိုင်းများမှာ
ရှိတဲ့လူတွေသားတော်ရဲ့စကားသံကိုကြားပီးထွက်လာရမယ့်အချိန်ကာလရောက်လာ မယ်။ ကောင်းတဲ့အကျင့်ကို ကျင့်တဲ့လူက အသက်ရှင်ရာထမြောက်ခြင်း၊ ဆိုးယုတ်တဲ့
အကျင့်ကိုကျင့်တဲ့သူကအပြစ်စီရင်ရာထမြောက်ခြင်းရှိမယ်လို့ရေးထားပါတယ်။ဘယ်လိုကွာခြားသလဲပေါ့။ သူနားလည်ထားတာကယုံကြည်သူမှန်ရင်သေပီးရင်ကောင်းကင်နိုင်ငံ ရောက်မယ်ပေါ့ ခုကမဟုတ်တော့ဘူး။ နည်းနည်းကွာနေတယ်ပေါ့လေ။ ဘာကွာခြားသလဲပေါ့။
ရှင်းလင်းချက်
ပထမဆုံးသိထားရမှာကယုံကြည်သူတွေသေရင်ဘယ်ရောက်မလဲဆိုတာအရင်ရှင်းပါမယ်။ ဟေဗြဲ၉:၂၇အရ လူဟာတစ်ခါတည်းသေပီး ထို့နောက်မှ တရားစီရင်ခြင်း ကိုခံရသကဲ့သို့ ဆိုတဲ့ စကားရပ်ကိုရှင်းပါမယ်။ လူဟာထပ်ခါထပ်ခါမသေဘူး၊
တစ်ခါပဲသေတယ် ပြောချင်တာက သေပီးတော့ နောက်ထပ် ထပ်ခါထပ်ခါ ဖြစ်လိုက်
ပျက်လိုက်သံသရာလည်တဲ့ ဖြစ်စဥ်မရှိဘူး။ ဒါဆိုသဘောပေါက်မှာပါ။
အခုခရစ်တော်ကိုယုံကြည်တဲ့သူတွေဘယ်မှာလဲ
ဗျာဒိတ်၂:၇မှာပြောသလိုဘုရားသခင်ရဲ့ပရဒိသုဥယဥ်မှာရှိနေတဲ့အသက်ပင်ရဲ့အသီးကိုစားဖို့အခွင့်ရဖို့ပရဒိသုဘုံမှာရှိနေမယ်။ (ဒါမူလဧဒင်ဥယဥ်လို့လည်းဆိုကြတယ်)
လုကာ၂၃:၄၃မှာယေရှုကိုလက်ဝါးကားတိုင်မှာတင်ထားတဲ့အချိန်သူ့ဘေးနားက လက်ဝါးကားတိုင်မှာရှိနေတဲ့ လူဆိုးတစ်ယောက်ကိုပြောတဲ့စကားကိုသိကြမှာပါ။
ယေရှုကလည်းငါအမှန်ဆိုသည်ကားယနေ့တွင်သင်သည် ငါနှင့်အတူပရဒိသုဘုံ၌ရှိလိမ့်
မည်ဆိုပီးပြောခဲ့ပါတယ်။ တမန်တော်ရှင်ပေါလုလည်း ပရဒိသုဘုံကို အထက်ခန်းမှာရှိ
စဥ် ရူပါရုံရခဲ့ဖူးတယ်။ (၂ကော၁၂:၁-၄) ဒါကိုတတိယကောင်းကင်ဘုံလို့လည်းပြောကြ
တယ်။ ဒါကြောင့်ယုံကြည်သူတွေသေဆုံးသွားရင်ကောင်းကင်ဘုံရောက်တယ်လို့ပြော
ကြပါတယ်။ တစ်ခုသိထားရမှာကအဲဒီနေရာက ထာဝရကောင်းကင် ဘုံမဟုတ်သေး
ဘူး။ (ကောင်းကင်၃ခုအကြောင်းနောက်ပို့စ်မှာရေးပေးမယ်)
ဆက်ပြောရရင်ဒါဟာရှင်ပြန်ထမြောက်ခြင်းမရောက်ခင်ခဏစောင့်နေရတဲ့နေရာတစ်ခုဖြစ်တယ်။ ယုံကြည်သူတွေအတွက်ကတော့ပရဒိသုဘုံကစောင့်ရပီးတော့
အဲဒီနေရာကိုအာဗြဟံရင်ခွင်လို့လည်းခေါ်တယ်။ မယုံကြည်သူအတွက်တော့ မရဏာ
