ဆယ်ဖို့တစ်ဖို့ကိုဘယ်လိုနားလည်သလဲ

ဆယ်ဖို့တစ်ဖို့Tithesဆိုတဲ့အရာကိုဓမ္မဟောင်းကျမ်းမှာအထူးသဖြင့်မောရှေရဲ့ပညတ်တိကျမ်းမှာက္ကုသရေလ လူမျိုးတွေအတွက်လိုက်လျှောက်ရမယ့်ဥပဒေတစ်ရပ်အဖြစ်ပါဝင်တယ်။

(ဝတ်ပြုရာကျမ်း ၂၇:၃၀-၃၄၊ တောလည်ရာ၁၈:၂၆) ကိုဖတ်ပါ။

တရားဟောရာကျမ်း၁၄:၂၄-၂၉၊ ရာဇဝင်ချုပ်၃၁:၅-၆

ဓမ္မသစ်ကျမ်းမှာခရစ်ယန်များ ဆယ်ဘို့တစ်ဘို့ နှင့်စပ်လျဥ်းပီးမဖြစ်မနေ လိုက်လျှောက်ရမယ့်ဥပဒေပြဌန်းမှုတစ်ခုပုံစံမျိုးမတွေ့ရဘူး။ သို့သော်ဥပဒေတရပ်မဟုတ်ပေမဲ့ဒီသွန်သင်မှုကို အသင်းတော်နဲ့ သာသနာ့လုပ်ငန်းအကျိုးအတွက်ဆက်လက်ကျင့်သုံးခဲ့တယ်လို့ ၁ကော၁၆:၁-၂ကိုကြည့်ပီးသုံးသပ်နိုင်တယ်။ တကယ်တော့ဝတ်ပြုရာကျမ်း၂၇:၃၀ ညွှန်းဆိုတဲ့သဘောမှာ မြေကြီးနဲ့တကွမြေကြီးက ထွက်တဲ့အသီးအနှံရှိသမျှဟာ ဘုရားသခင်ကပိုင်ဆိုင်ကြောင်းကိုလူမျိုးတော်ကိုသိစေချင်တယ်။ အဲဒီကျေးဇူးကိုသိတတ်စေဖို့ ဆယ်ဖို့တစ်ဖို့ကိုဘုရားအတွက်သီးသန့်ခွဲထားရတဲ့သဘောဖြစ်ပါတယ်။

ဒီနေရာမှာအဦးတည်းသောအသီးဆိုတဲ့စကားလုံးလေးလည်းပါလာတယ်။ဆိုလိုချင်တာကငွေကြေးပိုက်ဆံ ပဲဖြစ်ဖြစ်အသီးအနှံပဲဖြစ်ဖြစ်ဘာတစ်ခုမှစမထိ ရသေးခင်မသုံးရသေးခင်၊မစားရသေးခင် ဆယ်စုတစ်စုဟာဘုရားနဲ့ဆိုင်တဲ့အတွက် “ထာဝရဘုရား၏ဘဏ္ဍာတော်ဖြစ်၏၊ ထာဝရဘုရားအဘို့သန့်ရှင်းရမည်”လို့ဖော်ပြတယ်။ မူရင်းဟေဗြဲစကားလုံးက အဲဒီလို קֹ֖דֶשׁ အဓိပ္ပယ်ကအထွတ်အမြတ်ထားခိုင်းတဲ့သဘောဘယ်အရာမှမသုံးသေးခင်ဦးဦးဖျားဖျားသီးသန့်ထားတဲ့သဘောအထိမခံတဲ့သဘောမျိုးကိုဆိုလိုတယ်။ အဲဒီလိုလုပ်ရမယ့်တာဝန်ကလူမျိုးတော်ရဲ့တာဝန်ဖြစ်တယ်။သို့သော်သခင်ခရစ်တော်ဟာ လက်ဝါးကားတိုင်မှာပေးဆပ်ရွေးနှုတ်ခြင်းဖြင့် ဒီတောင်းဆိုချက် ကိုဖြည့်ဆည်း ပေးခဲ့တယ်။ ၁ကော၁၅:၂၀ မှာကြည့်ပါ။ ခရစ်တော်ဟာအဦးသီးဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။

