ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်း

ယေရှုခရစ်တော်ရဲ့ အသေခံခြင်းနဲ့ ယေရှုခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်း မှာ ၂ ခု စလုံးထပ်တူကျပြီး အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ အသေခံခြင်းရော ရှင်ပြန်ထမြောက်ခြင်းရော ဖျင်စနဲ့ အင်္ကျီလိုပဲ မဖြစ်မနေဆက်စပ်မှု ရှိနေလို့ပါပဲ။ ကျွန်တော်တို့ လူသားတွေဘယ်လိုမှ ကျော်လွှားအောင်မြင်ဖို့ မဖြစ်နိုင်တော့တဲ့ အပြစ် ဆိုတဲ့ တံတိုင်းကြီးကိုချေဖျက် ထားခဲ့နိုင်တယ်။

ကောလောသဲ ၂:၁၄ နဲ့ ၁၅ မှာ တော့ ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဝိနည်းအထုံးအဖွဲ့နဲ့ဆိုင်တဲ့ လက်မှတ်ကိုချေဖျက်တယ်။ အဲဒါကိုလက်ဝါးကပ်တိုင်မှာ ရိုက်ခဲ့ပြီးတော့ ငါတို့စပ်ကြားကနေပယ်ရှင်းတယ် လို့ပြောထားတယ်။ ဆိုလိုတာက အပြစ်ကနေလွတ်မြောက်ဖို့ လုပ်ဆောင်ရတဲ့ကိစ္စတွေရှိတယ်။ ဥပမာ ယဇ်ပူဇော်ခြင်း၊ အရေဖျားလှီးခြင်း၊ပွဲ့နေ့တွေကျင်းပခြင်း ritual practice ဆိုတာက အပြစ်ကနေလွတ် မြောက်ခြင်းဆိုင်ရာ ရိုးရာဓလေ့လုပ်ထုံးတွေကို ပုံဖော်လုပ်ဆောင်ခြင်းဖြစ်တယ်။

ဟေရှာယ ၅၃:၄-၆ မှာ ခပ်သိမ်းသောငါတို့၏ အပြစ်များကို သူ့အပေါ်မှာ တင်တယ်လို့ရေးထားတယ်။ ဝိနည်းထုံးစံကတော့ အပြစ်တော့မဟုတ်ဘူး၊ အပြစ်ကို ရှင်းထုတ်တဲ့ ကြားခံနည်းလမ်းပေါ့။အဲဒီအရာတွေကို ချေဖျက်ပြီးတော့မှ လက်ဝါး ကားတိုင်တော်အားဖြင့် အောင်ပွဲကိုခံခဲ့တယ်။

အပြစ်တရားက လွတ်မြောက်ဖို့ဆိုရင် အဲဒီအရာတွေနဲ့ ဆက်သွားလို့မရတော့ ဘူး။ အဲဒီလုပ်ထုံးလုပ်နည်းကိုမသုံးတော့ဘူး။ အဲဒီလုပ်ထုံးလုပ်နည်းကို ကားတိုင်မှာ အပြီးသတ်လိုက်တယ်။ ဂလာတိ ၃:၁၃ မှာ ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ မရောက်ဘူးလို့ အတည့်အလင်းကြေငြာတယ်။ ခရစ်တော်ကပညတ်တရားရဲ့ကျိန်ခြင်း ကနေ ရွေးနှုတ်တဲ့အကြောင်း၊ စနစ်ဟောင်းကို အသွေးတော်နဲ့ update လုပ်ပြီ။ ခရစ် တော်ရဲ့ အသေခံခြင်းဟာ အပြစ်တရားရဲ့ စီရင်ခြင်းကနေလွတ်မြောက်သွားပြီ ဖြစ် ကြောင်း ရောမ ၆ မှာ ပြောပီ။

အဲဒီမှာ ဇတ်လမ်းပြီးမသွားဘူး၊ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းဟာ ခရစ် ဝင်ကျမ်း တွေရဲ့ သတင်းစကားဖြစ်တည်လာဖို့ အခြေခံအုတ်မြစ် ဖြစ်လာတယ်။ ယေရှု ခရစ်တော်သာ ရှင်ပြန်ထမြောက်မလာခဲ့ဘူးဆိုရင် ကျွန်တော်တို့ဟောနေတဲ့ တရား ဒေသနာတွေ၊ ကျွန်တော်တို့လုပ်ဆောင်နေတဲ့ သာသနာလုပ်ငန်းတွေ ဒီလောက် ဆက် လက် တည်တံ့နေဖို့ ဆိုတာမဖြစ်နိုင်ဘူး။ သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ လူတစ်ယောက် အဆင့်လောက်ပဲ ပြတိုက်ထဲမှာရှိနေလိမ့်မယ်။ ကျွန်တော်တို့မှာဘာမှမျှော်လင့်စရာရှိ တော့မှာ မဟုတ်တော့ဘူး။ (၁ကော ၁၅:၁၂-၁၉)

တမန်တော်တွေအပါအဝင် လူ ၅၀၀ လောက်က တစ်ပြိုင်ထဲ မြင်လိုက်ရတဲ့ မျက်မြင်သက်သေတွေ ရှိခဲ့တယ်။ (၁ကော ၁၅:၅-၇) ရှင်ပြန်ထမြောက်ခြင်းဟာ ယုံတမ်းစကားသာ ဆိုရင်ကျွန်တော်တို့ယုံကြည်သူ တစ်ယောက်အနေနဲ့ ဒီလိုရပ်တည် နိုင်မှာမဟုတ်တော့ဘူး။ အသင်းတော်တွေလည်း တိုးပွါးလာမှာမဟုတ်တော့ဘူး။ ခရစ် တော်ရဲ့အမှုတော်ဟာ တမန်တော် ၁၂ ပါး လောက်နဲ့ပဲ မှေးမှိန်ပျောက်ကွယ်သွားမှာပါ။ ခုမြင်နေရတာတွေဟာခရစ်တော်ပြန်လည်ရှင်ပြန်ထမြောက်ခြင်းရဲ့ သက်သေတွေပါ။

#AUNG MYINT MYAT

# Credit photo- Google Image

Leave a Reply

Your email address will not be published. Required fields are marked *