သန့်ရှင်းသောဝိညဥ်တော်ကိုကဲ့ရဲ့ခြင်း၊ စိတ်နာစေခြင်းဆိုတာဘာလဲ

ရှင်မာကု၃:၂၈မှာယေရှုခရစ်တော်ကလူတွေရဲ့အပြစ်ပြုလုပ်ခြင်း၊အမျိုးမျိုးသောပြစ်မှားခြင်းကိုခွင့်လွှတ်လို့ရတယ်။ ဘုရားကိုကဲ့ရဲ့တဲ့ပြစ်မှားခြင်းအမျိုးမျိုးကိုလည်း.  ခွင့်လွှတ်လို့ရတယ်။သန့်ရှင်းသောဝိညဥ်တော်ကိုကဲ့ရဲ့တဲ့အမှုကိုတော့ ခွင့်လွှတ်လို့မရသလိုထာဝရပြစ်ဒါဏ်တောင်ခံရမှာဖြစ်တယ်လို့ဖော်ပြတယ်။စဥ်းစားကြည့်ပါ။လူတွေလုပ်နေတဲ့အပြစ်ကိုခွင့်လွှတ်ပေးတဲ့အပြင်ဘုရားကိုကဲ့ရဲ့တာလည်းခွင့်လွှတ်ပေးသေးတယ်။ သန့်ရှင်းသောဝိညဥ်တော်ကို ကဲ့ရဲ့တာတော့လုံးဝလုံးဝအာမခံချက်မရှိခွင့်လွှတ်လို့မရ အပြစ်ဒါဏ်လည်းသင့်မယ်။ မသဲ၁၂:၃၁-၃၂ထဲမှာလည်းယေရှုက သူ့ကိုပြစ်မှားတာတောင်ခွင့်လွှတ်ပီးမှသန့်ရှင်းသောဝိညဥ်တော်ကို နှုတ်နဲ့ပြစ်မှားသောသူရဲ့အပြစ်ကတော့အခုဘဝရောနောင်ဘဝရော ခွင့်မလွှတ်ဘူးလို့ပြောတာ တွေ့ရတယ်။ကဲဒါဆိုဒီကိစ္စကယုံကြည်သူတစ်ယောက်အနေနဲ့သေချာသိဖို့လိုလာပီးမဟုတ်လား။ သန့်ရှင်းသောဝိညဥ်တော်ကိုကဲ့ရဲ့တယ်ပြစ်မှားတယ်ဆိုတာဘာလဲ အတိအကျသိမှဖြစ်မှာနော။ အင်္ဂလိပ်လို Blasphemy ဆိုတာနှုတ်အားဖြင့်သို့မဟုတ်အပြုအမူအားဖြင့်ဘုရားကိုကျိန်ဆဲတာလို့ အဘိဓာန် မှာပြောထားတယ်။ ထွက်မြောက်ရာ၂၀:၇မှာတော့ထာဝရဘုရားရဲ့နာမတော်ကို

Continue readingသန့်ရှင်းသောဝိညဥ်တော်ကိုကဲ့ရဲ့ခြင်း၊ စိတ်နာစေခြင်းဆိုတာဘာလဲ

ရှေးမဆွကခွဲခန့်မှတ်သားပီးသားတွေကပဲ၊ ကယ်တင်ခြင်းရဖို့အခွင့်အရေးရှိတယ်ဆိုရင် ဘုရားကတရားမျှတရဲ့လား

(ပထမပို့စ်ရဲ့အဆက်ပါ) တကယ်စဥ်းစားကြည့်ရင် လူဘက်ကတရားမျှတတယ်လို့ ဘယ်လိုမှမခံယူနိုင်ပါ။ တကယ်ကြီးပါ။ ဘုရားကတစ်ချို့လူတွေအတွက်ကျကယ်တင်ခြင်းရဖို့ဖြစ်စေပီး တချို့လူတွေကျ ဘုရားက မရွေးချယ်ဘူးလေ။ ရောမ၉တစ်ခန်းလုံးနီးပါးဘုရားကသူ့စိတ်ကြိုက်သူ့သဘောကိုပြထားတယ်။ ယာကုပ်နဲ့ဧသောကလောကကြီးထဲကိုမရောက်လာသေးဘူး၊ အမိဝမ်းထဲမှာပဲရှိသေးတယ်။ အပြစ်ကင်းစင်သေးတဲ့အချိန်လို့ပြောနိုင်တယ်။ (လူသားရှုထောင့်ကနေ) သို့သော်ဘုရားကယာကုပ်ကိုငါချစ်တယ်ဧသောကိုငါမုန်းတယ်တဲ့လား။           

Continue readingရှေးမဆွကခွဲခန့်မှတ်သားပီးသားတွေကပဲ၊ ကယ်တင်ခြင်းရဖို့အခွင့်အရေးရှိတယ်ဆိုရင် ဘုရားကတရားမျှတရဲ့လား

ဘုရားသခင်ရဲ့ ရှေးမဆွကကြိုတင်ခွဲခန့်မှတ်သားမှုမရှိခဲ့ရင်  ကယ်တင်ခြင်းရနိုင်သလား

ဒီမေးခွန်းဟာ Theological Issue တစ်ခုဖြစ်သလို စဥ်းစားစရာတွေပါနေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီမေးခွန်းကိုဖြေရှင်းတဲ့အခါမှာ သမ္မာကျမ်းစာကိုအခြေခံပီးပဲ​ဝေမျှပါမယ်။သမ္မာကျမ်းစာအားဖြင့်ပြောရရင်တော့ဘုရားသခင်ရဲ့ရှေးမဆွကကြိုတင်ခွဲခန့်မှတ်သားမှု မရှိရင်ကယ်တင်ခြင်း မရနိုင်ဘူးလို့ပဲပြောနိုင်ပါတယ်။ ဒါဆိုပွဲကလှသွားပီတကယ်တော့ ရှေးမဆွကခွဲခန့်မှတ်သားခြင်းဆိုတဲ့နေရာမှာ John Calvin ရဲ့ ဓမ္မအတွေး အခေါ်နဲ့ Arminian  ဓမ္မအတွေးခေါ်ကြားရှုပ်ထွေးမှုလေးတွေရှိနေတတ်တာကြောင့် ဒီပိုစ်ကို

