တကယ်တော့ကျွန်တော်တို့သိကြတာပဲခရစ်တော်ဟာဓမ္မသစ်ကာလမှာစတင်ပီးပေါ်ပေါက်လာတယ်။ AD3ဝန်းကျင်ပေါ့လေ။ အာဗြဟံတို့ နောဧတို့နဲ့လူချင်းမတွေ့ခဲ့ဖူးဘူး။ အဲဒီတော့ဒီကစ္စကိုစဥ်းစားရင် ခရစ်တော်ဟာ ဓမ္မဟောင်းကျမ်းမှာမရှိဘူးလို့ပြောနိုင်တယ်။ လူတယောက်အကြောင်းကိုစပြောရင်အဲဒီလူမွေးတဲ့အချိန်ကနေစပြောရတာဖြစ်တယ်။ မမွေးခင်အချိန်ကနေပြောလို့မရနိုင်ဘူး။
ဒါပေမဲ့ခရစ်တော်အကြောင်းကိုတော့ ခရစ်တော်မမွေးခင်ကတည်းကပြောလို့ရတယ် ဆိုရင်မိတ်ဆွေလက်ခံမလား။ခရစ်တော်မမွေးခင်ဆိုတော့ သခင်ခရစ်တော်အကြောင်း ဘယ်လိုသိနိုင်ပါ့မလဲ။ သို့သော်ခရစ်တော်ကိုယ်တိုင်ကဘာပြောလဲဆိုတော့ ဓမ္မဟောင်းကျမ်းထဲမှာ သူပါတယ်လို့ပြောတယ်။ စိတ်ဝင်စားစရာပဲ ဘယ်လိုတွေပါနေပါလိမ့်။
ကဲကြည့်ရအောင် ယောဟန်၅း၄၆မှာ ခရစ်တော်ကမောရှေကငါ့အကြောင်းကိုရေးတယ်လို့ ပြောထားတယ်။ ရှင်လုကာ၂၄:၂၇မှာ”မောရှေမှစ၍ပရောဖက်တို့၏ကျမ်းစာများ၌ကိုယ်တော်ကို ရည်မှတ်၍ရေးသမျှသောကျမ်းစာချက်အနက်ကိုရှင်းလင်းစွာ ဖော်ပြတော်မူ၏”လို့ တွေ့ရတဲ့အခါမှာ “ကိုယ်တော်”ဆိုတာ ယေရှုခရစ်တော်ကိုရည်ညွှန်းချင် တာဖြစ်ပါတယ်။
ဓမ္မဟောင်းကျမ်းမှာပါရှိတဲ့ ဟေရှာယအနာဂတ္တိကျမ်း ၅၃:၁၀-၁၂ ဟာ သခင်ခရစ်တော်ရဲ့ အသေခံပီး အပြစ်မှဖြေလွှတ်မယ့် အကြောင်းပဲဖြစ်တယ်။ရှင်လုကာ၂၂:၃၇ဟာပရောဖက်ယေရှာယရဲ့ ပုရောဖက်ပြုချက်ပြည့်စုံဖို့အကြောင်းမကြာမီ ပြည့်စုံတော့မယ်ဆိုတဲ့အကြောင်းယေရှုခရစ်တော်ကပြောနေပါတယ်။ဒီပုရောဖက်ပြုချက်တွေနဲ့ ခရစ်တော်ရဲ့ အသေခံခြင်းရှင်ပြန်ထမြောက်ခြင်း၊ကျမ်းစာပြည့်စုံခြင်းရဲ့အကြားမှာနှစ်ပေါင်း၃၀၀ကျော်ကြာပါတယ်။
ဟေရှာယ၇း၁၄မှာယေရှုခရစ်ဟာ အပျိုကညာကနေမွေးလာမယ်လို့ပုရောဖက်ဟေရှာယအားဖြင့်နှစ်ပေါင်း ၃၀၀ကျော်ကတည်းကမှတ်တမ်းရှိပီးသားဖြစ်တယ်။ ဟေရှာယ၆၁:၁ရဲ့ ပုရောဖက်ပြုချက်ဟာ လုကာ၄:၈-၂၁မှာ ပြည့်စုံသွားပီဖြစ်ကြောင်းယေရှုခရစ်ကပြောခဲ့တယ်။ ဓမ္မဟောင်းကျမ်းတွေထဲမှာ လူတွေကိုဘုရားကဆက်သွယ်တဲ့နေရာတွေမှာလူပုံသဏ္ဍန်တွေနဲ့ဆက်သွယ်ချဥ်းကပ်မှုပြုတယ်။
(ကမ္ဘာဦး၁၈:၁-၃၃၊ကမ္ဘာဦး၁၆:၇-၁၄၊၂၂:၁၁ ၁၈/တရားသူကြီး၅:၂၃/
ဓမ္မရာဇဝင်စတုတ္ထစောင်၁၉:၃၅/ ဒံယေလ၃:၂၅)
