ယုံကြည်သူတစ်ယောက်ဖြစ်လာရင် နှစ်ခြင်းမင်္ဂလာ(သို့)ဗတ္တဇံမင်္ဂလာ ခံယူ ခြင်းကို ပြုလုပ်ရတယ်။ ဒါဟာမဖြစ်မနေ လိုအပ်သလား။ ဘာကြောင့် နှစ်ခြင်းမင်္ဂလာ ခံယူဖို့ အရေးကြီးသလဲ။ ကနဦးအသင်းတော်များရဲ့ အစမှာပဲ ဗတ္တိဇံခံယူခြင်း ဟာ ယုံကြည်ခြင်းရဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်ခဲ့တယ်။ (တမန်တော် ၂:၃၈၊ ၄၁။ ၈:၁၂၊ ၃၈)
ယုံကြည်သူတစ်ယောက်ဟာ အတွင်းနှလုံးသားထဲက ပြောင်းလဲလာတာကို ရေထဲမှာ နစ်မြုပ်ခြင်းနဲ့အပြင်မှာ ပုံဆောင်တာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေ ဟာ ခရစ်တော်နဲ့အတူ နစ်မြုပ်သဂြိုလ်ခံပြီး ရေထဲကနေပြန်ထလာချိန်မှာ ဇာတိလူ အဖြစ်ကနေပြောင်းလဲပြီး ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းနဲ့အတူ ကျွန်တော်တို့ဟာခရစ်တော်နဲ့အတူအသက်ရှင်ပြီဆိုတဲ့ ပုံဆောင်ချက်ဖြစ်တယ်။ (၂ကော ၅:၁၇)
ကယ်တင်ခြင်းအတွက် နှစ်ခြင်းခံရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော် တို့ဟာ ခရစ်တော်နဲ့အတူ အသက်ရှင်သောသူဖြစ်ပြီ အသစ်ပြုပြင်ခံရသူ ဖြစ်ကြောင်း ကို လူရှေ့ဘုရားရှေ့မှာ သစ္စာဂတိပြု တရားဝင်ဖြစ်ခြင်းရဲ့ သဘောကို ပုံဆောင်လိုက် တာ ဖြစ်တယ်။
အိမ်ထောင်ပြုတယ်ဆိုတာ ယောင်္ကျားနဲ့မိန်းမအတူ ပေါင်းသင်း နေထိုင်ရုံနဲ့ တရားဝင်လင်မယား လို့ ပြောလို့မရပါဘူး။ လက်ထပ်မင်္ဂလာပြုပီးမှသာ တရားဝင်ဖြစ်ခြင်း သဘောဆောင်ပါတယ်။လက်မထပ်ပဲလင်မယားဖြစ်လို့မရဘူးလားလို့ မေးစရာရှိ ပါတယ်။ လောကမှာတော့အများကြီးပါ။ ဒီလူဟာငါ့အမျိုးသား၊ ငါ့ရဲ့အမျိုးသမီးဖြစ်ပါ တယ်လို့ Public မှာ မပြောရဲတဲ့အခြေအနေ၊ မပြောနိုင်တဲ့ အခြေအနေတွေ မှာတော့ နားလည်မှုနဲ့ သွားကြတာမျိုးပေါ့။ လက်ထပ်တယ်ဆိုတာတစ်ဦးကိုတစ်ဦးတန်ဖိုးထား ခြင်း၊ လေးစားခြင်း၊ အပြန်အလှန်တာဝန်ယူခြင်း ဖြစ်ကြောင်း လူရှေ့ဘုရားရှေ့မှာ တိုင်တည် သစ္စာပြုသလို နှစ်ခြင်းမင်္ဂလာ ခံယူခြင်းဟာ ဝိညဥ်ခန္ဓာမင်္ဂလာဆောင်ခြင်း ဖြစ်တယ်။ လူရှေ့ဘုရားရှေ့မှာ ကိုယ်ဟာဘုရားကို ဘယ်လောက်တန်ဖိုးထားကြောင်း ကို ပြသရတဲ့နေ့ ဖြစ်တယ်။ ဗတ္တိဇံခံယူခြင်းဟာ ထိုသခင်နဲ့အတူ သဂြိုလ်ခြင်းခံရပြီး ဝိညဥ်ပေါင်းဖို့ဆိုရင် ဇာတိသေမှ ဖြစ်မှာမို့ ကျွန်တော်တို့ရဲ့ အတိတ်ကဇတ်လမ်းတွေကိုပြည်ဖုံးကားချပြီး ဘဝသစ်ထဲကိုဝင်စားခြင်းဖြစ်တယ်။