Continue readingဘုရားသခင်ရဲ့ ရှေးမဆွကကြိုတင်ခွဲခန့်မှတ်သားမှုမရှိခဲ့ရင်  ကယ်တင်ခြင်းရနိုင်သလား

ဓမ္မဟောင်းထဲကခရစ်တော်

တကယ်တော့ကျွန်တော်တို့သိကြတာပဲခရစ်တော်ဟာဓမ္မသစ်ကာလမှာစတင်ပီးပေါ်ပေါက်လာတယ်။  AD3ဝန်းကျင်ပေါ့လေ။ အာဗြဟံတို့ နောဧတို့နဲ့လူချင်းမတွေ့ခဲ့ဖူးဘူး။ အဲဒီတော့ဒီကစ္စကိုစဥ်းစားရင် ခရစ်တော်ဟာ ဓမ္မဟောင်းကျမ်းမှာမရှိဘူးလို့ပြောနိုင်တယ်။ လူတယောက်အကြောင်းကိုစပြောရင်အဲဒီလူမွေးတဲ့အချိန်ကနေစပြောရတာဖြစ်တယ်။ မမွေးခင်အချိန်ကနေပြောလို့မရနိုင်ဘူး။ ဒါပေမဲ့ခရစ်တော်အကြောင်းကိုတော့ ခရစ်တော်မမွေးခင်ကတည်းကပြောလို့ရတယ် ဆိုရင်မိတ်ဆွေလက်ခံမလား။ခရစ်တော်မမွေးခင်ဆိုတော့ သခင်ခရစ်တော်အကြောင်း ဘယ်လိုသိနိုင်ပါ့မလဲ။ သို့သော်ခရစ်တော်ကိုယ်တိုင်ကဘာပြောလဲဆိုတော့ ဓမ္မဟောင်းကျမ်းထဲမှာ သူပါတယ်လို့ပြောတယ်။ စိတ်ဝင်စားစရာပဲ ဘယ်လိုတွေပါနေပါလိမ့်။ ကဲကြည့်ရအောင်

Continue readingဓမ္မဟောင်းထဲကခရစ်တော်

ဗတ္တိဇံဆရာယောဟန် သို့မဟုတ် ဧလိယဝင်စားသူလော

သမ္မာကျမ်းစာက လူဝင်စားဆိုတဲ့ အတွေးအခေါ် အယူအဆကိုလက်ခံလားခရစ်တော်ရဲ့လူ့ဇာတိခံယူခြင်း incarnation ကိုတော့ ကျွန်တော်တို့လက်ခံထားတာရှိတယ်။ ခုပြောမှာက Reincarnation ပေါ့။ လူတစ်ယောက်ဟာသေသွားပီးနောက်တစ်ကြိမ်လူ့ဘဝကိုရောက်လာတဲ့ကိစ္စ။ မာလခိ၄:၅ မှာ “ကြည့်ရှုလော့၊ ထာဝရဘုရား၏ကြောက်မက်ဖွယ်သောနေ့ရက်ကြီးမရောက်မှီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ငါစေလွှတ်မည်။” လို့ဖော်ပြထားတယ်။ ဒီကျမ်းရေးချိန်ဟာ BC၄၃၀-၄၀၀ ဝန်းကျင်မှာဖြစ်ပီးယုဒလူမျိူးတွေကိုဦးတည်ရေးထားခြင်းဖြစ်တယ်။

