သင့်ရဲ့စွမ်းအင်တွေကိုမကန့်သတ်လိုက်ပါနဲ့

ငါအသုံးမကျဘူးလို့ဘယ်တော့မှမထင်ပါနဲ့။ လူတိုင်းမှာစွမ်းအင်တွေရှိပါတယ်။ ဘုရားကဖန်ဆင်းထားတဲ့လူတစ်ယောက်စီတိုင်းမှာ စွမ်းအင်ကိုယ်စီ ထည့်ပေးထားပါတယ်။ ဝမ်းနည်းစရာကောင်းတာကလူတွေက ဘုရားပေးတဲ့စွမ်းအင်တွေကို အကျိုးရှိရှိမသုံးမိတာပါ။

ဘဝဆိုတာကမွေးဖွားခြင်းနဲ့သေဆုံးခြင်းစပ်ကြားလေးထဲမှာ အကျိုးရှိရှိအသုံးချခဲ့ရမယ့် ဘုရားပေးတဲ့လက်ဆောင်လေးပါ။ ဘုရားကဘဝထဲမှာ မမြင်ရတဲ့စွမ်းအင်လေးကိုသင့်အထဲမှာထည့်ထားပါတယ်။ အဲဒီစွမ်းအားကိုသင်အသုံးပြုနေပီလားမိတ်ဆွေ။ ဘုရားပေးတဲ့စွမ်းအင်ဆိုတာ လူ့အထဲမှာရှိနေပီးသားအရာပါ။သင်တန်းတက်မှရလာတဲ့အရာမဟုတ်ဘူးနော်၊ ကျောင်းတက်ပီးသင်ယူစရာမလိုတဲ့ မွေးကတည်းကပါရှိတဲ့အရာပဲ။ ဘုရားကလူကိုမပြောနဲ့ ဖန်ဆင်းထားတဲ့အရာတွေထဲမှာတောင်အဲဒီစွမ်းအင်ထည့်ပေးထားတယ်နော်။

(ကမ္ဘာ၁:၁၂) ကိုဖတ်ပီးဆင်ခြင်ကြည့်ပါ။ ကဲသင့်စွမ်းအင် (Potential) တွေကို သင်အသုံးချနိုင်ခဲ့ပီလား။ အံ့သြစရာကောင်း တာက ဒီစွမ်းအင်ဟာ ဘယ်သောအခါမျှ ကုန်ဆုံးမသွားနိုင်ခြင်းပဲ။ သင့်ရဲ့ Potential လို့ခေါ်တဲ့စွမ်းအားတွေကိုရပ်တန့်စေနိုင်တာတခုပဲရှိတယ်။

သင်အောင်မြင်ပီလို့ကိုယ့်ဟာကိုထင်ပီး ရပ်တန့်လိုက်တဲ့အချိန်ပါပဲ။လောကထဲကနေမထွက်ခွါသေးသရွေ့ နောက်ဆုံးထွက်သက်အထိ ဒီစွမ်းအင်တွေနဲ့ဘုရားကိုဆက်ကပ်ဖို့၊ လူ့ပတ်ဝန်းကျင်ကို သင့်စွမ်းအင်နဲ့အလှဆင်ဖို့လိုပါတယ်။

အောက်ပါကျမ်းပိုဒ်များနဲ့ မိမိအသက်တာကိုဆင်ခြင်ပါ။

(ဧဖက်၃:၂၀၊ဖိ၄:၁၃၊ဆာလံ၁၃၉:၁၃-၁၆၊ဧဖက်၁:၁၈၊ ဧဖက်၂:၁၀၊ ကမ္ဘာဦးကျမ်း၁၁:၆၊ ၁ပေ၂:၉-၁၀၊ ဆာလံ၁၂၇:၃-၅၊ ယော၁၀:၁၀၊ ကမ္ဘာ၁:၂၇)

ဘုရားကအထူးသဖြင့်ယုံကြည်သူတွေရဲ့အသက်တာကိုသူ့ရဲ့နိုင်ငံတော်ထဲမှာနိုင်ငံသားကောင်းတွေဖြစ်စေချင်ပါတယ်။ အဲဒီအတွက်ထပ်လောင်းပီး ဝိညဥ်ဆုကျေးဇူးတွေပေးပါတယ်။ ဝိညဥ်ဆုကျေးဇူးကတော့ ယုံကြည်သူတွေပဲရတာပါ။

အခုပြောနေတဲ့ Potential ဖြစ်နိုင်စွမ်းလုပ်နိုင်စွမ်းတွေကတော့ လူတိုင်းမှာဘုရားက

ထည့်ပေးထားတဲ့အရာလေးတွေပါ။

မိက္ခာ၆:၈ဘုရားကသင့်ကိုတောင်းဆိုတဲ့အရာဘုရားကသင့်အပေါ်မှာထားတဲ့ရည်ရွယ်ချက်ကိုသိအောင် လုပ်ဆောင်ပါမိတ်ဆွေ

ရောမ ၁၃:၁၁-၁၂

ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အိပ်ပျော်မနေပဲနိုးထပီးအလင်းရဲ့

လက်နက်စုံကိုဝတ်ဆင်ဖို့ တွန်းအားပေးထားပါတယ်မိတ်ဆွေတို့။

 

#AUNG MYINT MYAT

Leave a Reply

Your email address will not be published. Required fields are marked *