ယုံကြည်သူတစ်ယောက်အနေနဲ့ခြောက်ပစ်ကင်းသဲလဲစင် ၁၀၀%အပြစ်ကင်း တဲ့ကိုယ်ခန္ဓာနဲ့ အသက်ရှင်နိုင်သလား

Is sinless perfection possible in this life?

ဧဖက် ၄:၁၃ မှာ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၄င်း၊ ဘုရားသခင် ၏ သားတော် ကိုသိကျွမ်းခြင်းသို့၄င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံ ခြင်း ပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏ အဖြစ်သို့ရောက်ကြသည် တိုင်အောင်ဖြစ်သတည်း။ အင်္ဂလိပ်ကျမ်းစာ တချို့ဘာသာပြန်မှုတွေက Perfect ( ပြည့် စုံခြင်း ) လို့ ဘာသာပြန်ပီး တချို့ ဘာသာပြန်မှုတွေ မှာ mature ( ရင့်ကျက်ခြင်း ) လို့ ဘာသာပြန်တယ်။ အဲဒီမှာတချို့လူတွေက ခရစ်ယာန်အသက်တာဟာ အပြစ်အလုံးစုံ ကင်းတဲ့ ပြည့်စုံခြင်းဘဝဖြစ်တယ်လို့ တွေးထင်လာကြတယ်။ ရောမ ၇:၁၄-၂၄ ကို ဖတ်ပါ။

ကောင်းကင်နိုင်ငံတော်ကို မရောက်သေးသရွေ့ လောကမှာ နောက်ဆုံးထွက် သက် အထိ ဘယ်သူမှ ပြည့်စုံတဲ့အဆင့်ထိ မရောက်သေးဘူး ဆိုတာ တွေ့ရမှာပါ။ ဧဖက် ၄:၁၃ ကို မူရင်းဂရိကျမ်းစာထဲမှာ teleios ဆိုတဲ့ စကားလုံးဟာ ရင့်ကျက်ခြင်းလို့ ဖော်ပြတယ်။ ဒါကိုအင်္ဂလိပ်ကျမ်းစာ တစ်ချို့မှာ ပြည့်စုံခြင်းလို့ ဘာသာပြန်မှု လုပ်ထား တယ်။ တကယ်တော့ ဧဖက် ၄:၁၃ ကို ရိုးရိုးရှင်းရှင်း ပြောရရင် ခရစ်တော်ထဲမှာ ကြီးထွားရင့်ကျက်လာခြင်း (the more we grow in Christ) ဖြစ်တယ်။ ယုံကြည်ခြင်း တွေ ကြီးထွားလာမယ်၊ အသက်တာတွေ တဖြည်းဖြည်းတစ်စ တစ်စရင့်ကျက်မှု ဘက် ကို ဦးတည်လာမယ်။ ပြည့်စုံသွားတယ်ဆိုတာထက် ပြည့်စုံခြင်းဘက်ကို ဦးတည်ပီးရွေ့ နေတဲ့ အနေအထားကို ဆိုလိုတာပါ။

ပန်းတိုင်မရောက်သေးဘူး ပန်းတိုင်ဘက်ဆီကို သွားနေတယ်။ Direction မှန် နေတယ်လို့ ဆိုလိုတာပါ။ ဒီမှာ တချက်နားလည်မှုလွဲစရာဖြစ်မှာစိုးရတာက ပြည့်စုံခြင်းပမာဏကိုရောက်မှ ကယ်တင်ခြင်းရမယ်လို့ ပြောတာမဟုတ်ဘူးနော်။ ကယ်တင်ခြင်း ရဖို့ဆိုတဲ့ ပန်းတိုင်းကိုသွားနေတာ မဟုတ်ဘူး။ ကယ်တင်ခြင်းက ရောမ ၁၀း၉၊ ဧဖက် ၂း၈ မှာ လောကကြီးထဲကနေ မထွက်ခွါခင်ကတည်းက ရပြီးဖြစ်တယ်။

