နှစ်ဟောင်းကနေနှစ်သစ်ရောက်တော့မယ်ဆိုရင်လုပ်နေကျဖြစ်တဲ့နှစ်ဟောင်းကအကျင့်ဟောင်းလေးတွေပြင်ပြီးနှစ်သစ်မှာတော့ဘယ်လိုနေထိုင်ပြုမူတော့မယ်ဆိုပီးစိတ်ဆုံးဖြတ်ချက်ချ၊ ၂လသို့မဟုတ် ၃လလောက်ကြာသွားပီးရင်ပုံမှန် အသက်ရှင်မှု life style ထဲဝင်သွားကြပြန်တယ်။ ဒီလိုမဖြစ်အောင်ဘယ်လိုကြိုးစားမလဲ။
၁။ မိမိရဲ့ ဖြစ်နိုင်ချေပန်းတိုင်ကိုချမှတ်ဖို့လိုပါတယ်။
အဲဒီပန်းတိုင်ကိုချမှတ်ပီးရင်တောင်အဆုံးထိမရောက်နိုင်ခြင်းဟာအဲဒီအရာကို မစွဲလန်းလို့ဖြစ်နိုင်ပါတယ်။ မိမိရဲ့ပန်းတိုင်ကိုမိုးလင်းကတည်းကစပီးဘုရားကိုဆက်ကပ်အစပြုပါ။ စွဲလန်းလာဖို့ကိုအစပြုပါ။ တမန်တော်၁၇:၃၀မှာမိမိရဲ့အကျင့်ဟောင်းကိုပြုပြင်တဲ့နေရာမှာ ဘုရားသခင်နဲ့အချိန်ပေးပီး၊ မိမိရဲ့အားနည်းချက်ကိုမြင်အောင်ကြိုးစားပါ။ အဲဒီအားနည်းချက်ဟာသင့်ကိုပန်းတိုင်ရောက်ဖို့ အနှောင့်အယှက်ပေးနေတဲ့အရာပဲဖြစ်ပါတယ်။လူတိုင်းမှာပန်းတိုင်အမျိုးမျိုးရှိကြတဲ့အတွက်တစ်ယောက်နဲ့တစ်ယောက်တော့တူကြမှာမဟုတ်ပေမဲ့ အားနည်းချက်ကတော့လူတိုင်းမှာရှိကြပါတယ်။ အဲဒီအားနည်းချက်ကို ဘုရားနဲ့အချိန်ယူဘုရားထံဆက်ကပ်ပါ။ ၂ကော၁၀:၄-၅အရကျွန်တော်တို့ရဲ့အားနည်းချက်တွေကိုဘယ်လိုအနိုင်ယူရမလဲဆိုတာကိုရှင်းလင်းစွာပြောထားပါတယ်။ ကိုယ့်ရဲ့ဝိညာဥ်ရေးရာအားနည်းချက်ကို တိုက်မယ့်လက်နက်ဟာဇာတိပကတိလက်နက်မဟုတ်ပဲဘုရားသခင်ရဲ့တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတွေကိုဖြိုဖျက်နိုင်တဲ့လက်နက်ကိုသုံးစွဲကြဖို့လိုပါတယ်။ နောက်တစ်ချက်ကကိုယ်ကကိုယ်ဖြစ်ချင်တဲ့ပန်းတိုင်ကိုချမှတ်ထားပေမဲ့ အဆုံးထိမရောက်နိုင်တာဟာကိုယ်ဖြစ်ချင်တဲ့အနေအထားကိုစိတ်ကူးပုံဖော်မှုအားနည်းလို့ဖြစ်ပါတယ်။
၂။ကိုယ့်ပန်းတိုင်ကိုဘယ်လ်ုစိတ်ကူးပုံဖော်မလဲ
