အပြစ်မှလွတ်တယ်ဆိုတဲ့အဓိပ္ပယ်ကဘာကိုဆိုလိုတာလဲ What does it mean to be free from sin?

 

သုတ္တံ ၂၀:၉ မှာ ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ။ အပြစ်နှင့် ကင်း လွတ်၏ ဟုအဘယ်သူဆိုနိုင်သနည်းလို့မေးခွန်းထုတ်ထားပါတယ်။

ကျွန်တော်တို့ရိုးသားစွာ သုံးသပ်ကြစတမ်းဆိုရင် ကျွန်တော်တို့ရဲ့ လုပ်ရပ် တွေဟာ ဒီနေ့အထိကာယကံ၊၀စီကံ၊ မနောကံတစ်ခုခုနဲ့တော့ အပြစ်တွေထဲမှာရှိနေကြ သေးတယ်မလား။ အပြစ်နဲ့ဆိုင်တဲ့လုပ်ရပ် ဒါမှမဟုတ်အတွေးတွေက နေ့ရက်တိုင်းမှာ ရှိနေသေးတယ်မဟုတ်ဘူးလား။ ဒါဆိုရင်ဘာကြောင့် ရောမ ၆း၁၈ က ကျွန်တော်တို့ကို”သင်တို့သည်အပြစ်တရား၏ လက်မှလွတ်ကြပြီ ဖြစ်၍ ဖြောင့်မတ်ခြင်းတရား ၏ ကျွန်ဖြစ်ကြ၏”လို့ ပြောသလဲ။ ဒါဟာ အခုနားက သုတ္တံကျမ်းနဲ့ ဆန့်ကျင်နေတယ် မဟုတ်ဘူးလား။ ရောမ ၃:၂၃ အရ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင် ရှေ့တော်၌ အသရေပျက် ကြပြီလို့ ပြောထားတယ်။

ဘုရားရဲ့သဘာဝဖြစ်တဲ့ သန့်ရှင်းခြင်းရဲ့ ဆန့်ကျင်ဘက်မှာ လူတွေဟာ ရောက် ရှိဖြစ်တည်နေ ကြတယ်။ လူသတ်မှု၊အိမ်ထောင်ရေးဖောက်ပြန်မှု၊ခိုးမှုတွေဟာအပြစ် ဖြစ်တယ်ဆိုတာ ကျမ်းစာမဖတ်လည်း သိကြတယ်။ ဘုရားကလက်ခံဖို့ မပြောနဲ့ လူ့ ပတ်ဝန်းကျင်ကတောင် လက်ခံနိုင်စရာမရှိတဲ့ ကိစ္စတွေပါ။

ထွက်မြောက်ရာကျမ်း ၂၀:၁-၁၇ မှာ ဘုရားက မနှစ်သက် လက်မခံနိုင်တဲ့ ကိစ္စတွေကို ဖော်ပြထားတယ်။ မသဲ ၅:၂၁၊၂၈ မှာ ကိုယ်ထိလက်ရောက်ကျူးလွန်တာကို မပြောနဲ့ ကြိမ်ဆဲရင်တောင် တော်တော်အပြစ်ကြီးနေပီ ဂေင်္ဟနာအရပ်မှာ မီးရှို့ခြင်း ခံထိုက်တယ်လို့ ဖော်ပြတယ်။ ကဲဒါဆို အပြစ်လုံးလုံးကင်းစင်တဲ့ လူရှိသလား မေးရင် မရှိပါဘူး။ ကျွန်တော်တို့ဟာ မွေးကတည်းကိုက အပြစ်ဆိုတဲ့ သဘောသဘာဝ nature ကို အမွေရထားပြီးသားလို့ ပြောရင်မမှားဘူး။ ဘုရားရဲ့ ပညတ်ချက်တွေ ချိုးဖောက် မိချိန်က စပြီး မွေးလာသမျှလူသားတိုင်းကအပြစ်သားတံဆိပ်ကပ်ပီး မွေးလာကြတော့ တာပဲ။

ကျွန်တော်တို့မှာ အပြစ်ရဲ့ ဗီဇလေးတွေနဲ့ အပြစ်သန္ဓေပါလာ တော့လည်း သင်တန်းတက်စရာမလိုပဲနဲ့ ဆဲတတ်၊ လိမ်တတ်၊ မကောင်းပြောတတ်နဲ့ ဆရာကြီးတွေ ကို ဖြစ်လို့။ သဘာဝ (nature) ဆိုတာသင်စရာမလိုပဲတတ်နေတဲ့ ကိစ္စတွေဖြစ်တယ်။ ကြက်တို့ငှက်တို့ကို ဥပီးတော့ ဝပ်ပေးထားရင်သားပေါက်လာတယ်ဆိုတဲ့ အသိပညာ ပေးစရာ မလိုဘူး၊ အသိုက်ဆောက်နည်း သင်တန်းတွေလည်း မတက်ဖူးဘူး။ ဒါပေမဲ့ သူတို့ အဲဒီအသိတွေ အဲဒီပညါတွေက သူတို့မွေးကတည်းက ပါလာပြီးသား။