ဥပမာလေးနဲ့ ရှင်းပြချင်တယ်။ ပြည့်စုံတဲ့ဥပမာ မဟုတ်ပေမဲ့ အနီးစပ်ဆုံး တော့ ဒီသဘောတရားရှိတယ်။ ဆိုကြပါစို့ ပစ္စည်းတခုကိုအရစ်ကျဝယ်တယ် ဆိုရင် ၂ နှစ် ဆို ၂နှစ်၊ ၃နှစ် ဆို ၃နှစ် စသဖြင့် သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ပစ္စည်းရဲ့ တန်ဖိုးငွေကို တလခြင်းဆပ်တာမျိုး၊ ၆လ တကြီလားသဖြင့်ပေါ့၊ပိုက်ဆံအားလုံးမကျေ သေးပေမဲ့ ပစ္စည်းကတော့ ကိုယ့်ပစ္စည်းလို့ သတ်မှတ်ခံထားရပြီ။ ဒီဖြေရှင်းမှုမျိုးက ရာနှုန်း ပြည့်တော့ မှန်ကန်တဲ့ဖြေရှင်းမှုမဟုတ်ပေမဲ့ အနီးစပ်ဆုံးတော့ အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

နောက်ဥပမာ တစ်မျိုးကြည့်ရအောင် လူတစ်ယောက်က ကိုယ့်ကို ဘဏ်က နေ တစ်ဆင့် ပိုက်ဆံလွှဲလိုက်တယ်။ ကိုယ်ကမအားသေးလို့ ဖြစ်ဖြစ် ဘဏ်တွေ ပိတ်နေ လို့ ဖြစ်ဖြစ် ကိုယ့်လက်ထဲကို မရောက်လာသေးပေမဲ့ ဘယ်အချိန်သွားထုတ်ထုတ် ပိုက်ဆံက ကိုယ့်ပိုက်ဆံပဲ လက်ထဲမရောက်သေးတာပဲရှိတယ်။ ကယ်တင်ခြင်းက ကျွန်တော် တို့ကို ဘုရားကပေးပြီး ပြည့်စုံတဲ့ပမာဏကို ရောက်နိုင်ဖို့ က ခရစ်တော် နဲ့ အတူ မိမိကိုယ်ကိုငြင်းပယ်ပီး ခရစ်တော်ရဲ့အလိုတော်နဲ့ အသက်ရှင်နေရရတယ်။

(ကောလောသဲ ၁၂း၈)

ကောလောသဲ ၄:၁၂ ကို ဖတ်တဲ့အခါမှာ သုံးထားတဲ့ ပြည့်စုံခြင်းဆိုတာဟာ ရင့်ကျက်ခြင်းကို ဆိုလိုပါတယ်။ Complete or Perfect လုံးလုံး အပြစ်ကင်းလူသား ဖြစ်တယ် လို့ပြောတာမဟုတ်ပါ။ ရင့်ကျက်တယ်ဆိုတာ အကောင်းအဆိုးတွေ ခွဲခြား သွား တတ်တဲ့အနေအထား၊အပြစ်ပြုမိရင်တောင်ဘုရားဆီကို ပြန်လှည့်လာပြီး အမှား ပြင်တတ်တဲ့အနေအထားကိုဆိုလိုပါတယ်။

ဂလာတိ ၂:၁၁-၁၃ ကို ဘယ်လိုနားလည်သလဲ။ ပေတရုလုပ်တာ အပြစ်လား။ တစ်ချို့ကိစ္စတွေက လူမှုရေးတွေ၊ မျက်နှာပူစရာတွေကြောင့် မျက်နှာပူစရာ၊ပျက်စရာ ကိစ္စတွေရှိတယ်။ ပေါလုက အဲဒီလိုမလုပ်ဖို့ ဆုံးမရသေးတယ်။ လောကမှာနေတဲ့ အခါ မှာ ဘုရားလူတွေလည်း မပြည့်စုံသေးပါဘူး။

၁တိး ၁၅-၁၆ လောကမှာ ပုံသက်သေဖြစ်ဖို့ အပြစ်သားတွေရဲ့ဘဝ ရင့်ကျက် လာမှုက တလောကလုံးအတွက် မြင်သာထင်သာရှိနေတဲ့ အနေအထားတခု ဖြစ်လာ စေတယ်။ ခရစ်တော် ဒုတိယအကြိမ်ကြွလာပြီး ယုံကြည်သူများ ဝိညာဏခန္ဓာနဲ့ ပြန် လည် ထမြောက်လာပီးရင်တော့ ပြည့်စုံတဲ့ပမာဏ ၁၀၀% ပြည့်စုံသူများ ဖြစ်လာ ကြမှာဖြစ်တယ်။

(ဖိလိပ်ပိ ၃:၂၀-၂၁၊ ၁ကာ၁၅:၅၄)

 

#AUNG MYINT MYAT

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *