လူတွေမှာတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတဲ့အရာတွေက မတူညီ
ကြဘူး။ တချို့ကဆံပင်ကိုတန်ဖိုးထားတယ်။ တချို့ကအဝတ်၊တချို့ကအစား၊တချို့က
ဖိနပ်၊တချို့ကတက်တူးထိုးတာ၊ တံဆိပ်ခေါင်းစုတာ စသဖြင့်လူတွေဟာ သူတို့တန်ဖိုး
ထားတဲ့အရာအပေါ် Invest လုပ်ကြတယ်။အချိန်ပေးကြတယ်၊
အရင်းအနှီးလုပ်ကြတယ်။ဆံပင်ကိုတန်ဖိုးထားတဲ့လူဆိုရင်ဆံပင်အတွက်ပိုက်ဆံဘယ်လောက်ပဲကုန်ကုန်ပြုပြင်တယ်။တခြားအရာတွေထက်ဆံပင်အတွက်ကိုပိုပီးအကုန်ခံနိုင်တယ်။ဂီတတူရိယာပစ္စည်းတွေကိုကြိုက်နှစ်သက်သူတွေကလည်းအဲဒီအတွက်ကျန်တာမရှိလည်းနေပါစေ။ အဲဒါကိုပဲစျေးကြီးနေပါလေ့စေ၊ ဝယ်စုတယ်။
ဒီလိုပဲလူတွေဟာသူတို့တန်ဖိုးထားမြတ်နိုးတဲ့အရာအတွက်ကျန်တဲ့အရာကိုအပွန်းပဲ့ခံ နိုင်တယ်။ မုန့်မစားပဲiPhoneဝယ်နိုင်ဖို့လည်းလုပ်တယ်။တစ်ချို့ဆိုကျောက်ကပ်တခြမ်း တောင်ဖြုတ်ရောင်းပီးဝယ်တယ်ဆိုပဲ။
ရှင်မသဲ၇:၆မှာ ဖြူစင်သောအရာကို ခွေးတို့အားမပေးကြနှင့်ပုလဲရတနာ
တို့ကိုဝက်တို့ရှေ့မှာမချထားကြနှင့်လို့ပြောပါတယ်။ အဲ့လို့လုပ်ရင်အဲဒီအရာတွေကို
သူတို့ကကျော်နင်းသွားမယ်လို့ပြောပါတယ်။ဘာကြောင့်လဲ??? သူတို့တန်ဖိုးထားတဲ့
အရာကအဲဒါမမဟုတ်တာ။ တန်ဖိုးရှိမှန်းလည်းသူတို့မသိကြဘူး။
ပုလဲဆိုတာဝက်အတွက်တော့ ရွံ့မှာလူးရတာလောက်ရင်ခုန်စရာကောင်းမှာ
မဟုတ်ဘူး။ ဖိလိပ္ပိ၃:၁၀၁၂မှာ တမန်တော်ကြီးရှင်ပေါလုက ခရစ်တော်ကိုရပီးနောက်
ပိုင်းကျန်တဲ့အရာ တွေကို မစင်ကဲ့သို့ထင်မှတ်တယ်တဲ့။ သူဟာခရစ်တော်ကိုမရခင်က သူ့ရဲ့ပညာ၊ အမျိုးဘာသာစောင့်ရှောက်ရေး၊ ပညတ်တရားနဲ့ သူ့ရဲ့ဂုဏ်သိက္ခါတွေဟာ သူ့အတွက်တန်ဖိုးဖြတ်မရတဲ့အရာတွေဖြစ်ကောင်းဖြစ်နိုင်တယ်။
အခုခရစ်တော်ကိုရလိုက်တဲ့အခါကျတော့ကျန်တဲ့အရာတွေကခရစ်တော်နဲ့ယှဥ်ရင်အဖိုးမတန်တော့ပဲ။အားလုံးကမစင်လိုဖြစ်ကုန်ရော။လုကာ၁၈း၁၈၂၂မှာအရာရှိတယောက်ကယေရှုကိုချဥ်းကပ်ပီးကောင်းမြတ်သောဆရာထဝရာအသက်ကိုအမွေခံရဖို့ ဘာလုပ်ရမလဲလို့မေးတယ်။ ယေရှုခရစ်တော်ကပြောတယ်။ ပညတ်တော်တွေ ကိုစောင့်ရှောက်ပါတဲ့။သူတစ်ပါးမယားမပြစ်မှားနဲ့၊သူ့ဥစ္စာမခိုးနဲ့၊မမှန်သောသက်သေကိုမခံနဲ့မိဘကို ရိုသေစွာပြုလော့စသဖြင့်ပေါ့လေ။အဲဒီပညတ်တွေကဟိုးငယ်စဥ်ကတည်းက
လိုက်လျှောက်လာခဲ့တယ်လို့အရာရှိကပြန်ပြောတော့ယေရှုကကိုယ့်မှာရှိသမျှတွေကိုရောင်းပီးဆင်းရဲသောသူတွေကိုပေးလိုက်ပါ။ ပီးရင်ငါ့နောက်လိုက်ခဲ့ပါတဲ့။ အဲဒီလို လုပ်ရင်ကောင်းကင်ဘုံ၌ဘဏ္ဍာကိုရမယ်လို့ပြောတယ်။ဆိုလိုတာကဘာလဲ။ ထာဝရ
အသက်ရဖို့ရှိတာတွေရောင်းပီးဆင်းရဲတဲ့လူတွေကိုပေးရမှာလား။
ဒါကထာဝရအသက်ရဖို့နည်းလမ်းလား။ မိတ်ဆွေတို့ရောဘယ်လိုထင်သလဲ
တကယ်တော့မင်းတန်ဖိုးထားတဲ့ပစ္စည်းတွေကို ကောင်းကင်နိုင်ငံနဲ့လဲယူနိုင်သလားလို့
သွယ်ဝိုက်ပြောလိုက်တယ်ဆိုတာနားလည်ဖို့လိုတယ်။ကျွန်တော်တို့ဘယ်အရာတွေကိုတန်ဖိုးထားနေလဲမိတ်ဆွေ။