ရင့်ကျက်တဲ့အသက်တာတွေဖြစ်လာဖို့ဆိုရင်

ကျန်ခဲ့တဲ့ပိုစ်စ် မှာ ကျွန်တော်ပြောခဲ့သလိုပဲ မြန်မာပြည်မှာ ရှိနေသော ခရစ် ယာန် တွေရဲ့အတွေးအခေါ်နဲ့ ခံယူချက်တွေဟာ Dogma လို့ခေါ်တဲ့ ပြန်လည်မွန်းမံ သွန်သင်ချက်ကိုပဲ လှေနံဒါးထစ်အပြောင်းအလဲမရှိအတိအကျလိုက်နာတတ်တဲ့ပုံစံမျိုး တွေပေါ့။  ဥပမာအားဖြင့်ရှေးလူကြီးတွေနဲ့ ရှေးရိုးစွဲခရစ်ယန်တွေလက်ရှိအ​ချိန်ထိသုံးစွဲ နေကြသေးတဲ့ အရာလေးတွေပြောပြချင်တယ်။

တနင်္ဂနွေနေ့ စျေးမဝယ်ရဘူး။ တနင်္ဂနွေနေ့မှာ ခရီးမသွားရဘူး။ တနင်္ဂနွေနေ့ မှာ မဆဲရဘူး၊မကောင်းမပြောရဘူး။ကျန်တဲ့နေ့တွေမှာဆဲမိပြောမိရင်တောင်နည်းနည်းစိတ်ချမ်းသာသွားသေးတယ်။ တနင်္ဂနွေနေ့မဟုတ်လို့။ တစ်ဖက်မှာ ကျွန်တော်တို့ဟာ တနင်္ဂနွေနေ့ မဟုတ်ရင် လွတ်လွတ်လပ်လပ် ကိုယ်ကြိုက်တာလုပ်လို့ရတယ် ဆိုတဲ့ သဘောအဓိပ္ပါယ်မျိုးထွက်တယ်။ကျွန်တော်တို့မလေ့လာမစူးစမ်းပဲ၊ဘာဖြစ်လို့ အဲဒီလိုလိုက်နာခဲ့ကြသလဲ။ ဘာကြောင့် တနင်္ဂနွေနေ့မှာဒါတွေမလုပ်ခိုင်းတာလဲ။ တကယ် ချိုးဖောက်မိရင်ရော ဘာတွေဖြစ်လာနိုင်သလဲ။ သမိုင်းနောက်ခံတော့အမျိုးမျိုးရှိနိုင် ပါတယ်။ တကယ်ရောဘုရားက ကျွန်တော်တို့ကို အဲဒီလိုလုပ်တာဟာ ဘာသာရေး ကိုင်းရှိုင်းတယ်၊ မိမိအသက်တာကိုဆက်ကပ်လိုက်တယ်လို့ အသိမှတ်ပြုသလား။

တနင်္ဂနွေနေ့ကို သန့်ရှင်းသောဥပုဒ်တော်နေ့မြတ်ဆိုပြီး ဆုတောင်းနေတာတွေ ကို ကြည့်လိုက်ရင်ကျွန်တော်တို့ ရဲ့လှေနံဒါးထစ်လုပ်ဆောင်မှုတွေကိုဖော်ပြနေတယ်။ ယေရှုခရစ်တော်ရဲ့ ဥပုဒ်နေ့ကိုအဓိပ္ပယ်ဖွင့်မှုလေးတွေကို ပြန်ကြည့်ရင် ကယ်တင်ခြင်း ဟာ အကျင့်တရားနဲ့အားထုတ်မှုအပေါ်မှာ အခြေမခံထားတာတွေ့ရတယ်။

(မာကု ၂:၂၃-၂၇၊ မာကု ၃:၁-၆၊ မသဲ ၁၂:၄-၁၂)

တကယ်တော့တနင်္ဂနွေနေ့မှ မဟုတ်ဘူးနေ့ရက်တိုင်းဟာ ဘုရားစီရင်ရာနေ့ ဖြစ်လို့ ဘုရားအလိုတော်ဘုရားနှစ်သက်တဲ့အသက်ရှင်မှုနဲ့ အသက်ရှင်ရမှာ မဟုတ် ဘူးလား။ အဲ့ဒီလိုအသက်ရှင်မှုမျိုးကို ခရစ်တော်ကပညတ်တော်ကို လိုက်နာတဲ့ပုံစံနဲ့ မဟုတ်ပဲ Life style ဖြစ်စေချင်တာ။ (မသဲ ၁၆:၂၄၊ မသဲ ၂၂:၃၇-၃၉၊ ရောမ ၃:၁၀-၁၈)

