ခရစ်ယာန်များနဲ့ ဓမ္မဟောင်းကျမ်းရှိပညတ်တော်တွေရဲ့ဆက်စပ်မှုကို နားလည် သဘောပေါက်ဖို့ အရေးကြီးပါတယ်။ ဓမ္မဟောင်းပါပညတ်ချက်များသည် ဘုရားသခင် မှ က္ကုသရေလလူမျိုးတော်အတွက်လိုက်လျှောက်ရန် မောရှေမှတစ်ဆင့်ပေးခဲ့ခြင်း ဖြစ်တယ်။ ခရစ်ယာန်များအတွက် ရည်ရွယ်ပြီး ပေးခဲ့ခြင်း မဟုတ်ပါ။ က္ကုသရေလ လူမျိုးများ မည်ကဲ့သို့ဝတ်ပြုကိုးကွယ်ရမည်၊ မည်ကဲ့သို့အပြစ်ဖြေရမည်၊ မည်ကဲ့သို့ ယဇ်ပူဇော်ရမယ် ဆိုတဲ့ ဥပဒေများကိုပြဌန်းပေးခဲ့တယ်။
ယနေ့ခရစ်ယာန်ဖြစ်လာခဲ့ရင် အဲဒီဥပဒေတွေကိုလိုက်လျှောက်ရမယ်ဆိုတဲ့ ပြဌန်းချက်မရှိသလို၊ အဲဒီဥပဒေဟာတပါး အမျိုးသားတွေအတွက်အကျုံးမဝင်ကြောင်းတွေ့ရတယ်။ ရောမ ၁၀း၄မှာ ယုံကြည်သောသူတို့သည်ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်း၊ ပညတ်တရားသည်ခရစ်တော်အားဖြင့်စုံလင်ခြင်းရှိ၏ လို့ဖော်ပြထားတယ်။
ဂလာတိ၃း၂၃-၂၅ မှာ “ပညတ်တောဟာခရစ်တော်ရောက်မလာခင်အထိအထိန်းအဖြစ်ရှိနေပြီး ခရစ်တော်အားဖြင့်ပညတ်တော်အထိန်းအောက်ကနေလွတ်မြောက်ပြီး ယုံကြည်ခြင်းနဲ့ကျေးဇူးတရားက ကျွန်တော်တို့ကိုဆက်လက်လမ်းပြသွားသွားတာဖြစ်တယ်။ ဧဖက်၂း၁၅-၁၆ ကိုဖတ်ပါ။ ပညတ်တရားဟာဘုရားနဲ့လူကြားမှာရှိတဲ့ ရန်ငြှိုးဖွဲ့ခြင်းအဖုအထစ်ကို ပညတ်တော်လိုက်လျှောက်ခြင်းနည်းလမ်းနဲ့ဖြေရှင်းလာခဲ့ရာကနေ ခရစ်တော်အားဖြင့်ပိုင်းခြားလျက်ရှိတဲ့ တံတိုင်းကိုဖြိုဖျက်ပေးခဲ့တယ်။ ဘုရားနဲ့လူကြားမှာ ယေရှုခရစ်တောအားဖြင့် ငြိမ်းချမ်းရေးရသွားတယ်။
ခရစ်ယန်တို့လိုက်လျှောက်ရမယ့်ပညတ်
ဓမ္မဟောင်းရဲ့ပညတ်တော်များ နေရာမှာ ခရစ်တော်ရဲ့တရားကို ကျွန်တော်တို့ လိုက်လျှောက်ဖို့ ဖြစ်လာတယ်။ ဂလာတိ ၆:၁-၂၊ မသဲ ၂၂:၃၇-၄၀ မှာကျင့်ဆောင်ရမယ့် အချက် ၂ ချက်ပဲရှိတယ်ဆိုပေမဲ့ ပညတ်ချက်တွေအားလုံး အားလုံး ရဲ့အချုပ်ဖြစ်တယ်။ တကယ်တော့ ပုံစံပြောင်းလိုက်တာ။ version ပြောင်းတာကလွဲရင် အနှစ်သာရ နဲ့ သဘော တရားခြင်းက အတူတူပဲ။ သို့သော်ဒီပညတ်က ကြောက်တဲ့စိတ်နဲ့ လိုက် လျှောက်နေခြင်းထက် ဘုရားကိုချစ်တဲ့စိတ်နဲ့ လိုက်လျှောက်ဖို့ ဖြစ်တယ်။ ဒါလေးတွေ တော့ကွာသွားတယ်။
ဓမ္မဟောင်းကျမ်းမှာ ရှိတဲ့ပညတ်တော်တွေကအခုခေတ်မှာ လုံးဝအကျုံးမဝင် ဘောင်မဝင်တော့ဘူးလို့ ဆိုလိုတာမဟုတ်ပဲနဲ့ အသွင်ပြောင်းလိုက်တဲ့ ပုံစံလေးတွေ ဖြစ်တယ်။ ပညတ်ချက်တွေထဲမှာရှိနေတဲ့သွန်သင်ချက်တွေက ခရစ်တော်ရဲ့အသက်ရှင် မှုထဲမှာတွေ့နေရတယ်။ ၁ယော ၅:၂-၃
#AUNG MYINT MYAT