မွေးကင်းစကလေးငယ်လေးကို လောဘကြီးတတ်ဖို့ သင်မပေးပဲတတ်ပေမဲ့ ပေးကမ်းတတ်ဖို့တော့ သင်ပေးရတယ်။ ဆိုးတာကိုသင်စရာ မလိုပေမဲ့ ကောင်းတာကို ကျတော့ သင်ပေးရတယ်။ ကောင်းအောင်နေထိုင်ခြင်းက ကျွန်တော်တို့ရဲ့ သဘာဝ မဟုတ်လို့လေ။ တကယ်တမ်းကျတော့ဘုရားက ဒီလိုအပြစ်သားလေးတွေ ဖြစ်လာဖို့ ဖန်ဆင်းခဲ့တာ မဟုတ်ဘူး။

ကမ္ဘာဦး ၁:၂၇ မှာ သူ့ရဲ့သဏ္ဍန်တော်နဲ့ အညီ လူကို ဖန်ဆင်းထားခဲ့ခြင်း ဖြစ် တယ် လူ့ရဲ့ ချိုးဖောက်မှုကြောင့်သာ အပြစ်ဆိုတဲ့ virus ကဝင်လာခဲ့တာပဲ။ ဧဖက် ၂:၁၀ မှာ ကျွန်တော်ကိုအပြစ်တရားနဲ့ ဆန့်ကျင်ဘက်ကောင်းတဲ့အကျင့်မှာ ကျင်လည်ဖို့ ပြော ထားတယ်။ အဲဒီကောင်းတဲ့အကျင့် မှာ ကျင်လည်ဖို့ ဆိုတာကလည်း ယေရှုခရစ်၌ ပြု ပြင်မှု ခံယူပြီး ဒုတိယဖန်ဆင်းခြင်းဆိုတဲ့ အသစ်သော ဖြစ်တည်မှုကို ခံယူဖိုလိုတယ်။ ၂ကော ၅:၁၇ အရ အသစ်ပြုပြင်ခြင်း ခံပြီးသော သူဟာ ကောင်းတဲ့အကျင့်မှာ ကျင်လည် ဖို့ အတွက်ဖြစ်လာတယ်။

ဒါဆိုကျွန်တော်တို့ ကောင်းတဲ့အကျင့်မှာကျင်လည်နိုင်ကြပြီလား ပြန်မေးရင် ဂျာအေးသူ့အမေရိုက်သလို ပတ်လည်တွေ ရိုက်နေမယ်။ အဲဒီတော့ ရှင်းအောင်ပြော မယ် ဆိုရင် သခင်ခရစ်တော်ကိုယုံကြည်ပြီး လူသစ်ဖြစ်သွားတယ်လို့ ပြောတာက လူရှေ့ ဘုရားရှေ့မှာ ကိုယ်ဟာဘုရားသားသမီးဖြစ်သွားပြီ။ ဘုရားသခင်ရဲ့ နိုင်ငံတော် သား ဖြစ်ခွင့်ရပီဖြစ်ကြောင်းဝန်ခံပြီး ကောင်းကင်နိုင်ငံတော်ရဲ့ နည်းဥပဒေအတိုင်းပဲ အသက်ရှင်တော့မယ်ဆိုတဲ့ခံယူချက်နဲ့ အသက်ရှင်သွားတာဖြစ်တယ်။

ဒီကြားထဲမှာအပြစ်မလုပ်ဖူးလားလို့ မေးစရာရှိတယ်။ လူဆိုသည်မှာ အသွေး အသားနဲ့တည်ဆောက်ထားတာဖြစ်လို့ စင်းလုံးချော complete မပြည့်စုံနိုင်မှန်းသိလို့ သန့်ရှင်းသော ဝိညဥ်တော်ရဲ့လမ်းပြမှုနဲ့ဘဝမှာ စုံစမ်းခြင်းကိုကျော်လွှားဖို့ ဥပဇယ်ဆရာ

အဖြစ်သန့်ရှင်းသောဝိညာဥ်တော်က ရှိပေးနေအုံးမှာဖြစ်တယ်။(ယောဟန် ၁၄:၁၆-၁၈) ဒီဖြစ်စဥ်ထိရောက်ဖို့ကြားထဲမှာကိုယ့်ကိုကိုမြင်ဖို့ နောင်တရဖို့ ခရစ်တော်က ကျွန်တော် တို့ကိုလုပ်ဆောင်ပေးခြင်းကိုလက်ခံဖို့ဆိုတဲ့အဆင့်တွေကိုဖြတ်လာရအုံးမှာဖြစ် တယ်။

#AUNG MYINT MYAT

 

Leave a Reply

Your email address will not be published. Required fields are marked *