(ပထမပို့စ်ရဲ့အဆက်ပါ)
တကယ်စဥ်းစားကြည့်ရင် လူဘက်ကတရားမျှတတယ်လို့ ဘယ်လိုမှမခံယူနိုင်ပါ။ တကယ်ကြီးပါ။ ဘုရားကတစ်ချို့လူတွေအတွက်ကျကယ်တင်ခြင်းရဖို့ဖြစ်စေပီး တချို့လူတွေကျ ဘုရားက မရွေးချယ်ဘူးလေ။ ရောမ၉တစ်ခန်းလုံးနီးပါးဘုရားကသူ့စိတ်ကြိုက်သူ့သဘောကိုပြထားတယ်။ ယာကုပ်နဲ့ဧသောကလောကကြီးထဲကိုမရောက်လာသေးဘူး၊ အမိဝမ်းထဲမှာပဲရှိသေးတယ်။ အပြစ်ကင်းစင်သေးတဲ့အချိန်လို့ပြောနိုင်တယ်။ (လူသားရှုထောင့်ကနေ)
သို့သော်ဘုရားကယာကုပ်ကိုငါချစ်တယ်ဧသောကိုငါမုန်းတယ်တဲ့လား။ ဧသောကယာကုပ်ဆီမှာကျွန်ခံရမယ်တဲ့။ ဒီနေရာမှာဘုရားကလူတွေရဲ့အကျင့်အပေါ်မှာမူတည်ခြင်းမရှိပဲသူ့ရဲ့အလို သူ့ရည်ရွယ်ချက်အတွက်လို့ပဲကျမ်းစာကပြောတယ်နော်။ (ရောမ၉:၁၁) ဘုရားသခင်မတရားဘူးလို့ မိတ်ဆွေပြောခွင့်မရှိဘူးနော်
(ရောမ၉:၁၄-၁၅/၁၈) ဘုရားအလိုတော်ကိုဘယ်သူဆီးတားမလဲ။
ဘုရားသခင်ရဲ့အလိုကိုငြင်းဆန်ရအောင် ခင်များကဘာမလို့လဲလို့ပြောထားတယ်နော်ကြည့်ပါအုံး(ရောမ၉:၁၉-၂၀) ပြောရရင်တော်တော်လေးကြမ်းတယ်။ ဒီစာကိုဖတ်ရင်းနဲ့တော်တော်ခံစားနေရပီမှလား။ အငယ်၂၁ လေးကိုဆက်ဖတ်ရင်လည်းဒီလိုပဲဘုရားဟာအိုးလုပ်သူလူသားတွေဟာ အိုးလေးတွေပဲ။ ကဲ ဒီကိစ္စကိုစိတ်ထဲမှာအလုံးကြီးကျသွားအောင် ပထမဘာလုပ်ရမလဲဆိုရင် မိမိကိုယ်ကိုပြန်မြင်အောင်လုပ်ရပါမယ်။ ဆာလံ ၅၀း၂၁မှာ ဘုရားရဲ့ဖြစ်ခြင်းနဲ့ ကျွန်တော်တို့ရဲ့ဖြစ်ခြင်းက မတူဘူး။ လုံးဝလုံးဝကို မတူဘူးဆိုတာ သိဖို့လိုပါတယ်။
(သိဖို့သိဖို့)** ဟေရှာယ၅၅:၈ မှာငါ၏အကြံအစည်သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။
(သိဖို့) လောကမှာကိုကဘုရားကအမှုတော်မှာ ရွေးခေါ်သူတွေကို ၁ကော၁:၂၆-၂၇ ကိုဖတ်ပီး ဆင်ခြင်ပါအုံး။
ဆာလံ၁၀၅:၄၃ဆာလံ၁၃၅:၄/တရားဟောရာကျမ်း၇:၆