နိုင်ငံဆိုတဲ့ နေရာကနေစောင့်ရတယ်။ အဲဒီ၂နေရာစလုံးကိုပေါင်းပီး ဓမ္မဟောင်းမှာတော့
sheol ရှီရိုး လို့ခေါ်ကြတယ်။ (ဆာလံ၁၈း၅/ ဆာလံ ၁၁၆း၃) ဓမ္မသစ်မှာတော့ Hades
ဟိတ်စ်လို့ခေါ်တယ်။ (မသဲ၁၁:၂၃)
အဲဒီတစ်နေရာထဲမှာပဲ ယုံကြည်သူရော ၊မယုံကြည်သူရော လူ့ဘဝကနေ
အဆုံးသတ်တဲ့နေရာတခုဖြစ်တယ်။ သို့သော်ယုံကြည်သူနဲ့မယုံကြည်သူကြားထဲမှာ
ထာဝရဆုံဆည်းလို့မရနိုင်တဲ့ချောက်နက်ကြီးနဲ့ပိုင်းထားတယ်။
(လုကာ ၁၆း၂၆)
ယောဟန် ၅:၂၉ မှာရှင်ပြန်ထမြောက်ခြင်းနှစ်ခုရှိပါတယ်။ ပထမရှင်
ပြန်ထမြောက်ခြင်းကယုံကြည်သူတွေရဲ့ ရှင်ပြန်ထမြောက်ခြင်းပါ။ အဲဒီပထမရှင်ပြန်
ထမြောက်ခြင်းမှာယုံကြည်သူတွနဲ့ခရစ်တော်ရဲ့တရားစီရင်ခြင်းပါ။ယောဟန်၅:၂၈-၂၉ မှာပြောတဲ့ကိစ္စကအဲဒီအကြောင်းအရာကိုပြောတာပါ။ ၂ကော၅:၁၀မှာလည်းအဲဒါကို
ထပ်ညွှန်းပါတယ်။ ကိုယ်ခန္ဓာ၌ကျင့်သော့အကျင့်၊ကောင်းမကောင်း ရှိသည်အတိုင်း
အကျိုးအပြစ်ကိုအသီးသီးခံဖို့ခရစ်တော်ရဲ့ပလ္လင်တော်ရှေ့မှာရပ်ကြရမှာပါ။ (ရောမ၁၄:၁၀)။
အဲဒါယုံကြည်သူသီးသန့်ပါ။ငရဲပို့ဖို့မဟုတ်ပါဘူး။ လောကမှာအသက်ရှင်စဥ်
ဘုန်းတော်ထင်ရှားအောင်အသက်ရှင်သူနဲ့အသက်မရှင်သူတွေကိုဆုပေးဒါဏ်ပေးလုပ်တဲ့ပွဲပါ။ အားလုံးကတော့ကယ်တင်ခြင်းရပြီးသူတွေပါ။ ငရဲတစ်ယောက်မှမကျဘူး။
ယေရှုခရစ်တော်နဲ့ယုံကြည်သူပွဲပြီးတာနဲ့ဒုတိယရှင်ပြန်ထမြောက်ခြင်းမှာမယုံကြည်သူတွေရဲ့ရှင်ပြန်ထမြောက်ခြင်းပါ။(ဗျာဒိတ်၂၀:၁၁-၁၅)စာစောင်တွေဖွင့်ထားတယ်။
အဲဒါအပြင်အသက်စာစောင်ကိုလည်းဖွင့်ထားသေးတယ်။အားလုံးကိုစီစစ် မယ်။အသက်စာစောင်မှာစာရင်းမဝင်သူအားလုံးကိုမရဏာနဲ့မရဏာနိုင်ငံမှာ စုထား
တဲ့လူအားလုံးကိုပလ္လင်ဖြူမှာခုံရုံးတင်ပီးထာဝရမီးအိုင်ထဲကိုချပစ်လိုက်မယ်။ အချုပ်
ပြောရရင်ပရဒိသုဘုံကလူတွေကတော့ထာဝရကောင်းကင်ဘုံကိုသွားပီပေါ့။ ဆုပေး
ဒါဏ်ပေးတော့ရှိတယ်နော်။ အဲဒါတော့မမေ့နဲ့ အဲ့ဒီလိုမှမဟုတ်ရင်လောကမှာနေစဥ်
ခရစ်တော်အတွက်ဆင်းရဲဒုက္ခခံသူအတွက် ဘယ်တရားပါ့မလဲဗျာ
#AUNG MYINT MYAT