လူတိုင်းလူတိုင်းမှာစိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေ၊မောပမ်းမှုတွေရှိပါတယ်။လူသားတိုင်းမှာရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာကြေကွဲခြင်း၊နာကျင်မှုနဲ့ပတ်သက်ရင်ပုံစံတွေအမျိုးမျိူးရှိပါတယ်။ တချို့လူတွေကတေ့သမရိုးကျသဘာဝအတိုင်းစိတ်နာကျင်ခံစားမှုတွရှိတတ်တယ်။ ဥပမာအားဖြင့်လူငယ်တွေဆိုအသဲကွဲတာမျိုး၊မိသားစုဝင်ထဲကတစ်ယောက် ယောက်ထိခိုက်မိတာ၊ဆုံးရှုံးရတာမျိုးပေါ့။
သို့သော်တချို့စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကျတော့သဘာဝအတိုင်းသမရိုးကျမဟုတ်ဘူး။ တစုံတယောက်ကအနိုင်ကျင့်တာ၊နှိပ်စက်တာမျိုးတွေ၊ ရုပ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေ၊အပါအဝင်ပေါ့။
ဒီလိုအဖြစ်အပျက်တွေနဲ့ ကြုံလာခဲ့ရင် အိပ်မပျော်တဲ့ လက္ခဏါတွေ၊ ဒေါသထွက်မှု၊ဝမ်းနည်းမှု၊အားငယ်မှု၊အထီးကျန်မှုတွေ၊စိတ်ပျက်မှု၊ခါးသီးမှု၊ကြောက်ရွံ့မှုစတဲ့လက္ခဏာတွေ ဖြစ်ပေါ် လာမယ်။ ရှေ့ဆက်ပီးဘာတွေဖြစ်လာမလဲ၊ တစ်ယောက်တည်းပဲနေချင်လာတယ်။တစ်ခြားလူတွေအပေါ်ယုံကြည်မှုတွေကင်းမဲ့လာမယ်။
မိတ်သဟာယနဲ့ပေါင်းသင်းဆက်ဆံရေးတွေပြတ်တောက်ပီးလူမှုအသိုင်းအဝိုင်းတွေထဲမှာပါဝင်မှုမရှိတော့ဘူး။ ဘဝမှာအသက်ရှင်နေတာ အဓိပ္ပါယ်မဲ့နေပီလို့ခံစားလာရမယ်။ ဒါဟာယုံကြည်သူ တစ်ယောက်အတွက် အန္တရာယ်မှတ်ကိုရောက်နေပါပီ။ ဘဝမှာရည်ရွယ်ချက်ပန်းတိုင်တွေပျောက်ဆုံးစပြုပီဆိုရင်တော့emotional healing စိတ်ပိုင်းဆိုင်ရာကုစားဖို့လိုနေပါပြီ။ ဘာသာရေးရှုထောင့်တစ်ခုအနေနဲ့ ယေရှုခရစ်တော်ကို လက်ခံလိုက်ရင် ချက်ချင်းဒီ ခံစားမှုယူပစ်သလိုပျောက်သွားမယ်လို့တစ်ချို့လူတွေပြောကောင်းပြောကြလိမ့်မယ်။
ယေရှုခရစ်တော်က မသဲ၂၆:၄၁မှာစုံစမ်းနှောင့်ယှက်ခြင်းနဲ့ကင်းလွတ်ဖို့ဆုတောင်းပီးစောင့်ရမယ်၊ စိတ်ဝိညာဥ်ထဲကစေတနာရှိပေမဲ့ ကိုယ်ခန္ဓာကတော့အားနည်းတဲ့အကြောင်း ပေတရုကိုပြောပါတယ်။
ရောမ၇:၁၈-၂၅မှာကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကကောင်းတဲ့အကျင့်ကိုသိပေမဲ့မလိုက်နိင်တဲ့ အကြောင်းပြောထားပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေဟာချက်ချင်းပျောက်ကင်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဆိုပေမဲ့အောက်ပါအချက်တွေနဲ့တစ်ဆင့်ပီးတစ်ဆင့်ကုစားသွားရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ရဲ့ယုံကြည်မှုနဲ့ နာခံလိုက်လျှောက်မှုက အဓိကအရေးကြီးတယ်ဆိုတာ သိထားဖို့လိုပါတယ်။
