ဘဝမှာအားကျခဲ့ရတဲ့လူပုဂ္ဂိုလ်၊ စံထားရပီးလေးစားအတုယူထိုက်သူတွေရှိတတ်ကြတယ်။ တစ်ချို့လူတွေရဲ့ဘဝမှာအတုယူမှားခဲ့လို့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့လူတွေရှိသလို၊ အတုယူမှန်ခဲ့လို့ ကြီးပွါးတိုးတက် သွားရတဲ့ လူတွေလည်း ရှိတတ်ကြတယ်။ ကျိန်းသေတာကတော့ Role model ဆိုတာအင်မတန်မှအရေးကြီးတဲ့ပုဂ္ဂိုလ်တွေပါ။ လူအများစုမှ သူတို့အတွက်ဥပမာယူရမယ့်လူ၊အတုယူရလောက်တဲ့ လူတစ်ယောက် ယောက်ရှိတတ်စမြဲပါ။ ကျွန်တော်တို့ရဲ့ ကျောင်းဆရာ၊သို့မဟုတ်ကျွန်တော်တို့အထင်ကြီးလေးစားရတဲ့ သူငယ်ချင်းတစ်ယောက်၊ကျွန်တော်တို့ရဲ့ ဖခင်သို့မဟုတ်မိခင်၊ ကျွန်တော်တို့ရဲ့သင်းအုပ်ဆရာ၊ဒါမမဟုတ်ကိုယ်အားကျရတဲ့ ဆယ်လီ Celebrity တစ်ယောက်ယောက်စသဖြင့်ရှိတတ်ကြတယ်။
သမ္မာကျမ်းစာသမိုင်းထဲမှာလည်း Role models လို့ခေါ်တဲ့ စံပြပုဂ္ဂိုလ်တွေရဲ့လွှမ်းမိုးမှုတွေရှိတယ်ဆိုတာနားလည်ရတယ်။ သမ္မာကျမ်းစာမှာမိဘတွေဟာသဘာဝရဲ့ role models တွေပါ။
သုတ္တံ၁:၈ “ငါ့သားအဘ၏နည်းဥပဒေသကိုနားထောင်လော့ အမိ၏တရားကိုလည်းမပယ်နှင့်။” ဒီအချက်ဟာ အဖေရဲ့ ညွှန်ကြားမှုနဲ့ အမေရဲ့သင်ကြားခြင်းဟာအရေးကြီးကြောင်းဖော်ပြတယ်။ သူတို့ဆီမှာကျွန်တော်တို့မဖြတ်သန်းမကြုံတွေ့ရသေးတဲ့အတွေ့အကြုံ နဲ့သင်ခန်းစာတွေရှိတယ်။
တိတု၂:၇ အရာရာ၌ကောင်းသောအကျင့်တို့၏ပုံသက်သေကိုကိုယ်တိုင်ပြလော့။ ဒါကတော့ကိုယ်ကိုတိုင်က Role model ဖြစ်ဖို့ပါ။
လုကာ ၆:၄၀ မှာတော့ ဆရာကောင်းတစ်ယောက်ဟာ တပည့်တစ်ယောက်ကိုဆရာကောင်းတစ်ယောက်အဖြစ်မွေးထုတ်နိုင်တဲ့ အစွမ်းရှိကြောင်းကို မီးမောင်းထိုးပါတယ်။ ဆရာကောင်းဆိုတာ အတုယူစရာပါ။
ကျွန်တော်တို့ဟာဘယ်သူ့ကိုစံထားပီး ဘယ်လိုအသက်ရှင်မလဲဆိုတာရွေးတတ်ဖို့အရေးကြီးပါတယ်။ သုတ္တံ၁၃:၂၀အရ ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည်၊ပညါရှိတတ်၏။လူမိုက်တို့နှင့်ပေါင်းဘော်သောသူမူကားပျက်စီးတတ်၏လို့ကျမ်းစာကဖော်ပြပါတယ်။ ယေရှုခရစ်တော်ကတော့ကျွန်တော်တို့ရဲ့ အပြည့်စုံဆုံးPerfect role model ပဲ။ သူဟာ ကျွန်တော်တို့လိုပဲ ဒုက္ခဆင်းရဲခြင်းတွေခံစားခဲ့ရပါတယ်။ ကျွန်တော်တို့လိုပဲအပြစ်သွေးဆောင်ခြင်းကိုခံခဲ့ရပါတယ်။ သို့သော်လည်းအပြစ်ဒုစရိုက်နဲ့ ကင်းလွတ်သောသူဖြစ်တယ်။ အပြစ်ထဲနစ်မွန်းမသွားသူဖြစ်တယ်။