ဆယ်ဖို့တစ်ဖို့ပေးရခြင်း၏ရည်ရွယ်ချက်

ဆယ်ဖို့တစ်ဖို့သည်အလှူငွေသို့မဟုတ်သဒါကြေးလည်းမဟုတ်ပါ။လောကမှာကျွန်တော်တို့သုံးနေတဲ့ လျှပ်စစ်မီးတွေ၊ ရေတွေကိုတောင် ကျွန်တော်တို့ကအခွန်ဆောင်ရသေးတာပဲ။ ဘုရားကပေးထားတဲ့သဘာဝတရားထဲကအလင်းရောင်တွေ၊ အခမဲ့ရှူရှိုက်နေရတဲ့လေတွေ၊ ကောင်းမွန်စွာအသက်ရှင်နေရတဲ့ဘဝတွေအတွက်ရော၊ ဘုရားကိုကိုယ်ကဘယ်လောက်သစ္စာရှိသလဲဆိုတဲ့ယုံကြည်ခြင်းအတိုင်းအတာကိုပြသရာ ရောက်ပါတယ်။ ယုံကြည်သူခရစ်ယန်များအနေနဲ့ဥပဒေထုတ်ပီးမပေးမနေရဆိုတာမျိုးလည်းမရှိသလိုမပေးရင်ဘယ်လိုကောင်းကြီးတွေဆုံးရှုံးမယ်ဆိုတဲ့ချိန်းခြောက်ပြောဆိုမှုလည်းကျမ်းစာကမသွန်သင်ဘူး။

သို့သော်ကိုယ်ဟာဘုရားရဲ့ကျေးဇူး၊ ခရစ်တော်ရဲ့ရွေးနှုတ်ခြင်းကျေးဇူးကိုဘယ်လောက်နားလည်ပီးဘုရားကိုချစ်သလဲ၊ဘယ်လောက်ဘုရားရဲ့ ချစ်ခြင်းကိုခံစားပီးတုန့်ပြန်သလဲကတော့ဘုရားနဲ့ ကိုယ့်ယုံကြည်မှုအသက်တာနဲ့ရင်းပီးတည်ဆောက်နေရတဲ့အရာပဲလို့ နားရှင်းအောင်ပြောပါရစေ။

နိဂုံး

တကယ်တော့ ဆယ်ဖို့ကိုးဖို့ထဲကပေးရင်ဘာဖြစ်သလဲလို့မေးစရာရှိတယ်။ကိုးဖို့ကတော့ဘုရားကမပိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါ။ ဆယ်ဖို့ကိုးဖို့ထဲကအခြားသောအရာတွေလိုအပ်နေသူတွေ၊အငယ်ဆုံးသောသူတွေကိုကူညီနိုင်ပါတယ်။သမ္မကျမ်းနောက်ခံသမိုင်းအရ ဆယ်ဖို့တစ်ဖို့ကိုက္ကုသရေလအနွယ် ၁၂နွယ်ထဲကလေဝိလူတွေကိုပေးဖို့ ဘုရားကလျာထားထားတယ်ဆိုတာတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့လေဝိလူတွေက တဲတော်နဲ့ဆိုင်တဲ့အလုပ်(ဘုရားကျောင်းအလုပ်) ဘုရားနဲ့ဆိုင်တဲ့အလုပ်တွေလုပ်ဖို့လူဖြစ်နေရတာလို့ပြောရမယ်။ တခြားဝင်ငွေရမယ့် အလုပ်လုပ်ခွင့်မရှိဘူး၊ လုပ်ဖို့လည်းဘုရားကမပြောဘူး။ဒါကြောင့်ကျန်တဲ့က္ကုသရေလအနွယ်တွေကဆယ်ဖို့တစ်ဖို့ပေးထားပီးသူတို့ကတော့ဒီခေတ်စကားနဲ့ ဖလှယ်ရရင်ဝိညဥ်လုပ်ငန်းတွေလုပ်မယ်၊ဝိညဥ်ခွန်အားတွေပေးမယ်။ဘုရားကျောင်းရဲ့လိုအပ်တာတွေမှာသူတို့လုပ်အားနဲ့လုပ်ဆောင်ရမယ်စတဲ့အချက်တွေပေါ့လေ။

တကယ်တော့ဆယ်ဖို့တစ်ဖို့လို့ဆိုရာမှာငွေကြေးတစ်ခုတည်း​ကိုရည်ရွယ်ခြင်း မဟုတ်ပဲကျွန်တော်တို့ရဲ့ စွမ်းအင်အရင်းအမြစ်၊အချိန်အရင်းအမြစ်စတဲ့အရင်းမြစ်များထဲကနေ သီးသန့်ဘုရားအတွက် ဖယ်ထုတ်ပေးခြင်းဟာ ဘုရားနဲ့ကိုယ့်ရဲ့ Intimate Relationship လို့ခေါ်တဲ့ခိုင်မာတဲ့ဆက်ဆံရေးကိုပိုမိုအထောက်အကူဖြစ်စေမယ်လို့ဝေမျှလိုက်ပါတယ်။

 

#AUNG MYINT MYAT

 

Leave a Reply

Your email address will not be published. Required fields are marked *