ဒီမေးခွန်းဟာ Theological Issue တစ်ခုဖြစ်သလို စဥ်းစားစရာတွေပါနေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီမေးခွန်းကိုဖြေရှင်းတဲ့အခါမှာ သမ္မာကျမ်းစာကိုအခြေခံပီးပဲဝေမျှပါမယ်။သမ္မာကျမ်းစာအားဖြင့်ပြောရရင်တော့ဘုရားသခင်ရဲ့ရှေးမဆွကကြိုတင်ခွဲခန့်မှတ်သားမှု မရှိရင်ကယ်တင်ခြင်း မရနိုင်ဘူးလို့ပဲပြောနိုင်ပါတယ်။ ဒါဆိုပွဲကလှသွားပီတကယ်တော့ ရှေးမဆွကခွဲခန့်မှတ်သားခြင်းဆိုတဲ့နေရာမှာ John Calvin ရဲ့ ဓမ္မအတွေး အခေါ်နဲ့ Arminian ဓမ္မအတွေးခေါ်ကြားရှုပ်ထွေးမှုလေးတွေရှိနေတတ်တာကြောင့် ဒီပိုစ်ကို တတ်နိုင်သမျှရှင်းအောင် ဖော်ပြပါမယ်။ထပ်မံအားဖြည့်ပါဝင်ချင်သူတွေကိုလည်းကြိုဆိုပါတယ်။
ဒီ issue ဟာဒီနေ့အထိ အမြင်မျိုးစုံကွဲလွဲမှုရှိနေတာကြောင့်ရာနှုန်းပြည့်ဆိုတဲ့ စိတ်ကျေနပ်မှုမျိုးမရနိုင်ရင်တောင် ကျွန်တော်တို့ယုံချက်ရဲ့တစိတ်တပိုင်း ခိုင်မာမှုကိုဖြစ်စေမှာပါ။ ဒီကိစ္စနဲ့ပတ်သက်တဲ့ အယူအဆအတွေးအမြင်များကို ကြိုဆိုပါတယ်။But should be Biblical point of view ကတော့ဖြစ်ရပါမယ်။ရောမ၃:၁၁အရဘုရားကို အပြည့်အဝနားလည်တဲ့လူမရှိဘူးတဲ့။ ဘုရားသခင်ကိုရှာတဲ့လူဆိုတာမရှိဘူးလို့ပြောတယ်။ ယောဟန်၆:၄၄ မှာဆိုရင် ယေရှုခရစ်ကငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည်သွေးဆောင်တော်မမူလျှင်အဘယ်သူမျှငါ့ထံသို့မလာနိုင်၊လာသောသူသည်နောက်ဆုံးသောနေ့၌ငါထမြောက်စေမည်” လို့ ပြောထားတယ်။ ဆိုလိုတာက ယေရှုခရစ်နဲ့တွေ့ဖို့ကိစ္စကဘုရားကမစီစဥ်ရင်မတွေ့နိုင်ဘူး။
လူကကိုယ့်ဟာကိုဘုရားကိုရှာလို့တွေ့လာတာမဟုတ်ဘူးလို့ပြောတာ။၄၅မှာဆက်ကြည့်ရင် အနာဂတ်ကိုကြိုပီးပြောထားတဲ့ အရေးအသားကိုမြင်ရမယ်။ ယုံကြည်သူဖြစ်လာဖို့ကအစကတည်းကဘုရားကကြိုတင်စီစဥ်ထားရှိတဲ့လူတွေဖြစ်တယ်ဆိုတဲ့အဓိပ္ပါယ်မျိုးကိုတွေ့ရတယ်။ ကယ်တင်ခြင်းရဖို့ဆိုရင်လူတစ်ယောက်ဟာ သူဘုရားကိုယုံတယ်၊ မယုံဘူးဆိုတဲ့ရွေးချယ်နိုင်မှုကတော့ရှိနေတယ်။ လူတော်တော်များများထင်တာကယေရှုခရစ်တော်ကိုရွေးချယ်လိုက်ရင်ကယ်တင်ခြင်းရမှာဖြစ်ပီး၊ မရွေးချယ်ရင်၊ ကယ်တင်ခြင်းမရဘူး လို့ပဲမြင်ကြတယ်။ဟုတ်သလိုလိုပဲ။ ကယ်တင်ခြင်းရခြင်း၊ မရခြင်းဟာမိမိဆုံးဖြတ်ချက်အပေါ်မူတည်တယ်လို့ ပြောရင်လူ့အပိုင်းကမမှားဘူး။
