ခရစ်ယန်ဆိုတဲ့ခေါင်းစဥ်အောက်မှာ ဂိုဏ်းဂဏ ၃၀၀၀၀ (၃သောင်း) ကျော်လောက်ရှိတယ်လို့ပြောတယ်။ ကမ္ဘာနဲ့အဝှမ်းမှာဘယ်အဖွဲ့အစည်းအောက်မှာမှ မရှိပဲ သီခြားရပ်တည်နေတဲ့ အဖွဲ့တွေနဲ့ပေါင်းရင်တော့ဖြစ်နိုင်ချေရှိပါတယ်။ အသင်းတော်တစ်ပါးဟာပုံမှန်အားဖြင့်နယ်အဖွဲ့အစည်းတွေ၊အဖွဲ့ချုပ်၊အသင်းချုပ်တွေနဲ့အဆင့်ဆင့်ဖွဲ့စည်းထားသလို၊ ၄င်းတို့ရဲ့အခြေခံယုံချက်၊ဝတ်ပြုကိုးကွယ်မှုပုံစံ၊ ကျင့်သုံးမှုပုံစတွေ၊ ဓမ္မအတွေးအခေါ်နဲ့ခံယူချက်တွေ ဂိုဏ်းဂဏအလိုက်ကွဲပြားမှုပုံစာလေးတွေတော့ရှိတယ်။ ဒီပိုစ်ကဗဟုသုတအနေနဲ့တင်ပြတာဖြစ်ပါတယ်။
ဥပမာအားဖြင့် နှစ်ခြင်းဂိုဏ်းဂဏအောက်မှာတောင်ပုံစံမတူတဲ့ အမျိုး၂၀၀လောက်ကွဲပြား နေပါသေးတယ်။ဝတ်ပြုကိုးကွယ်ခြင်းနဲ့ ဓမ္မအတွေးအခေါ်အလိုက်ကွဲပြားမှုများ
Charismatic (ကရက်စ်မက်တစ်)
မြန်မာလိုတော့ဒီဂိုဏ်းဂဏနာမည်ကိုသီးသန်ပေးထားတာမကြားဖူးဘူး။ အင်္ဂလိပ်အသံထွက်နဲ့ပဲပြောတာကြားဖူးတယ်။ ကမ္ဘာနဲ့အဝှမ်းလူဦးရေ ၅၈၄ မီလျံရှိတယ်။ ဒီအသင်းတော်တွေရဲ့ ဝိသေသလက္ခဏါတွေဟာ ယေဘုယျအားဖြင့် Evangelical Fundamental သို့မဟုတ် Liberal ပုံစရှိသူများလည်းဖြစ်နိုင်တယ်။ အများသဖြင့်တော့သန့်ရှင်သောဝိညာဥ်တော်ကိုပိုပီးအသားပေးခြင်း၊ဝိညာဥ်တန်ခိုးနဲ့ပတ်သက်တဲ့အတွေ့အကြုံနဲ့ အခြားသောဘာသာစကားများကိုအသုံးပြုခြင်းနဲ့ အနာရောဂါငြိမ်းခြင်းကိုအထူးသဖြင့်ကျင့်သုံးတဲ့ဂိုဏ်းဂဏတခုဖြစ်တယ်။
Evangelical (ဧဝံဂေလိဂိုဏ်းဂဏ)
ဒီဂိုဏ်းဂဏကတော့အဓိကအားဖြင့်ကယ်တင်ခြင်းစိတ်ချမှုနဲ့ဆိုင်တဲ့ သတင်းစကားကို ဗဟိုပြုလုပ်ဆောင်တဲ့အဖွဲ့ဖြစ်တယ်။လူဦးရေ၂၈၅မီလျံရှိတယ်။ အခြားသောဘာသာစကားနဲ့ပတ်သက်ပီးသူတို့ရဲ့ခံယူချက်ကတော့မည်သည့်ဂိုဏ်းဂဏမဆိုကျင့်သုံးနိုင်ပီးယုတ်စွအဆုံး Catholic အသင်းတော်တွေတောင်ကျင့်သုံးမှုရှိခဲ့တယ်လို့ စွဲမှတ်ကြတယ်။
Mainline protestant
လူဦးရေ ၂၂၀ ကနေ၃၀၅မီလျံရှိတယ်။ယေဘုယျအားဖြင့်အသင်းတော် ဖွဲ့စည်းမှု Structure စနစ်တကျပုံစံနဲ့ဖွဲ့စည်းပီး ဝတ်ပြုကိုးကွယ်မှုကိုလည်း စနစ်တကျ အစီစဥ်တကျပုံဖော်ထားတယ်။သို့သော်ဓမ္မအတွေးအခေါ်နဲ့ပတ်သက်ရင်Evangelicalအုပ်စုထက် လွတ်လပ်တယ်။ liberal ဖြစ်တယ်လို့သုံးသပ်နိုင်တယ်။Mainline ထဲမှာပါတဲ့ဂိုဏ်းဂဏတွေကတော့ Methodist မက်သဒစ်စ်၊ Lutheranလူသာရင်၊ Episcopal အပီစကိုပယ်လ်၊ Presbyterian ပရက်စဘီတေးရီးယန်း၊ American Baptist အမေရိကန်နှစ်ခြင်း (လက်ရှိမြန်မာပြည်နှစ်ခြင်း)၊ United Church of Christ တို့ဖြစ်တယ်။
Fundamental
Fundamentalအုပ်စုကတော့အခြေခံအားဖြင့်သမ္မာကျမ်းစာဟာအမှား အယွင်းမရှိခြင်းနဲ့ Liberal လွတ်လပ်တဲ့ဓမ္မတွေးခေါ်မှုကိုငြင်းပယ်သူများဖြစ်တယ်။ ယဥ်ကျေးမှု စံပြုမှုနောက်မလိုက် သူများ ဖြစ်တယ်။