အိမ်ထောင်ပြုတယ်ဆိုတာ ဘဝသစ်ကိုတည်ထောင်တာ ဖြစ်သလို ဗတ္တိဇံ ခံ ယူခြင်းဟာ အဲဒီသဘောတရားပါပဲ။ (ကောလောသဲ ၂:၁၂-၁၃) (ရောမ ၆ ၃:၃-၄) ဗတ္တိဇံ ခံယူခြင်းဟာ ဘယ်လောက်အရေးကြီးသလဲ။ ဘယ်သူတွေအတွက် အရေးကြီးသလဲ ဆိုရင် လူမျိုးတကာအတွက်ကို အရေးကြီးပါတယ်။ လူတိုင်းအတွက်ဘုရားရဲ့ အကြံ အစည်တစ်ခု ဖြစ်တယ်။ (မသဲ ၂၈:၁၉) ဗတ္တိဇံမင်္ဂလာဟာ ကျွန်တော်တို့ကို ရွေးနှုတ် ကယ်တင်သူရဲ့ ကယ်တင်ခြင်းကိုနာခံခြင်းအဖြစ် ပုံဖော်ခြင်းဖြစ်တယ်။ ဒီနေရာမှာ ကပ်သီးကပ်သပ်မေးစရာတစ်ခု ရှိတယ်။ ယေရှုခရစ်တော်ကိုယ်တိုင်ကရော ဗတ္တိဇံခံ တာက ဘာအတွက်လဲ၊ဘယ်သူ့ကိုဝန်ခံတာလဲပေါ့။
ယေရှုခရစ်တော်ဟာ လူ့ဇာတိကိုခံယူတဲ့အခါမှာ ယဥ်ကျေးမှုဘာသာရေး ဝတ်ဆို တဲ့ Cultural frame, ritual, and religious frame ထဲကနေ အသက်ရှင်သွား တဲ့အတွက် ဒီအချက်ဟာ သူလူသားဖြစ်ခြင်းကို ပုံဆောင်ခြင်းဖြစ်တယ်။ ဒီနေရာမှာ မရော ထွေးစေချင်တာက လူသားဆိုတော့ အပြစ်သားဖြစ်သွားလို့ နှစ်ခြင်းခံရတယ်ဆို
တဲ့ ယူဆချက်မဟုတ်ပါ။ Cultural frame ထဲမှာ incarnation သဘောကိုပုံဖော်တာ ဖြစ်ပါတယ်။ လူ့ယဥ်ကျေးမှုတခုထဲမှာ လူ့ဇာတိခံယူခြင်းကို ပြသရုံမကသူဟာအထက် က စေလွှတ်ခြင်းခံရတဲ့ဘုရားရဲ့ သားတော်မေရှိယဖြစ်ပါတယ်လို့ တရားဝင်လူရှေ့မှာ ဘုရားက အတည်ပြုပေးလိုက်ခြင်း ဖြစ်တယ်။ (မသဲ ၃:၁၆)
ရှင်းအောင်ပြောရရင် ကျွန်တော်တို့ရဲ့အပြစ်တွေကို လူ့ဇာတိခံယူခဲ့တဲ့ယေရှု ခရစ်ရဲ့ ခန္ဓာကိုယ်ထဲထည့်ပေးလိုက်ပြီး လက်ဝါးကားတိုင်မှာ အပီးစာရင်းရှင်းပစ် လိုက် တယ်။ ခရစ်တော်ရှင်ပြန်ထမြောက် လာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ဝိညဥ်တွေဟာ ခရစ်တော်ထဲမှာအသက်ရှင်ပြီး အသက်စာစောင်ထဲကို ရောက်ရှိသွားပြီဖြစ်ကြောင်း ဗတ္တိဇံမင်္ဂလာအားဖြင့် ယုံကြည်သူအချင်းချင်းကို ကြေငြာပေးလိုက်တာဖြစ်တယ်။ (ရောမ ၆:၅-၇) တစ်နည်းအားဖြင့် ခရစ်တော်ရဲ့ ကိုယ်ခန္ဓာထဲမှာ အင်္ဂါအစိတ်အပိုင်း တစ်ခု အဖြစ်ပါဝင်ရပြီဖြစ်တယ်။ ခရစ်တော်ရဲ့အင်္ဂါဝင်ထဲမှာ တစ်လုံးတစ်ဝတည်း ဖြစ်တည်ခြင်းကို ဖော်ပြတယ်။(၁ကော ၁၂:၁၂-၁၃၊ ဂလာတိ ၃:၂၆-၂၇)
အချုပ်အားဖြင့်ဗတ္တိဇံဆိုတာ ကိုယ်ကာယအညစ်အကြေးဆေးကြောခြင်းကို ဆိုလိုတာမဟုတ်ပဲ ကိုယ်ကိုကိုသိသောစိတ် ကြည်လင်ပြီး ဘုရားရှေ့မှာဝန်ခံခြင်း ဖြစ် တယ်။ (ကိုယ်ကိုကိုသိသောစိတ် ကြည်လင်တယ်ဆိုတာ ဘာဖိအားပေးမှု၊ အတင်း အကြပ်တိုက်တွန်းမှု၊ အပေးအယူလုပ်မှု အခြားပရောဂတွေမပါ) (၁ပေ ၃:၂၁)
Photo# Google Image