ထာဝရဘုရားကယာကုပ်ကိုရွေးပီး က္ကုသရေလအမျိုးဘဏ္ဍာတော် ဖြစ်စေဖို့ရွေးကောက်တယ်။ ဘုရားကရွေးတဲ့အကြောင်းပြချက်ကို တရားဟောရာကျမ်း ၇:၇မှာပြောထားတယ်။ သိပ်တော်လို့ သိပ်လိမ္မာလို့တော့မဟုတ်ဘူး။ အခြားသောလူမျိုးတကာတို့ထက် အားနည်းလို့ဖြစ်တယ်လို့ဖော်ပြတယ်။။ မသဲ၂၄:၂၄မှာတော့ ရွေးချယ်ထားတဲ့လူတွေကို လှည့်ဖျားနိုင်လောက်တဲ့ မိစ္ဆာပရောဖက်တွေလည်းရှိလာလိမ့်မယ်လို့သတိပေးထားတယ်။ ဒီမှာကျွန်တော်တို့သိရမယ့်အချက်ရှိတယ်။ ဘုရားကသတိပေးထားတယ်နော်။ control မလုပ်ဘူး၊ မထိန်းချုပ်ဘူး။ ရွေးချယ်တာတော့ရွေးချယ်တာပဲ။ သို့သော်မထိန်းချုပ်ဘူး။
စောစောကျွန်တော်ပြောခဲ့တယ်မလား။ဧသောကိုမုန်းပီးယာကုပ်ကိုချစ်တဲ့ကိစ္စ။ ဘုရားကသူတို့မမွေးခင်ကတည်းက သူတို့ရွေးမယ့်လမ်းနဲ့သူတို့လျှောက်မယ့်လမ်းကို။။မြင်ပီးသားဖြစ်တယ်ဆိုရင်စာဖတ်သူလက်ခံမလား။ ခရစ်တော်က ပေတရုကိုပြောတယ်။ မင်းကြက်မတွန်ခင်သုံးကြိမ် ငါ့ကိုကြိမ်ငြင်းပယ်မယ်နော်လို့ မသဲ၂၆:၃၄ မှာကြိုပြောခဲ့တယ်။ ယေရှုကကျမ်းစာလာတဲ့အတိုင်းဆိုရင်ဒီလိုတွေရှိတယ်နောဆိုပီးလုကာ၂၆:၃၁မှာကြိုပြောတယ်။တမန်တော်၂း၂၃မှာလည်း ဒီကိစ္စကိုရှင်းအောင်ပြောထားပီးသားတိုက်ဆိုင်မှုမဟုတ်ဘူး။ အနာဂတံသညဏ်နဲ့မြင်ပီးသားဖြစ်တယ်။
လုကာ၂၂:၆၁မှာပေတရုကခရစ်တော်ကို၃ကြိမ်ငြင်းပယ်ပီးမှခရစ်တော်ကသူ့ကိုကြည့်လိုက်တဲ့အချိန်မှာ ပြန်သတိရသွားတာမြင်ရတယ်။ ဆိုလိုတာကမင်းဒီလိုဖြစ်ဖို့ငါကြိုတင်စီစဥ်ထားပီးဖြစ်တယ်လို့ ဆိုလိုချင်တာမဟုတ်ဘူးနော်။ အဲဒီလိုရွေးချယ်လိမ့်မယ်လို့ ကြိုတင်သိနေခဲ့တာ။ လူကို Free Choice ပေးထားခဲ့တာအတင်းကာရောမလုပ်ဘူး။ ရောမ၉ထဲက ကိစ္စကိုပြန်ကောက်ရင် အငယ်၂၂မှာ ပျက်စီးခြင်းအဖို့ပြင်ဆင်တဲ့ အမျက်ခံရာအိုးတွေအတွက်လို့ဆိုလိုတာက ဘုရားကိုပုန်ကန်နေသူတွေအတွက်အလွန်သီးခံခြင်းနဲ့နောင်တတရားနဲ့ပြန်လာဖို့အခွင့်အရေးတွေပေးနေတယ်ဆိုတဲ့အချက်ကိုကြည့်ရင် မင်းနောင်တနဲ့ပြန်လာဖို့ငါစောင့်မယ်။
You still have a chance ဆိုတာမျိုးပေါ့။ လူကိုအတင်းတော့မလုပ်ဘူး။ သူ့ရဲ့ ရွေးချယ်မှုပဲ။ မင်းကိုလူဆိုးဖြစ်ဖို့ငါခွဲ့ခန့်မှတ်သားထားတာမဟုတ်ဘူ။သို့သော်မင်းဒီလိုမျိုးရွေးချယ်မှုလုပ်ရင် ဒီလိုသွားမယ်ဆိုတာကိုကြိုမြင်ထားတယ်။သို့သော် ဘုရားကကြီးစွာသောသီးခံခြင်းနဲ့စောင့်မယ် နောင်တရဖို့ဖြစ်တယ်။
#AUNG MYINT MYAT