Continue readingဗတ္တိဇံဆရာယောဟန် သို့မဟုတ် ဧလိယဝင်စားသူလော

၁၀။ခရစ်ယန်အသက်တာမှာအတုယူစရာလူပုဂ္ဂိုလ်ရှာဖွေပြီး သင်ယူခြင်းဟာအရေးကြီးပါသလား ဘဝမှာအားကျခဲ့ရတဲ့လူပုဂ္ဂိုလ်၊ စံထားရပီးလေးစားအတုယူထိုက်သူတွေ ရှိတတ်ကြတယ်။ တစ်ချို့လူတွေရဲ့ဘဝမှာအတုယူမှားခဲ့လို့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့လူတွေရှိသလို၊ အတုယူမှန်ခဲ့လို့ ကြီးပွါးတိုးတက် သွားရတဲ့ လူတွေလည်း ရှိတတ်ကြတယ်။ ကျိန်းသေတာကတော့ Role model ဆိုတာအင်မတန်မှ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေပါ။ လူအများစုမှ သူတို့အတွက်ဥပမာယူရမယ့်လူ၊အတုယူ ရလောက်တဲ့ လူတစ်ယောက်ယောက်ရှိတတ်စမြဲပါ။ ကျွန်တော်တို့ရဲ့ ကျောင်းဆရာ၊ သို့မဟုတ်ကျွန်တော်တို့အထင်ကြီးလေးစားရတဲ့ သူငယ်ချင်းတစ်ယောက်၊ ကျွန်တော်တို့ရဲ့ ဖခင်သို့မဟုတ်မိခင်၊ ကျွန်တော်တို့ရဲ့သင်းအုပ်ဆရာ၊ဒါမမဟုတ် ကိုယ်အားကျရတဲ့ ဆယ်လီ Celebrity တစ်ယောက်ယောက်စသဖြင့်ရှိတတ်ကြတယ်။ သမ္မာကျမ်းစာသမိုင်းထဲမှာလည်း Role models လို့ခေါ်တဲ့ စံပြပုဂ္ဂိုလ်တွေရဲ့ လွှမ်းမိုးမှုတွေရှိတယ်ဆိုတာနားလည်ရတယ်။ သမ္မာကျမ်းစာမှာမိဘတွေဟာ သဘာဝရဲ့ role models တွေပါ။ သုတ္တံ၁:၈ "ငါ့သားအဘ၏နည်းဥပဒေသကိုနားထောင်လော့ အမိ၏တရား ကိုလည်းမပယ်နှင့်။" ဒီအချက်ဟာ အဖေရဲ့ ညွှန်ကြားမှုနဲ့ အမေရဲ့သင်ကြားခြင်းဟာ အရေးကြီးကြောင်းဖော်ပြတယ်။ သူတို့ဆီမှာကျွန်တော်တို့မဖြတ်သန်းမကြုံတွေ့ရ သေးတဲ့အတွေ့အကြုံ နဲ့သင်ခန်းစာတွေရှိတယ်။ တိတု၂:၇ အရာရာ၌ကောင်းသောအကျင့်တို့၏ပုံသက်သေကိုကိုယ်တိုင် ပြလော့။ ဒါကတော့ကိုယ်ကိုတိုင်က Role model ဖြစ်ဖို့ပါ။ လုကာ ၆:၄၀ မှာတော့ ဆရာကောင်းတစ်ယောက်ဟာ တပည့်တစ်ယောက်ကို ဆရာကောင်းတစ်ယောက်အဖြစ်မွေးထုတ်နိုင်တဲ့ အစွမ်းရှိကြောင်းကို မီးမောင်းထိုး ပါတယ်။ ဆရာကောင်းဆိုတာ အတုယူစရာပါ။ ကျွန်တော်တို့ဟာဘယ်သူ့ကိုစံထားပီး ဘယ်လိုအသက်ရှင်မလဲဆိုတာ ရွေးတတ်ဖို့အရေးကြီးပါတယ်။ သုတ္တံ၁၃:၂၀အရ ပညာရှိတို့နှင့်ပေါင်းဘော်သော သူသည်၊ပညါရှိတတ်၏။လူမိုက်တို့နှင့်ပေါင်းဘော်သောသူမူကားပျက်စီးတတ်၏လို့ကျမ်းစာကဖော်ပြပါတယ်။ ယေရှုခရစ်တော်ကတော့ကျွန်တော်တို့ရဲ့ အပြည့်စုံဆုံး Perfect role model ပဲ။ သူဟာ ကျွန်တော်တို့လိုပဲ ဒုက္ခဆင်းရဲခြင်းတွေခံစားခဲ့ ရပါတယ်။ ကျွန်တော်တို့လိုပဲအပြစ်သွေးဆောင်ခြင်းကိုခံခဲ့ရပါတယ်။ သို့သော်လည်း အပြစ်ဒုစရိုက်နဲ့ ကင်းလွတ်သောသူဖြစ်တယ်။ အပြစ်ထဲနစ်မွန်းမသွားသူဖြစ်တယ်။ (ဟေဗြဲ၄:၁၅)မသဲ၁၄:၂၃/မာကု၁:၃ အရယေရှုခရစ်တော်ဟာ ခမည်းတော်နဲ့အမြဲ မိတ်သဟာယပြုလျက်အဆက်အသွယ်ရှိနေသူဖြစ်တယ်။ (လုကာ၇:၁၃၊ မသဲ၁၅:၃၂) အရယေရှုခရစ်တော်ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ သနားခြင်းဂရုဏာကိုလက်တွေ့ပြသခဲ့သူဖြစ်တယ်။ (ယောဟန်မ၅:၇၊ မသဲ၉:၃၅) မှာယေရှုခရစ်တော်ဟာ အလုပ်ကြိုးစားသူဖြစ်တယ်။ ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ အားလုံးရဲ့ စံပြပုံသက်သေဖြစ်တယ်။(၁ပေ၂:၂၁) ကျမ်းစာကိုပြန်ကြည့်လိုက်ရင် ဘုရားသခင်ဟာမပြည့်စုံတဲ့လူတွေကို ခေါ်သုံးပီး စံပြပုံသက်သေအဖြစ် အသုံးပြုခဲ့တယ်။ မောရှေ၊ဧလိယ၊ဒါဝိဒ်၊ရှိမုန်ပေတရု၊ အပါအဝင်များစွာသောလူတွေဟာအဘက်ဘက်ကပြည့်စုံသူတွေမဟုတ်ကြဘူး။ တမန်တော်ရှင်ပေါလုက ကနဦးအသင်းတော်အတွက် အမြဲပြောခဲ့တဲ့အရာကတော့ သူ့ရဲ့အရေးအကြီးဆုံးအလုပ်ဟာ Role model စံနမူနာအဖြစ်နဲ့အသက်ရှင်ပြခြင်း ဖြစ်တယ်။ (၁ကော၄:၁၆၊ ၁ကော၁၁:၁၊ ဖိလိပ္ပိ၃:၁၇၊ ၁သက်၁:၅-၇၊ ၂သက်၃:၇-၉) တမန်တော်ရှင် ပေတရုကတော့ မှားယွင်းသောဆရာတွေနောက်ကိုမလိုက်ဖို့ ၂ပေ၂:၁-၂ မှာသတိပေးထားပါတယ်။ Role Model မမှားဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ မှန်ကန်သော role model များကိုရွေးချယ်တော့မယ် ဆိုရင် ဘုရားနဲ့မှန်ကန်စွာမိသဟာယဖွဲ့လျက်သွားလာတတ်သူကို ရှာရမှာဖြစ်ပါတယ်။ (၁ကော၁၁:၁၊ ၁ပေ၂:၂၁) သန့်ရှင်းသောဝိညဥ်တော်ရဲ့ အသီးအပွင့်တွေကိုသူ့ရဲ့အသက်တာမှာမြင်တွေ့နေရသူ ဖြစ်ရပါမယ်။ (ဂလာတိ၅:၂၂-၂၃) အချင်းချင်းကြားထဲမှာစိတ်သဘောတူညီစွာပေါင်းသင်းတတ်သူ၊ဂုဏ်ပကာသနမရှိသူ၊လူတန်းစားမရွေးပေါင်းသင်းတတ်သူ၊နှိမ့်ချစိတ်ထားရှိသူတွေကိုရွေးချယ် တတ်ဖို့လိုပါတယ်။ (ရောမ၁၂:၁၆) နိဂုံး (ရောမ၃:၂၃) အရ စင်းလုံးချောပြည့်စုံတဲ့လူတော့မရှိပါဘူး။ လူတိုင်းကတော့ မပြည့်စုံပါဘူး၊ ဒါကိုတော့သိထားလက်ခံထားပါ။ သို့သော်ယေရှုခရစ်တော်ကိုယူတင် ဝတ်ဆောင်ပီး မိမိလက်ဝါးကပ်တိုင် ကိုထမ်းနေသော ဘုရားလူတွေကို Role model အဖြစ်ဘုရားကသင့်အနီးနားကို ပို့ဆောင်ပေးပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း Role Model ဖြစ်အောင်နေရပါမယ်။ #AUNG MYINT MYAT