(ဟေဗြဲ၄:၁၅)မသဲ၁၄:၂၃/မာကု၁:၃ အရယေရှုခရစ်တော်ဟာ ခမည်းတော်နဲ့အမြဲမိတ်သဟာယပြုလျက်အဆက်အသွယ်ရှိနေသူဖြစ်တယ်။
(လုကာ၇:၁၃၊ မသဲ၁၅:၃၂) အရယေရှုခရစ်တော်ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ သနားခြင်းဂရုဏာကိုလက်တွေ့ပြသခဲ့သူဖြစ်တယ်။
(ယောဟန်မ၅:၇၊ မသဲ၉:၃၅) မှာယေရှုခရစ်တော်ဟာ အလုပ်ကြိုးစားသူဖြစ်တယ်။ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ အားလုံးရဲ့ စံပြပုံသက်သေဖြစ်တယ်။(၁ပေ၂:၂၁)ကျမ်းစာကိုပြန်ကြည့်လိုက်ရင် ဘုရားသခင်ဟာမပြည့်စုံတဲ့လူတွေကိုခေါ်သုံးပီး စံပြပုံသက်သေအဖြစ် အသုံးပြုခဲ့တယ်။ မောရှေ၊ဧလိယ၊ဒါဝိဒ်၊ရှိမုန်ပေတရု၊ အပါအဝင်များစွာသောလူတွေဟာအဘက်ဘက်ကပြည့်စုံသူတွေမဟုတ်ကြဘူး။
တမန်တော်ရှင်ပေါလုက ကနဦးအသင်းတော်အတွက် အမြဲပြောခဲ့တဲ့အရာကတော့သူ့ရဲ့အရေးအကြီးဆုံးအလုပ်ဟာ Role model စံနမူနာအဖြစ်နဲ့အသက်ရှင်ပြခြင်းဖြစ်တယ်။
(၁ကော၄:၁၆၊ ၁ကော၁၁:၁၊ ဖိလိပ္ပိ၃:၁၇၊ ၁သက်၁:၅-၇၊ ၂သက်၃:၇-၉)
တမန်တော်ရှင် ပေတရုကတော့ မှားယွင်းသောဆရာတွေနောက်ကိုမလိုက်ဖို့ ၂ပေ၂:၁-၂ မှာသတိပေးထားပါတယ်။ Role Model မမှားဖို့ အရေးကြီးပါတယ်။ကျွန်တော်တို့ဟာ မှန်ကန်သော role model များကိုရွေးချယ်တော့မယ် ဆိုရင်ဘုရားနဲ့မှန်ကန်စွာမိသဟာယဖွဲ့လျက်သွားလာတတ်သူကို ရှာရမှာဖြစ်ပါတယ်။
(၁ကော၁၁:၁၊ ၁ပေ၂:၂၁)
သန့်ရှင်းသောဝိညဥ်တော်ရဲ့ အသီးအပွင့်တွေကိုသူ့ရဲ့အသက်တာမှာမြင်တွေ့နေရသူဖြစ်ရပါမယ်။ (ဂလာတိ၅:၂၂-၂၃)
အချင်းချင်းကြားထဲမှာစိတ်သဘောတူညီစွာပေါင်းသင်းတတ်သူ၊ဂုဏ်ပကာသနမရှိသူ၊လူတန်းစားမရွေးပေါင်းသင်းတတ်သူ၊နှိမ့်ချစိတ်ထားရှိသူတွေကိုရွေးချယ်တတ်ဖို့လိုပါတယ်။ (ရောမ၁၂:၁၆)
နိဂုံး
(ရောမ၃:၂၃) အရ စင်းလုံးချောပြည့်စုံတဲ့လူတော့မရှိပါဘူး။ လူတိုင်းကတော့ မပြည့်စုံပါဘူး၊ ဒါကိုတော့သိထားလက်ခံထားပါ။ သို့သော်ယေရှုခရစ်တော်ကိုယူတင်ဝတ် ဆောင်ပီး မိမိလက်ဝါးကပ်တိုင် ကိုထမ်းနေသော ဘုရားလူတွေကို Role model အဖြစ်ဘုရားကသင့်အနီးနားကို ပို့ဆောင်ပေးပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း Role Model ဖြစ်အောင်နေရပါမယ်။
#AUNG MYINT MYAT