အဲဒီလိုဖြစ်နေဖို့လည်း​ တစ်ချိန်လုံးပြောနေခဲ့တာ။

မနက်မိုးလင်းလာရင် မျက်နှာသစ်ပြီးသွားတိုက်တာ ပညတ်ချက် မဟုတ်ဘူး Lifestyle ဖြစ်တယ်။ မိုးလင်းလာရင် မျက်နှာသစ်ရမယ်သွားတိုက်ရမယ်လို့ ပညတ် ထား လို့ လုပ်နေတယ်ဆိုရင် အဲဒီပညတ်မရှိတော့ရင်လုပ်တော့မှာမဟုတ်တော့ဘူး။ ဒါ ဥပမာတစ်ခုလောက်ပဲ မြင်သာအောင်ပြောပြတာ အလားသဏ္ဍန်တူတဲ့ အရာတွေ အများကြီး ရှိသေးတယ်။ (ပွဲတော်စားခြင်းကို အပြစ်လွတ်ခြင်းလို့ ထင်နေတာတွေ၊ ခရစ်စ္စမတ်စ်ဆိုတာ ဒီဇင်ဘာ ၂၅ ရက်နေ့မှာကျင်းပမှ ပိုထိရောက်တာတို့ စသဖြင့်ပေါ့။)  ကျွန်တော်တို့ယုံကြည်သူများက ဝတ်ပြုကိုးကွယ်ခြင်း၊ချီးမွမ်းခြင်း၊ပေးလှူခြင်းမှ အစ လုပ်ဆောင်မှုတွေကို activity တစ်ခု အစီစဥ်တစ်ခု၊ movementတစ်ခု အဆင့်ကနေ ကျော်လွန်ပြီး lifestyle ထဲရောက်တဲ့အထိ ပျော်ဝင်သွားနိုင်အောင် လုပ်ဆောင်ဖို့ အားနည်း နေသေးတာပါ။

နိဂုံးချုပ်ရရင်

ကျမ်းစာသင်တန်းပဲ သွားတက်တက်၊ ဘုရားကျောင်းမှာပဲ တရားနာနာ ကြား လိုက်ရတဲ့ တရားဟောချက်ဟာ မိမိအတွက် ဘာသင်ခန်းစာဖြစ်စေသလဲ ဆိုတာရယ်၊ ဒီအချက်တွေမှာ ကျမ်းစာထဲကလူပုဂ္ဂိုလ်တွေ ဘယ်လို အသက်ရှင်သွားသလဲ။ အဲဒီ အချက်ကို ကျမ်းရေးဆရာကတကယ်ပြောခဲ့သလားပြန်လေ့လာပါ။ မရှင်းလင်းရင် မေးပါ။ တရားဟောသာသူများနဲ့ ကျမ်းစာသင်ကြားသူတွေအနေနဲ့လည်း ကိုယ်ယူပြီး တရားဟောတဲ့ Text ရဲ့ ဆိုလိုရင်းနဲ့ နောက်ခံသမိုင်းကို လေ့လာဖို့ လိုပါ မယ်။ ကိုယ် သင်မယ့်ကျမ်းစာနဲ့ ပတ်သက်တဲ့အယူအဆတွေရဲ့ ခိုင်မာမှုကို ရှာဖွေဖို့လိုမယ်။ အဲ့ဒီ အချက်တွေကို ကိုယ့်ပရိသတ်တွေရဲ့ နားလည်နိုင်မှုအခြေအနေနဲ့ချိန်ထိုးပြီး ဖော်ပြဖို့ လိုပါတယ်။ ဒီလိုသာစနစ်တကျ ဖြစ်လာခဲ့ရင် သူများယောင် တိုင်းမယောင်တော့ဘူး။ သေချာ လေ့လာမယ်။ ကျင့်သုံးမယ်။ အသက်တာကိုတည်ဆောက်သွားကြ လိမ့်မယ် လို့ သုံးသပ် မိတယ်။

မှတ်ချက် ဘုရားနဲ့စကားမပြောခင် မသဲ ၅:၂၃-၂၄ ကို ဖတ်လိုက်ပါအုံး။ စဥ်းစား ကြည့်ပါအုံး ဆင်ခြင်ကြည့်ပါအုံး။

#AUNG MYINT MYAT

 

Leave a Reply

Your email address will not be published. Required fields are marked *