ခရစ်ယန်အသက်တာမှာအတုယူစရာလူပုဂ္ဂိုလ်ရှာဖွေပြီး သင်ယူခြင်းဟာအရေးကြီးပါသလား

ဘဝမှာအားကျခဲ့ရတဲ့လူပုဂ္ဂိုလ်၊ စံထားရပီးလေးစားအတုယူထိုက်သူတွေရှိတတ်ကြတယ်။ တစ်ချို့လူတွေရဲ့ဘဝမှာအတုယူမှားခဲ့လို့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့လူတွေရှိသလို၊ အတုယူမှန်ခဲ့လို့ ကြီးပွါးတိုးတက် သွားရတဲ့ လူတွေလည်း ရှိတတ်ကြတယ်။ ကျိန်းသေတာကတော့ Role model ဆိုတာအင်မတန်မှအရေးကြီးတဲ့ပုဂ္ဂိုလ်တွေပါ။ လူအများစုမှ သူတို့အတွက်ဥပမာယူရမယ့်လူ၊အတုယူရလောက်တဲ့ လူတစ်ယောက် ယောက်ရှိတတ်စမြဲပါ။ ကျွန်တော်တို့ရဲ့ ကျောင်းဆရာ၊သို့မဟုတ်ကျွန်တော်တို့အထင်ကြီးလေးစားရတဲ့ သူငယ်ချင်းတစ်ယောက်၊ကျွန်တော်တို့ရဲ့

Continue readingခရစ်ယန်အသက်တာမှာအတုယူစရာလူပုဂ္ဂိုလ်ရှာဖွေပြီး သင်ယူခြင်းဟာအရေးကြီးပါသလား

ငါအသုံးမကျဘူးလို့ဘယ်တော့မှမထင်ပါနဲ့။ လူတိုင်းမှာစွမ်းအင်တွေရှိပါတယ်။ ဘုရားကဖန်ဆင်းထားတဲ့လူတစ်ယောက်စီတိုင်းမှာ စွမ်းအင်ကိုယ်စီ ထည့်ပေးထားပါတယ်။ ဝမ်းနည်းစရာကောင်းတာကလူတွေက ဘုရားပေးတဲ့စွမ်းအင်တွေကို အကျိုးရှိရှိမသုံးမိတာပါ။ ဘဝဆိုတာကမွေးဖွားခြင်းနဲ့သေဆုံးခြင်းစပ်ကြားလေးထဲမှာ အကျိုးရှိရှိအသုံးချခဲ့ရမယ့် ဘုရားပေးတဲ့လက်ဆောင်လေးပါ။ ဘုရားကဘဝထဲမှာ မမြင်ရတဲ့စွမ်းအင်လေးကိုသင့်အထဲမှာထည့်ထားပါတယ်။ အဲဒီစွမ်းအားကိုသင်အသုံးပြုနေပီလားမိတ်ဆွေ။ ဘုရားပေးတဲ့စွမ်းအင်ဆိုတာ လူ့အထဲမှာရှိနေပီးသားအရာပါ။သင်တန်းတက်မှရလာတဲ့အရာမဟုတ်ဘူးနော်၊ ကျောင်းတက်ပီးသင်ယူစရာမလိုတဲ့ မွေးကတည်းကပါရှိတဲ့အရာပဲ။ ဘုရားကလူကိုမပြောနဲ့ ဖန်ဆင်းထားတဲ့အရာတွေထဲမှာတောင်အဲဒီစွမ်းအင်ထည့်ပေးထားတယ်နော်။ (ကမ္ဘာ၁:၁၂) ကိုဖတ်ပီးဆင်ခြင်ကြည့်ပါ။ ကဲသင့်စွမ်းအင် (Potential) တွေကို သင်အသုံးချနိုင်ခဲ့ပီလား။ အံ့သြစရာကောင်း တာက ဒီစွမ်းအင်ဟာ ဘယ်သောအခါမျှ ကုန်ဆုံးမသွားနိုင်ခြင်းပဲ။ သင့်ရဲ့ Potential လို့ခေါ်တဲ့စွမ်းအားတွေကိုရပ်တန့်စေနိုင်တာတခုပဲရှိတယ်။ သင်အောင်မြင်ပီလို့ကိုယ့်ဟာကိုထင်ပီး ရပ်တန့်လိုက်တဲ့အချိန်ပါပဲ။လောကထဲကနေမထွက်ခွါသေးသရွေ့ နောက်ဆုံးထွက်သက်အထိ ဒီစွမ်းအင်တွေနဲ့ဘုရားကိုဆက်ကပ်ဖို့၊ လူ့ပတ်ဝန်းကျင်ကို သင့်စွမ်းအင်နဲ့အလှဆင်ဖို့လိုပါတယ်။ အောက်ပါကျမ်းပိုဒ်များနဲ့ မိမိအသက်တာကိုဆင်ခြင်ပါ။ (ဧဖက်၃:၂၀၊ဖိ၄:၁၃၊ဆာလံ၁၃၉:၁၃-၁၆၊ဧဖက်၁:၁၈၊ ဧဖက်၂:၁၀၊ ကမ္ဘာဦးကျမ်း၁၁:၆၊ ၁ပေ၂:၉-၁၀၊ ဆာလံ၁၂၇:၃-၅၊ ယော၁၀:၁၀၊ ကမ္ဘာ၁:၂၇) ဘုရားကအထူးသဖြင့်ယုံကြည်သူတွေရဲ့အသက်တာကိုသူ့ရဲ့နိုင်ငံတော်ထဲမှာနိုင်ငံသားကောင်းတွေဖြစ်စေချင်ပါတယ်။ အဲဒီအတွက်ထပ်လောင်းပီး ဝိညဥ်ဆုကျေးဇူးတွေပေးပါတယ်။ ဝိညဥ်ဆုကျေးဇူးကတော့ ယုံကြည်သူတွေပဲရတာပါ။  အခုပြောနေတဲ့ Potential ဖြစ်နိုင်စွမ်းလုပ်နိုင်စွမ်းတွေကတော့ လူတိုင်းမှာဘုရားက ထည့်ပေးထားတဲ့အရာလေးတွေပါ။ မိက္ခာ၆:၈ဘုရားကသင့်ကိုတောင်းဆိုတဲ့အရာဘုရားကသင့်အပေါ်မှာထားတဲ့ရည်ရွယ်ချက်ကိုသိအောင် လုပ်ဆောင်ပါမိတ်ဆွေ ရောမ ၁၃:၁၁-၁၂ ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အိပ်ပျော်မနေပဲနိုးထပီးအလင်းရဲ့ လက်နက်စုံကိုဝတ်ဆင်ဖို့ တွန်းအားပေးထားပါတယ်မိတ်ဆွေတို့။