သို့သော်ခရစ်တော်ကို ဓမ္မဟောင်းကျမ်းထဲမှာတိုက်ရိုက်ပုံစံမျိုးတွေမဟုတ်ပဲနဲ့နက်နဲစွာမြှုပ်ကွက်ကလေးတွေနဲ့ထားထားပါတယ်။ ဓမ္မဟောင်းကျမ်းထဲမှာဖော်ပြတဲ့လူပုဂ္ဂိုလ်သို့မဟုတ် အရာဝတ္ထုတခုခုဟာ နောင်လာမယ့်ဓမ္မသစ်ကျမ်း မှာတွေ့ရမယ့် ရှေ့ပြေးနိတ်မိတ်ပုံဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ဆိုကြပါစို့မောရှကိုကြည့်ရအောင်၊မောရှေဟာကျွန်ဘဝရောက်နေတဲ့သူ့လူတွေကိုကယ်ထုတ်ရာမှာ အီဂျစ်ပြည်မှာရှိတဲ့စာတန်မှောင်မိုက်တန်ခိုးတွေ၊ မှော်ပညာတွေ၊ နတ်ဘုရားတွေရဲ့ကြားထဲကနေလွတ်မြောက်အောင်ကယ်ထုတ်ခဲ့သလို ဓမ္မသစ်ကျမ်ထဲမှာ အပြစ်ရဲ့ကျွန်စာတန်ရဲ့မှောင်မိုက်တန်ခိုးထဲကနေ အလင်းထဲကိုခေါ်ဆောင်လာခဲ့တဲ့ ယေရှုခရစ်တော်ရဲ့ရှေ့ပြေးနိမိတ်တစ်ခုဖြစ်တယ်။
ကမ္ဘာဦး၂၂:၈မှာအာဗြဟံကသူ့သားကိုယဇ်ပူဇော်ဖို့လုပ်ခဲ့ပေမဲ့ဘုရားကယဇ်ရှို့စရာဖို့သိုးသူငယ်ကိုပြင်ဆင်ပေးခဲ့တယ်။ က္ကုဇက်ကိုယဇ်ပူဇော်ဖို့ဖြစ်ပေမဲ့တကယ်တော့ဘုရားက သိုးသူငယ်လေးနဲ့ အစားထိုးပေးခဲ့တဲ့အရာဟာ ခရစ်တော်ကိုပုံဆောင်ထားတဲ့မြှုပ်ကွက်လေးပါ။ တောလည်ရာကျမ်း၂၁:၄-၉ မှာတွေ့ရတဲ့တိုင်ပေါ်မှာချိတ်ဆွဲထားတဲ့မြွေရုပ်ကိုမြွေဆိပ်သင့်နေသူတွေက မော့ကြည့်ရင်ရောဂါပျာက်ကင်းစေသလိုယောဟန် ၃း၁၄ မှာ ခရစ်တော်ကိုလည်း တိုင်ပေါ်မှာချိတ်ဆွဲထားခြင်းခံရမယ်ဆိုတဲ့ရှေးပြေးနမိတ် ပုံရိပ်တခုဖြစ်ပါတယ်။ဓမ္မဟောင်းကျမ်းထဲမှာရှိတဲ့တဲတော်သည်လည်း သခင်ခရစ်တော်ကိုပုံဆောင်ထားချက်တစ်ခုဖြစ်တယ်။ ယဇ်ပလ္လင်မှာယဇ်ပူဇော်ခြင်းအပြစ်ဖြေခြင်းမှာကိုယ်စားအသေခံခြင်း စနစ်ပုံစံတွေဟာ သခင်ခရစ်တော်ရဲ့ ရှေ့ပြေးပုံရိပ်တွေကိုထင်ဟပ်စေတယ်။ ယော၄:၁၄မှာ တဲတော်အဝမှာထားတဲ့ ရေလက်ဆေးအင်တုံရဲ့အဆက်အစပ် မှာရေဟာခရစ်တော်ကိုပုံဆောင်သလိုခရစ်တော်ဟာအသက်ရဲ့စမ်းရေ၊တဲတော်မှာဆီမီးထွန်းရတဲ့ပုံဆောင်ချက် (ယောဟန်၉:၅)/ စားပွဲပေါ်မှာတင်ထားတဲ့မုန့်ဟာ ခရစ်တော်ဟာအသက်မုန့်ဖြစ်ကြောင်းပုံဆောင်ချက် ယော၆:၃၅)
ရောမ၈:၃၄၊ဟေဗြဲ၇:၂၅ ကြားခံဆုတောင်းပေးခြင်းသခင်ခရစ်တော်ရဲ့ခမည်းတော်ထံအယူခံပေးခြင်းကိုပုံဆောင်ထားပါတယ်။ ပြောရရင်သူမွေးတဲ့အချိန်ကနေ ရှင်ပြန်ထမြောက်သွားတဲ့အထိ ဓမ္မဟောင်းရဲ့ဖော်ပြချက်နဲ့ ပြည့်စုံ ချက်တွေတော့ အများကြီးရှိနေပေမဲ့ စာရှည်သွားမှာစိုးလို့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါတယ်။
မှတ်ချက် ကျမ်းစာတစ်ခုလုံး(ဓမ္မဟောင်း+ဓမ္မသစ်)ဟာ ခရစ်တော်ရဲ့ ရှေ့ပြေးပုံရိပ်ရဲ့အဆက်အစပ်တွေနဲ့ဖွဲ့စည်းပီး၊သန့်ရှင်းသောဝိညဥ်တော်တန်ခိုး၊
ခမည်းတော်ရဲ့အကြံအစည်တွေနဲ့အံမခန်းရေးသားထားတဲ့မှတ်တမ်းတစ်ခုပါ။
#AUNG MYINT MYAT