ကဲဧဖက်၁:၄-၆မှာတော့ ကမ္ဘာမတည်ရှိခင်ကတည်းကငါတို့ကိုခရစ်တော်၌ရွေးကောက်ပီးသားဖြစ်တယ်လို့ ဖော်ပြတယ်။ For he chooses us in hm before the creation of the world လို့ဖော်ပြတယ်။ ခရစ်တော်ထဲမှာရှိဖို့ဟိုးကတည်းကပြင်ဆင်ထားတာဖြစ်ပီးအခုမှကိုယ့်သဘောနဲ့ကိုယ်ရွေးချယ်လိုက်တာမဟုတ်ဘူးလို့ ဆိုလိုတယ်။ ခရစ်တော်ထဲမှာရှိဖို့ဟိုးကတည်းကပြင်ဆင်ထားတာခုမှကိုယ့်သဘောနဲ့ကိုရွေးချယ်လိုက်တာမဟုတ်ဘူးလို့ ဆိုလိုတယ်။
ဒီမှာဇတ်လမ်းစပီ ဘုရားကလူတစ်ချို့ကို ရှေးမဆွကတည်းကစီစဥ်ထားပီး၊တချို့လူကယ်တင်ခြင်းမရဘူး။ ကြည့်ပါအုံး။ ယုဒရှကာရုတ်ကျတော့ခရစ်တော်ကိုအပ်နှံဖို့မွေးလာရသလိုဖြစ်ပီး တချိန်လုံးဆိုးလာခဲ့တဲ့ထားပြကြီးကလက်ဝါးကားတိုင် ပေါ်ရောက်မှ ခရစ်တော်က ပရဒိသုဘုံကိုပေးဝင်ခိုင်းတာ။ ဧဝံဂေလိသတင်းစကား မပြောရင်လည်း ဘုရားက ရှေးမဆွက ရွေးထားရင် ကယ်တင်ခြင်းရမှာပဲ ဘာလို့ လုပ်နေတော့မလဲ။ မတရားဘူးလို့ပြောကြမှာတော့အမှန်ပဲ။
ရင်နာစရာကောင်းတာတစ်ခုပြောပြမယ်။ ရောမ ၉:၁၁-၁၃ ကိုကြည့်ပါအုံး ယာကုပ်နဲ့ ဧသောကမွေးတောင်မမွေးသေးဘူး။ သူတို့အမေဗိုက်ထဲမှာပဲရှိသေးတယ်။ အဲဒါကို ယာကုပ်ကိုချစ်ပီး၊ဧသော ကိုမုန်းတယ်လို့ ဘုရားကပြောရက်တာ။ ကလေးတွေကမွေးတောင်မလာသေးဘူးလေ၊ ဘာအပြစ်မှတောင်မလုပ်ရသေးဘူး။ရောမ၉:၂၁မှာလည်းကြည့်အုံး။ အိုးထိန်းသမားတစ်ယောက်ကကောင်းတဲ့အိုးလည်းလုပ်မယ်၊ မကောင်းတဲ့အိုးလည်းလုပ်ပိုင်တယ်မဟုတ်လားတဲ့။စောဒကမတက်နဲ့ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့ ပုံစံမျိုးကိုမြင်ရတော့ကဲဘယ်လိုလဲပြန်လာခဲ့မယ်နော်ဖြေရှင်းချက်ကလည်းကျမ်းပိုဒ်အကိုးကားတွေရှိနေတော့ ရှည်မှာစိုးလို့ပါ။အားလုံးပီးသွားရင် Live ကလေးတစ်ချက်လွှင့်ပီး Summarize လေးလုပ်ဖို့
ကြိုးစားကြည့်မယ်။