သင့်ရဲ့စွမ်းအင်တွေကိုမကန့်သတ်လိုက်ပါနဲ့

ငါအသုံးမကျဘူးလို့ဘယ်တော့မှမထင်ပါနဲ့။ လူတိုင်းမှာစွမ်းအင်တွေရှိပါတယ်။ ဘုရားကဖန်ဆင်းထားတဲ့လူတစ်ယောက်စီတိုင်းမှာ စွမ်းအင်ကိုယ်စီ ထည့်ပေးထားပါတယ်။ ဝမ်းနည်းစရာကောင်းတာကလူတွေက ဘုရားပေးတဲ့စွမ်းအင်တွေကို အကျိုးရှိရှိမသုံးမိတာပါ။ ဘဝဆိုတာကမွေးဖွားခြင်းနဲ့သေဆုံးခြင်းစပ်ကြားလေးထဲမှာ အကျိုးရှိရှိအသုံးချခဲ့ရမယ့် ဘုရားပေးတဲ့လက်ဆောင်လေးပါ။ ဘုရားကဘဝထဲမှာ မမြင်ရတဲ့စွမ်းအင်လေးကိုသင့်အထဲမှာထည့်ထားပါတယ်။ အဲဒီစွမ်းအားကိုသင်အသုံးပြုနေပီလားမိတ်ဆွေ။ ဘုရားပေးတဲ့စွမ်းအင်ဆိုတာ လူ့အထဲမှာရှိနေပီးသားအရာပါ။သင်တန်းတက်မှရလာတဲ့အရာမဟုတ်ဘူးနော်၊ ကျောင်းတက်ပီးသင်ယူစရာမလိုတဲ့ မွေးကတည်းကပါရှိတဲ့အရာပဲ။ ဘုရားကလူကိုမပြောနဲ့ ဖန်ဆင်းထားတဲ့အရာတွေထဲမှာတောင်အဲဒီစွမ်းအင်ထည့်ပေးထားတယ်နော်။