ဥပမာယောသပ်ဟာသူ့ရဲ့ ရူပါရုံမပြည့်မီအခက်အခဲတွေများစွာကြုံတွေ့ရပေမဲ့သူပန်းတိုင်ပျောက်မသွားတာကိုအံ့သြစွာတွေ့ရပါတယ်။ ကမ္ဘာဦး၃၉: ၇-၁၄ဟာယောသပ်ရဲ့အိပ်မက်ကိုတစ်စစီဖြစ်သွားစေမယ့်အခြေအနေတစ်ခုပါ။ သူသာဒီစာမေးပွဲမှာကျရှုံးခဲ့ရင် သူအိပ်မက်ရူပါရုံတွေဟာ တစ်စစီဖြစ်သွားမှာပါ။ ပေါတိဖာရဲ့မယားကမြူစွယ်နေတဲ့အချိန်မှာယောသပ်ပြောတဲ့စကားလေးကအပြစ်ကြီးတဲ့ဒီအမှုကိုလုပ်ပီးမှငါ့ဘုရားသခင်ကိုဘယ်လိုမျက်နှာပြရမလဲဆိုတဲ့အဓိပ္ပါယ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ရူပါရုံတွေရဲ့လမ်းခုလတ်မှာဒါမျိုးတွေလာတတ်ပါတယ်။ ဒီကိစ္စကိုဘုရားသခင်နဲ့ ဆန့်ကျင်ပီးလုပ်မလား၊မလုပ်ဖူးလားဆိုတဲ့အရာက သင့်ရူပါရုံကိုသင်ဘယ်လောက်တန်ဖိုးထားသလဲ။ ပုံဖော်နိုင်သလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။
၂ကော၅:၇-၉ကိုဖတ်ကြည့်ပါလောကမှာ သင်အသက်ရှင်နေတဲ့ပုံစံကို
သင်ကောင်းကောင်း မြင်တွေ့ရလိမ့်မယ်။ ဒီကျမ်းပိုဒ်နဲ့သင့်အသက်တာကိုက်ညီနေရင် သင့်ရဲ့ရူပါရုံကိုရာနှုန်းပြည့်အကောင်ထည်ဖော်နိုင်ပါလိမ့်မယ်။ရောမ၈:၃၇မှာ တမန်တတော်ရှင်ပေါလုရဲ့အသက်တာမှာ တွေ့ကြုံရတဲ့အခက်အခဲဒုက္ခတွေရှိနေရင်တောင်ယုံကြည်ခြင်းကမပျောက်ပျက်ပဲအမှုခပ်သိမ်းကိုခံစဥ်မှာပင်အထူးသဖြင့်အောင်မြင်တယ်လို့ပြောနိုင်တာ ဘာကြောင့်လဲမိတ်ဆွေ။ တစ်ခုတော့ရှိတယ်မိတ်ဆွေသင်ဟာလာမယ့်နှစ်အတွက်သင်လုပ်နိုင်မယ့်ရူပါရုံ သို့မဟုတ် ဘုရားသခင်ကသင့်ကိုပြောတဲ့ရာကိုသင်သိဖို့ကပိုအရေးကြီးပါတယ်။ ရူပါရုံကြီးရင်ကြီးသလောက်သင်ကြုံတွေ့ရမယ့်မေးခွန်းနဲ့စာမေးပွဲကကြီးနိုင် တယ်ဆိုတာမမေ့ပါနဲ့။၁၀တန်းစာမေးပွဲကိုသူငယ်တန်းအဆင့်နဲ့တော့ဖြေလို့မရနိုင်ဘူးလေ။သင့်ရဲ့ရူပါရုံကြီးလေလေ ဘုရားရဲ့စာမေးပွဲကလည်းအတိုင်းအတာတစ်ခုထိရှိနေမယ်ဆိုတာကိုသိပီး အကောင်းဆုံးကြိုးစားကြပါစို့။
ရောမ၁၂:၂၁. ကပြောသလိုအဆိုးအားဖြင့်အရှုံးမခံပဲ အကောင်းအားဖြင့်အဆိုးကိုအနိုင်တိုက်
ကြပါစို့။
#AUNG MYINT MYAT