၁။ နှုတ်ကပတ်တော်ကိုစဥ်းစားဆင်ခြင်ပါ။
သုတ္တံ၄:၂၂မှာတရားစကားကိုတွေ့သောသူတို့သည် အသက်ရှင်ခြင်း၊တကိုယ်လုံးကျန်းမာခြင်းအကြောင်းကို တွေ့ရပီလို့ပြောထားတယ်။
အဆုံးထိဆက်ဖတ်ကြည့်ရင် ဘဝမှာဘယ်လိုအသက်ရှင်ရမယ်ဆိုတာနားလည်လာပီး
အဓိပ္ပါယ်ရှိလာလိမ့်မယ်။
ဆာလံ၁:၁-၃ နှုတ်ကပတ်တော်ကိုဆင်ခြင်အောက်မေ့ခြင်းရဲ့တန်ဖိုးကြီးမားမှုကို
နားလည်လာလိမ့်မယ်။
၂။ မိမိကိုယ်ကိုအရှိတိုင်းမြင်တတ်ပါ။
မိမိကိုယ်ကိုဘယ်တော့မှလိမ်ညာဖို့မကြိုးစားပါနဲ့ မိမိရဲ့အမှားသို့မဟုတ်အပြစ်ကိုသိပီးဝန်ချတတ်အောင်ကြိုးစားပါ။
(၁ယော၁:၉)
၃။ မိမိအတွေးများကိုထိန်းချုပ်တတ်စေပါ။(၂ကော၁၀:၅)
အဓိပ္ပါယ်မရှိတဲ့အရာတွေကိုယ့်အတွက်ရောသူများအတွက်ပါ အကျိုးဖြစ်ထွန်းမှုမရှိတဲ့ အတွေးတွေနဲ့ အချိန်မကုန်ပါနဲ့။ အထူးသဖြင့်သမ္မာတရားနဲ့ဆန့်ကျင်တဲ့အတွေးတွေကိုအဝင်မခံပါနဲ့။
၄။ အပြစ်လူဟောင်းရဲ့လမ်းတွေကိုပြန်မတမ်းတနဲ့
ရောမ၆:၄-၆အရအမြဲတမ်းလူဟောင်းကိုအနိုင်ယူပီး နေ့သစ်တိုင်းမှာဘုရားရဲ့ဂရုဏာတော်နဲ့ အလိုတော်ကိုသာ စေ့စေ့ကြည့်ပီး အသက်ရှင်ပါ။
၅။ ခွင့်လွှတ်တတ်ပါစေ
ဒီကိစ္စကအရေးကြီးပါတယ်။ သူတစ်ပါးကကိုယ့်ကိုနာကျင်စေခဲ့ရင်တောင် ခွင့်လွှတ်နိုင်ဖို့ကြိုးစားပါ။ ခွင့်မလွှတ်နိုင်ရင်၊ရုပ်ပိုင်းရောစိတ်ပိုင်းပါ ရေရှည်မှာရောဂါရစေပါတယ်။ (ဧဖက်၄:၃၂၊ ဟေဗြဲ၁၂:၁၅)
၆။ဘုရားကသင့်ကိုကြည့်နေတယ်ဆိုတာကို သင့်ကိုသင်မြင်နိုင်အောင်ကြိုးစားပါ။
ယုံကြည်သူတစ်ယောက်ဟာဘုရားကသူ့ကိုကြည့်နေတယ်၊မြင်နေတယ်ဆိုတာကို မသိတော့ရင်ဘုရားနဲ့ ဆန့်ကျင်ဘက်ကိုဦးတည်နေပီဆိုတာသိဖို့လိုပါတယ်။
ဘယ်အခြေအနေမဆိုဘုရားဘက်ကိုလှည့်လာပါ၊ချဥ်းကပ်ပါ။
(ရောမ၅:၈၊ ၂တိ၁:၇၊ ယော၈:၃၆၊၁ကော၆:၁၁)
၇။ မိတ်သဟာယဖွဲ့ပါ
အသင်းတော်ရဲ့ကျမ်းစာဆွေးနွေးဝိုင်းတွေ၊ဆုတောင်းဝိုင်းတွေ၊ ကျမ်းစာသင်ကြားပေးနေတဲ့ groupတွေထဲမှာ ပါဝင်နိုင်အောင်ကြိုးစားပါ။ မိမိအပေါ်မှာဘုရားပေးထားတဲ့
ဝိညဥ်ဆုကျေးဇူးကို အသုံးခံပါ။
(ဂလာတိ၅:၂၂-၂၃၊ ၁ယော၃:၁၉-၂၄၊ ယော၇:၃၈)
စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကို ကုစားအဖြေပေးနိုင်မယ့်အခြားသောကျမ်းပိုဒ်တွေကတော့ (ဆာလံ၇၃:၂၃-၂၆၊ဆာလံ၃၄:၁၇-၂၀၊၁ပေ၅:၇၊ဆာလံ၁၄၇:၃/
ဆာလံ၃၀:၁၁၊ယောဟန်၁၄:၂၇၊မသဲ၁၁:၂၈၊ ရောမ၅:၁၊ရောမ၈:၃၂)
#AUNG MYINT MYAT