Continue readingသင့်ရဲ့စွမ်းအင်တွေကိုမကန့်သတ်လိုက်ပါနဲ့

စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုဘယ်လိုကုစားမလဲ

လူတိုင်းလူတိုင်းမှာစိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေ၊မောပမ်းမှုတွေရှိပါတယ်။လူသားတိုင်းမှာရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာကြေကွဲခြင်း၊နာကျင်မှုနဲ့ပတ်သက်ရင်ပုံစံတွေအမျိုးမျိူးရှိပါတယ်။ တချို့လူတွေကတေ့သမရိုးကျသဘာဝအတိုင်းစိတ်နာကျင်ခံစားမှုတွရှိတတ်တယ်။ ဥပမာအားဖြင့်လူငယ်တွေဆိုအသဲကွဲတာမျိုး၊မိသားစုဝင်ထဲကတစ်ယောက် ယောက်ထိခိုက်မိတာ၊ဆုံးရှုံးရတာမျိုးပေါ့။ သို့သော်တချို့စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကျတော့သဘာဝအတိုင်းသမရိုးကျမဟုတ်ဘူး။ တစုံတယောက်ကအနိုင်ကျင့်တာ၊နှိပ်စက်တာမျိုးတွေ၊ ရုပ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေ၊အပါအဝင်ပေါ့။ ဒီလိုအဖြစ်အပျက်တွေနဲ့ ကြုံလာခဲ့ရင် အိပ်မပျော်တဲ့ လက္ခဏါတွေ၊ ဒေါသထွက်မှု၊ဝမ်းနည်းမှု၊အားငယ်မှု၊အထီးကျန်မှုတွေ၊စိတ်ပျက်မှု၊ခါးသီးမှု၊ကြောက်ရွံ့မှုစတဲ့လက္ခဏာတွေ ဖြစ်ပေါ် လာမယ်။ ရှေ့ဆက်ပီးဘာတွေဖြစ်လာမလဲ၊ တစ်ယောက်တည်းပဲနေချင်လာတယ်။တစ်ခြားလူတွေအပေါ်ယုံကြည်မှုတွေကင်းမဲ့လာမယ်။ မိတ်သဟာယနဲ့ပေါင်းသင်းဆက်ဆံရေးတွေပြတ်တောက်ပီးလူမှုအသိုင်းအဝိုင်းတွေထဲမှာပါဝင်မှုမရှိတော့ဘူး။ ဘဝမှာအသက်ရှင်နေတာ

Continue readingစိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုဘယ်လိုကုစားမလဲ

တန်ဖိုးရှိသောအရာများ ၅။နာကျင်စရာအခိုက်အတန့်အခြေအနေတွေမှာ အရယူနိုင်မယ့် တန်ဖိုးရှိသောအရာများ ယုံကြည်သူတစ်ယောက်ဖြစ်လာရင်ခက်ခဲတဲ့အချိန်ပဲဖြစ်ဖြစ်နာကျင်ကြေကွဲရတဲ့အချိန်ပဲဖြစ်ဖြစ်၊ပျော်ရွှင်ကြည်နူးရတဲ့အချိန်ပဲဖြစ်ဖြစ်၊အဲဒီအချိန်တွေဟာဘုရားလက်ထဲမှာဖြစ်တယ်။ ဘုရားဟာ အချိန်တွေကိုပိုင်တယ်ဆိုတာကို သိထားရမှာပါ။ God only allows a tough time for a good purpose ဘုရားကခက်ခဲတဲ့အခြေအနေ. တွေကို အဓိပ္ပါယ်မဲ့ပေးတွေ့တာမဟုတ်ပဲ ကောင်းတဲ့ရည်ရွယ်ချက်တစ်ခုခုရှိတယ် ဆိုတာနားလည်ရမှာပါ။ နာကျင်ခြင်းမှရလာသောတန်ဖိုးများ ၁) ယော၁၅:၂ အပြုပြင်ခံရတဲ့အခိုက်အတန့် ကျွန်တော်တို့ဘဝမှာ တချို့အရာတွေဟာ ဖြတ်တောက်လိုက်မှအသီးအပွင့်တွေဝေဆာလာမှာဖြစ်တယ်။ကိုယ်ကတော့ကြိုက်နေပေမဲ့အပင်တွေလိုပဲအသီးမသီးတဲ့အပိုင်းတွေကိုဖြတ်တောက်ရတဲ့အခိုက်အတန့်တွေယုံကြည်သူတိုင်းမှာရှိတယ်။ဘုရားပုံသွင်းခြင်းကိုခံရတဲ့အခိုက်အတန့်မှာတော့နာကျင်သလိုလိုဖြစ်ပေမဲ့ရင့်ကျက်ခြင်းအသီးအပွင့်တွေရလာချိန်မှာတော့သက်သေခံဖို့တစ်ခုဖြစ်လာပါတယ်။ ၂) နှုတ်ကပတ်တော်ရဲ့လမ်းညွှန်ပေးမှု ဆာလံ၁၁၉:၆၇မှာအကျွန်ုပ်သည်အဆင်းရဲမခံမှီလမ်းလွဲပါ၏။ ယခုမူကားဗျာ ဒိတ်တော်အတိုင်းကျင့်စောင့်ပါ၏။ဒါကသိပ်အရေးကြီးပါတယ်။နှုတ်ကပတ်တော်အတိုင်းနာခံလိုက်လျှောက်ဖို့ဖြစ်လာစေပါတယ်။လမ်းလွဲသူအတွက်လမ်းမှန်ကိုပြန်ပီး ပြပေးနေတာကသမ္မာတရားလမ်းပါ။ယုံကြည်သူတွေလမ်းလွဲတတ်ပါတယ်။သို့သော်လမ်းပျောက်နေရင်သမ္မာတရားကလမ်းကြောင်းမှန်ပေါ်ပြန်ပို့ပေးမယ်။ ၃) ဘုရားသခင်နဲ့ပိုထိတွေ့ဖို့အခွင့်အရေးရရှိ ဆာလံ၄၆:၁မှာဘုရားသခင်သည်ငါတို့ခိုလှုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏။ဘေးရောက်သည့်ကာလ အထူးသဖြင့် ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏။ ဘုရားသခင်အကြောင်း ပိုသိလာရတဲ့အချိန်တွေဖြစ်ပါတယ်။ ပိုလည်းရင်းနှီးလာစေပါတယ်။ ၄) ဘုရားသခင်ကိုပိုပီးကိုးစားတတ်လာပါတယ်။ ကိုးစားတယ်ဆိုတာ ဘုရားသခင်အပေါ်မှာအမှီပြုခြင်း၊အားကိုးခြင်းကို ပြောတာပါ။ အင်္ဂလိပ်လို rely on God လို့ခေါ်တယ်။ ၂ကော၁:၈-၉မှာ တမန်တော် ရှင်ပေါလုကြီးက သူ့ဘဝမှာအသက်တောင်သေတော့မယ်ဆိုတဲ့ ဆင်းရဲခြင်းကို ကြုံတွေ့နေချိန်တောင် ကိုယ့်ဟာကိုအားမကိုးပဲဘုရားကိုကိုးစားခြင်းတစ်ခုနဲ့ပဲ ဖက်တွယ်မယ်ဆိုတဲ့ သူ့ခံယူချက်ကို မြင်ရပါတယ်။ ၅) ရင့်ကျက်လာစေပါတယ်။ ယုံကြည်ခြင်းအရာမှာပိုမိုရင့်ကျက်လာစေပါတယ်။ယာကုပ်၁:၄မှာတော့သီးခံခြင်းနဲ့ဇွဲလုံ့လရှိခြင်းဟာပိုမိုရင့်ကျက်သူအဆင့်အထိကိုတွန်းပို့ပါတယ်။ Perseverance must faith its work so that may be mature and complete, not lacking anything. (James1:4) မြန်မာလိုမှာတော့ သီးခံခြင်းစိတ်ဟာ အကုန်အစင် ပြုပြင်ပါစလို့ တွေ့ရတယ်။ ၆) ဘုရားသခင်ထံမှသက်သာခြင်းနဲ့ကောင်းကြီးမင်္ဂလာ ၂ကော၁:၃-၄မှာဘုရားသခင်က ဒီလိုပြသနာအခက်ခဲဆင်းရဲတွေကြားထဲမှာ သက်သာစေခြင်းအခွင့်ပေးတယ်ဆိုတဲ့နှုတ်ကပတ်တော်ကို တွေ့မြင်ရပါတယ်။ သမ္မာကျမ်းစာထဲမှာယောသပ်၊စာရာ၊ယောဘ၊ဒံယေလစတဲ့လူတွေဟာ ဒီလိုအခြေအနေထဲကနေ ဖြတ်ကျော်လာသူတွေဖြစ်တယ်။ #AUNG MYINT MYAT

