နာကျင်စရာအခိုက်အတန့်အခြေအနေတွေမှာ အရယူနိုင်မယ့်တန်ဖိုးရှိသောအရာများ

 

ယုံကြည်သူတစ်ယောက်ဖြစ်လာရင်ခက်ခဲတဲ့အချိန်ပဲဖြစ်ဖြစ်နာကျင်ကြေကွဲရတဲ့အချိန်ပဲဖြစ်ဖြစ်၊ပျော်ရွှင်ကြည်နူးရတဲ့အချိန်ပဲဖြစ်ဖြစ်၊အဲဒီအချိန်တွေဟာဘုရားလက်ထဲမှာဖြစ်တယ်။ ဘုရားဟာ အချိန်တွေကိုပိုင်တယ်ဆိုတာကို သိထားရမှာပါ။

God only allows a tough time for a good purpose ဘုရားကခက်ခဲတဲ့အခြေအနေ.တွေကို အဓိပ္ပါယ်မဲ့ပေးတွေ့တာမဟုတ်ပဲ ကောင်းတဲ့ရည်ရွယ်ချက်တစ်ခုခုရှိတယ်ဆိုတာနားလည်ရမှာပါ။

 

နာကျင်ခြင်းမှရလာသောတန်ဖိုးများ

၁) ယော၁၅:၂ အပြုပြင်ခံရတဲ့အခိုက်အတန့် ကျွန်တော်တို့ဘဝမှာ တချို့အရာတွေဟာ

ဖြတ်တောက်လိုက်မှအသီးအပွင့်တွေဝေဆာလာမှာဖြစ်တယ်။ကိုယ်ကတော့ကြိုက်နေပေမဲ့အပင်တွေလိုပဲအသီးမသီးတဲ့အပိုင်းတွေကိုဖြတ်တောက်ရတဲ့အခိုက်အတန့်တွေယုံကြည်သူတိုင်းမှာရှိတယ်။ဘုရားပုံသွင်းခြင်းကိုခံရတဲ့အခိုက်အတန့်မှာတော့နာကျင်သလိုလိုဖြစ်ပေမဲ့ရင့်ကျက်ခြင်းအသီးအပွင့်တွေရလာချိန်မှာတော့သက်သေခံဖို့တစ်ခုဖြစ်လာပါတယ်။

၂) နှုတ်ကပတ်တော်ရဲ့လမ်းညွှန်ပေးမှု

ဆာလံ၁၁၉:၆၇မှာအကျွန်ုပ်သည်အဆင်းရဲမခံမှီလမ်းလွဲပါ၏။ ယခုမူကားဗျာ

ဒိတ်တော်အတိုင်းကျင့်စောင့်ပါ၏။ဒါကသိပ်အရေးကြီးပါတယ်။နှုတ်ကပတ်တော်အတိုင်းနာခံလိုက်လျှောက်ဖို့ဖြစ်လာစေပါတယ်။လမ်းလွဲသူအတွက်လမ်းမှန်ကိုပြန်ပီး ပြပေးနေတာကသမ္မာတရားလမ်းပါ။ယုံကြည်သူတွေလမ်းလွဲတတ်ပါတယ်။သို့သော်လမ်းပျောက်နေရင်သမ္မာတရားကလမ်းကြောင်းမှန်ပေါ်ပြန်ပို့ပေးမယ်။

၃) ဘုရားသခင်နဲ့ပိုထိတွေ့ဖို့အခွင့်အရေးရရှိ

ဆာလံ၄၆:၁မှာဘုရားသခင်သည်ငါတို့ခိုလှုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏။ဘေးရောက်သည့်ကာလ အထူးသဖြင့် ကူမတော်မူကြောင်းထင်ရှားလျက်ရှိ၏။ ဘုရားသခင်အကြောင်း ပိုသိလာရတဲ့အချိန်တွေဖြစ်ပါတယ်။ပိုလည်းရင်းနှီးလာစေပါတယ်။

၄) ဘုရားသခင်ကိုပိုပီးကိုးစားတတ်လာပါတယ်။

ကိုးစားတယ်ဆိုတာ ဘုရားသခင်အပေါ်မှာအမှီပြုခြင်း၊အားကိုးခြင်းကို

ပြောတာပါ။ အင်္ဂလိပ်လို rely on God လို့ခေါ်တယ်။ ၂ကော၁:၈-၉မှာ တမန်တော်

ရှင်ပေါလုကြီးက သူ့ဘဝမှာအသက်တောင်သေတော့မယ်ဆိုတဲ့ ဆင်းရဲခြင်းကို

ကြုံတွေ့နေချိန်တောင် ကိုယ့်ဟာကိုအားမကိုးပဲဘုရားကိုကိုးစားခြင်းတစ်ခုနဲ့ပဲ

ဖက်တွယ်မယ်ဆိုတဲ့ သူ့ခံယူချက်ကို မြင်ရပါတယ်။

၅) ရင့်ကျက်လာစေပါတယ်။

ယုံကြည်ခြင်းအရာမှာပိုမိုရင့်ကျက်လာစေပါတယ်။ယာကုပ်၁:၄မှာတော့သီးခံခြင်းနဲ့ဇွဲလုံ့လရှိခြင်းဟာပိုမိုရင့်ကျက်သူအဆင့်အထိကိုတွန်းပို့ပါတယ်။

Perseverance must faith its work so that may be mature and complete, not lacking anything. (James1:4)

မြန်မာလိုမှာတော့ သီးခံခြင်းစိတ်ဟာ အကုန်အစင် ပြုပြင်ပါစလို့တွေ့ရတယ်။

၆) ဘုရားသခင်ထံမှသက်သာခြင်းနဲ့ကောင်းကြီးမင်္ဂလာ

၂ကော၁:၃-၄မှာဘုရားသခင်က ဒီလိုပြသနာအခက်ခဲဆင်းရဲတွေကြားထဲမှာ

သက်သာစေခြင်းအခွင့်ပေးတယ်ဆိုတဲ့နှုတ်ကပတ်တော်ကို တွေ့မြင်ရပါတယ်။

သမ္မာကျမ်းစာထဲမှာယောသပ်၊စာရာ၊ယောဘ၊ဒံယေလစတဲ့လူတွေဟာ ဒီလိုအခြေအနေထဲကနေ ဖြတ်ကျော်လာသူတွေဖြစ်တယ်။

#AUNG MYINT MYAT

 

Leave a Reply

Your email address will not be published. Required fields are marked *