ယုံကြည်ခြင်းဆိုတာ လက်တွေ့ အသက်ရှင်ခြင်းပါ

ကမ္ဘာဦးကျမ်း၁၂ ထဲမှာ အာဗြဟံကို ဘုရားသခင်က အခြေကျနေပီးသားဖြစ်တဲ့ နေရာတစ်ခုကနေ သူ့ရဲ့ပြည်နဲ့တကွ အမျိုးသားချင်း အပေါင်းအဖော်ထဲက ထွက်ပီး ဘုရားသခင်လမ်းပြတဲ့ ပြည်ကိုသွားဖို့ဖြစ်လာတယ်။ ဘုရားသခင်က အဲဒီပြည်မှာလူမျိုးကြီးဖြစ်စေမယ် ကောင်းကြီးပေးမယ်လို့​​ဂတိတော်ရှိထားပါတယ်။
👉👉 ထူးခြားတာတစ်ခုက အာဗြဟံကိုကောင်းကြီးပေးတဲ့လူအတွက် ဘုရားရဲ့ကောင်းကြီးရှိနေပါတယ်။ အာဗြဟံကိုကျိန်ဆဲသူအတွက် ဘုရားရဲ့ကျိန်ခြင်းဟာရှိနေတယ် ဆိုတာကိုမြင်ရပါတယ်။ အာဗြဟံအားဖြင့် လူမျိုးအပေါင်းဟာကောင်းကြီးဖြစ်စေမယ်လို့ဖော်ပြထားပါတယ်။
အခန်းကြီး၁၅၊၁၇မှာ
အဲဒီဂတိတော်တွေကိုပဋိညဥ်ထဲမှာ ထည့်ပေါင်းထားပါတယ်။
သို့သော်ဒီကောင်းကြီးတွေဟာ အာဗြဟံရဲ့ယုံကြည်ခြင်းနဲ့နာခံလိုက်လျှောက်ခြင်းအပေါ်မူတည်နေပါတယ်။
ယနေ့အတွက်သင်ခန်းစာ
✍️✍️✍️✍️✍️✍️✍️
ဟေဗြဲ၈:၆-၁၂ မှာတော့ သခင်ယေရှုသည် သာ၍မြတ်သောဂတိတော်တို့၌တည်သော သာ၍မြတ်သောပဋိညာဥ်တရားရဲ့အာမခံဖြစ်ကြောင်းတွေ့ရပါတယ်။
ဆက်ပီးဖတ်ကြည့်ရင်က္ကုသရေလလူမျိုးကိုပေးတဲ့ပဋိညာဥ်ကို က္ကုသရေလလူမျိုးတော်ဟာမတည်ကြဘူးဆိုတာတွေ့ရပါတယ်။ ဒါကြောင့်ခရစ်တော်ယူဆောင်လာသောပဋိညာဥ်တရားသစ်အားဖြင့် ကျနော်တို့ဟာဘုရားရဲ့လူမျိုးတော်စုဖြစ်ခွင့်ရကြပီဖြစ်တယ်။
ဂလာတိ၃:၆-၉မှာတော့
အာဗြဟံရဲ့ယုံကြည်ခြင်းကိုဘုရားသခင်က အသိအမှတ်ပြုတယ်ဆိုတာကိုတွေ့ရပါတယ်။ အဲဒီယုံကြည်ခြင်းနဲ့နာခံလိုက်လျှောက်ခြင်းကိုကြည့်ပီး ဘုရားက ဖြောင့်မတ်သောသူလို့သတ်မှတ်ခဲ့ပါတယ်။
ဘုရားရဲ့နှုတ်ကပတ်တော်အပေါ်မှာ ယုံကြည်ရပ်တည်လိုက်လျှောက်သောသူတွေဟာ အာဗြဟံရဲ့သားအမှန်ဖြစ်တယ်။ ဒါကြောင့်အာဗြဟံနဲ့အတူကောင်းကြီးမင်္ဂလာကိုခံရမယ်ဆိုတဲ့အကြောင်းတွေ့ရပါတယ်။
🔑🔑🔑တစ်ခုပဲရှိတယ်မိတ်ဆွေ
သေချာမှုနဲ့အခြေကျနေတဲ့နေရာကနေ ဘုရားဆွဲခေါ်လာတဲ့မမြင်ရတဲ့နယ်မြေသစ်တစ်ခုကိုသွားဖို့ အားလုံးကိုစွန့်ပီးထွက်လာနိုင်တဲ့အင်အားသင့်မှာရှိနေပီလား??
#Aung Myint Myat

Leave a Reply

Your email address will not be published. Required fields are marked *