နာကျင်စရာအခိုက်အတန့်အခြေအနေတွေမှာ အရယူနိုင်မယ့်တန်ဖိုးရှိသောအရာများ

  ယုံကြည်သူတစ်ယောက်ဖြစ်လာရင်ခက်ခဲတဲ့အချိန်ပဲဖြစ်ဖြစ်နာကျင်ကြေကွဲရတဲ့အချိန်ပဲဖြစ်ဖြစ်၊ပျော်ရွှင်ကြည်နူးရတဲ့အချိန်ပဲဖြစ်ဖြစ်၊အဲဒီအချိန်တွေဟာဘုရားလက်ထဲမှာဖြစ်တယ်။ ဘုရားဟာ အချိန်တွေကိုပိုင်တယ်ဆိုတာကို သိထားရမှာပါ။ God only allows a tough time for a good purpose ဘုရားကခက်ခဲတဲ့အခြေအနေ.တွေကို အဓိပ္ပါယ်မဲ့ပေးတွေ့တာမဟုတ်ပဲ ကောင်းတဲ့ရည်ရွယ်ချက်တစ်ခုခုရှိတယ်ဆိုတာနားလည်ရမှာပါ။   နာကျင်ခြင်းမှရလာသောတန်ဖိုးများ

Continue readingနာကျင်စရာအခိုက်အတန့်အခြေအနေတွေမှာ အရယူနိုင်မယ့်တန်ဖိုးရှိသောအရာများ