Liberal
ဒီခရစ်ယာန်အမျိုးအစားကတော့သမ္မာကျမ်းစာကိုစာသားအတိုင်းမဟုတ်တဲ့အနက်ဖွင့်မှုကိုအသားပေးတယ်။ လူမှုအခြေပြု အကျိုးပြုလုပ်ငန်းတွေကိုဦးစားပေးပီး social Gospel လို့ခေါ်တဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့ သတင်းစကားကိုထိုးဖောက်လုပ်ဆောင်တယ်။ Liberal ဓမ္မအတွေးအခေါ်ကို Mainline Denominations ပင်မဂိုဏ်းဂဏတွေအများစုက ဘုံအဖြစ် လက်ခံကျင့်သုံးကြတယ်။
အခြားအုပ်စုများ
နှစ်ခြင်း
လူဦးရေအားဖြင့်၃၀၀နဲ့၄၀၀မီလျံကြားမှာရှိပီးတော့ evangelical, Fundamental နဲ့liberal ခံယူချက်ရှိသူတွေလည်းပါတယ်။ ခရစ်တော်ရဲ့ကယ်တင်ခြင်းကိုမိမိကိုယ်တိုင်သိရှိပီးယုံကြည်လက်ခံသူကိုသာနှစ်ခြင်းပေးပီးကလေးသူငယ်ဗတ္တိဇံ (Infants Baptism)ကိုလက်မခံပါ။ ကမ္ဘာပေါ်မှာနှစ်ခြင်းအသင်းချုပ်အဖွဲ့ချုပ်ပေါင်း ၂၁၈ဖွဲ့ခန့်ရှိတယ်။
Pentecostal ပင်တေကုတေ
လူဦးရေ ၂၈၀မီလျံမျှရှိပီး Pentecostalismဟာ 1900 အစောပိုင်းကနေဂိုဏ်းဂဏအသွင်ပေါ်ပေါက်လာခဲ့ပီး သန့်ရှင်းသောဝိညဥ်တော်ရဲ့လှုပ်ရှားမှုကိုဗဟိုပြုတဲ့ဂိုဏ်းဂဏဖြစ်တယ်။ ဒီဂိုဏ်းဂဏမှာရှိတဲ့ယုံကြည်သူတွေဟာဝိညာဥ်ဆုကျေးဇူးရရှိခြင်း၊ဝိညဥ်ဆုကျေးဇူးလက္ခဏာကိုပြသနိုင်ခြင်းကိုပိုအလေးပေးကြတယ်။တမန်တော်များခေတ်ကဲ့သို့ ဝိညဥ်တန်ခိုးတောက်လောင်ပီးဆက်လက်ပီး နိုးထမှုတွေရှိနေရမယ်လို့ခံယူ ပီးဝတ်ပြုကိုးကွယ်ခြင်းတွေမှာ နိုးထမှုတွေဖြစ်အောင်အမြဲလုပ်ဆောင်ကြတယ်။
အင်္ဂလိကန် Anglican
လူဦးရေအားဖြင့် ၈၁မီလျံရှိတဲ့အင်္ဂလိကန်ဂိုဏ်းဂဏဟာ AD ၄၃၂ အစောပိုင်းနေ့တွေဖြစ်တဲ့ စိန့်Patrickလက်ထက် Roman Catholic ကနေခွဲထွက်လာခဲ့တယ်။သို့သော်လည်းဘုရင်ဟင်နရီ VIII လက်ထက်ရောက်မှအခွင့်အာဏာ သို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်စီရင်ခွင့်အပြည့်အဝရရှိခဲ့တယ်။ ဖြစ်ပုံကဘုရင် Catherine of Aragon ကကွာရှင်းခွင့်တောင်းရာကနေ Roman Catholic ကအခွင့်မပေးမှုကြောင့် စတင်ပီးအဖုအထစ်လေးဖြစ်ရာက ဖြစ်တည်လာခဲ့တဲ့သမိုင်းပါ။
Non-denominational Evangelical ဂိုဏ်းဂဏအသွင်ဟုတ်သော် ဧဝံဂေလိ
ဘယ်ဂိုဏ်းဂဏအုပ်စုထဲမှာမှမပါဝင်ပဲသီးသန့်ရပ်တည်နေတဲ့အုပ်စုတွေ၈၀မီလျံခန့်ရှိတယ်။ သီးသန့်သတင်းကောင်းပြောတယ်။ Singleတစ်သီးပုဂ္ဂလအသင်းတော်လေးတွေနဲ့ ကိုယ်ထူကိုယ်ထရပ်တည်နေတဲ့အသင်းတော်တွေ ဖြစ်တယ်။ဥပမာ Calvary Chapel တို့ Vineyard Churches လိုပုံစံမျိုးတွေဖြစ်တယ်။
*စာရှည်သွားပီမို့ ကျန်တဲ့ဂိုဏ်းဂဏတွေအကြောင်း နောက်ပိုစ်မှာ ဆက်ရေးမယ်လို့စဥ်စားထားတယ်။သို့သော်စာဖတ်သူများTopicငြီးငွေ့ရင်တော့အသစ်ပြောင်းလိုက်မယ်။*
Comment ကနေသဘောထားလေးတော့ပေးခဲ့ကြပါ
#AUNG MYINT MYAT
Got Question မှ ဆီလျော်စွာဘာသာပြန်သည်။