သင့်ဘဝမှာသင်တန်ဖိုးထားတဲ့အရာကဘာလဲ လူတွေမှာတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတဲ့အရာတွေက မတူညီ ကြဘူး။ တချို့ကဆံပင်ကိုတန်ဖိုးထားတယ်။ တချို့ကအဝတ်၊တချို့ကအစား၊တချို့က ဖိနပ်၊တချို့ကတက်တူးထိုးတာ၊ တံဆိပ်ခေါင်းစုတာ စသဖြင့်လူတွေဟာ သူတို့တန်ဖိုး ထားတဲ့အရာအပေါ် Invest လုပ်ကြတယ်။အချိန်ပေးကြတယ်၊ အရင်းအနှီးလုပ်ကြတယ်။ဆံပင်ကိုတန်ဖိုးထားတဲ့လူဆိုရင်ဆံပင်အတွက်ပိုက်ဆံဘယ်လောက်ပဲကုန်ကုန်ပြုပြင်တယ်။တခြားအရာတွေထက်ဆံပင်အတွက်ကိုပိုပီးအကုန်ခံနိုင်တယ်။ဂီတတူရိယာပစ္စည်းတွေကိုကြိုက်နှစ်သက်သူတွေကလည်းအဲဒီအတွက်ကျန်တာမရှိလည်းနေပါစေ။ အဲဒါကိုပဲစျေးကြီးနေပါလေ့စေ၊ ဝယ်စုတယ်။ ဒီလိုပဲလူတွေဟာသူတို့တန်ဖိုးထားမြတ်နိုးတဲ့အရာအတွက်ကျန်တဲ့အရာကိုအပွန်းပဲ့ခံ နိုင်တယ်။ မုန့်မစားပဲiPhoneဝယ်နိုင်ဖို့လည်းလုပ်တယ်။တစ်ချို့ဆိုကျောက်ကပ်တခြမ်း တောင်ဖြုတ်ရောင်းပီးဝယ်တယ်ဆိုပဲ။ ရှင်မသဲ၇:၆မှာ ဖြူစင်သောအရာကို ခွေးတို့အားမပေးကြနှင့်ပုလဲရတနာ တို့ကိုဝက်တို့ရှေ့မှာမချထားကြနှင့်လို့ပြောပါတယ်။ အဲ့လို့လုပ်ရင်အဲဒီအရာတွေကို သူတို့ကကျော်နင်းသွားမယ်လို့ပြောပါတယ်။ဘာကြောင့်လဲ??? သူတို့တန်ဖိုးထားတဲ့ အရာကအဲဒါမမဟုတ်တာ။ တန်ဖိုးရှိမှန်းလည်းသူတို့မသိကြဘူး။ ပုလဲဆိုတာဝက်အတွက်တော့ ရွံ့မှာလူးရတာလောက်ရင်ခုန်စရာကောင်းမှာ မဟုတ်ဘူး။ ဖိလိပ္ပိ၃:၁၀၁၂မှာ တမန်တော်ကြီးရှင်ပေါလုက ခရစ်တော်ကိုရပီးနောက် ပိုင်းကျန်တဲ့အရာ တွေကို မစင်ကဲ့သို့ထင်မှတ်တယ်တဲ့။ သူဟာခရစ်တော်ကိုမရခင်က သူ့ရဲ့ပညာ၊ အမျိုးဘာသာစောင့်ရှောက်ရေး၊ ပညတ်တရားနဲ့ သူ့ရဲ့ဂုဏ်သိက္ခါတွေဟာ သူ့အတွက်တန်ဖိုးဖြတ်မရတဲ့အရာတွေဖြစ်ကောင်းဖြစ်နိုင်တယ်။ အခုခရစ်တော်ကိုရလိုက်တဲ့အခါကျတော့ကျန်တဲ့အရာတွေကခရစ်တော်နဲ့ယှဥ်ရင်အဖိုးမတန်တော့ပဲ။အားလုံးကမစင်လိုဖြစ်ကုန်ရော။လုကာ၁၈း၁၈၂၂မှာအရာရှိတယောက်ကယေရှုကိုချဥ်းကပ်ပီးကောင်းမြတ်သောဆရာထဝရာအသက်ကိုအမွေခံရဖို့ ဘာလုပ်ရမလဲလို့မေးတယ်။ ယေရှုခရစ်တော်ကပြောတယ်။ ပညတ်တော်တွေ ကိုစောင့်ရှောက်ပါတဲ့။သူတစ်ပါးမယားမပြစ်မှားနဲ့၊သူ့ဥစ္စာမခိုးနဲ့၊မမှန်သောသက်သေကိုမခံနဲ့မိဘကို ရိုသေစွာပြုလော့စသဖြင့်ပေါ့လေ။အဲဒီပညတ်တွေကဟိုးငယ်စဥ်ကတည်းက လိုက်လျှောက်လာခဲ့တယ်လို့အရာရှိကပြန်ပြောတော့ယေရှုကကိုယ့်မှာရှိသမျှတွေကိုရောင်းပီးဆင်းရဲသောသူတွေကိုပေးလိုက်ပါ။ ပီးရင်ငါ့နောက်လိုက်ခဲ့ပါတဲ့။ အဲဒီလို လုပ်ရင်ကောင်းကင်ဘုံ၌ဘဏ္ဍာကိုရမယ်လို့ပြောတယ်။ဆိုလိုတာကဘာလဲ။ ထာဝရ အသက်ရဖို့ရှိတာတွေရောင်းပီးဆင်းရဲတဲ့လူတွေကိုပေးရမှာလား။ ဒါကထာဝရအသက်ရဖို့နည်းလမ်းလား။ မိတ်ဆွေတို့ရောဘယ်လိုထင်သလဲ တကယ်တော့မင်းတန်ဖိုးထားတဲ့ပစ္စည်းတွေကို ကောင်းကင်နိုင်ငံနဲ့လဲယူနိုင်သလားလို့ သွယ်ဝိုက်ပြောလိုက်တယ်ဆိုတာနားလည်ဖို့လိုတယ်။ကျွန်တော်တို့ဘယ်အရာတွေကိုတန်ဖိုးထားနေလဲမိတ်ဆွေ။

သင့်ဘဝမှာသင်တန်ဖိုးထားတဲ့အရာကဘာလဲ

လူတွေမှာတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတဲ့အရာတွေက မတူညီ ကြဘူး။ တချို့ကဆံပင်ကိုတန်ဖိုးထားတယ်။ တချို့ကအဝတ်၊တချို့ကအစား၊တချို့က ဖိနပ်၊တချို့ကတက်တူးထိုးတာ၊ တံဆိပ်ခေါင်းစုတာ စသဖြင့်လူတွေဟာ သူတို့တန်ဖိုး ထားတဲ့အရာအပေါ် Invest လုပ်ကြတယ်။အချိန်ပေးကြတယ်၊ အရင်းအနှီးလုပ်ကြတယ်။ဆံပင်ကိုတန်ဖိုးထားတဲ့လူဆိုရင်ဆံပင်အတွက်ပိုက်ဆံဘယ်လောက်ပဲကုန်ကုန်ပြုပြင်တယ်။တခြားအရာတွေထက်ဆံပင်အတွက်ကိုပိုပီးအကုန်ခံနိုင်တယ်။ဂီတတူရိယာပစ္စည်းတွေကိုကြိုက်နှစ်သက်သူတွေကလည်းအဲဒီအတွက်ကျန်တာမရှိလည်းနေပါစေ။ အဲဒါကိုပဲစျေးကြီးနေပါလေ့စေ၊ ဝယ်စုတယ်။ ဒီလိုပဲလူတွေဟာသူတို့တန်ဖိုးထားမြတ်နိုးတဲ့အရာအတွက်ကျန်တဲ့အရာကိုအပွန်းပဲ့ခံ နိုင်တယ်။ မုန့်မစားပဲiPhoneဝယ်နိုင်ဖို့လည်းလုပ်တယ်။တစ်ချို့ဆိုကျောက်ကပ်တခြမ်း တောင်ဖြုတ်ရောင်းပီးဝယ်တယ်ဆိုပဲ။

Continue readingသင့်ဘဝမှာသင်တန်ဖိုးထားတဲ့အရာကဘာလဲ