Nimrod ဆိုတဲ့ လူ့ဘီလူးကြီးအကြောင်းပြောခဲ့ဖူးတယ်။ အဲဒီအကြောင်းအရာနဲ့ ဆက်စပ်ပီးမှ Nephilim တွေအကြောင်းပြောပြချင်ပါတယ်။ အခု ပြောမယ့်အကြောင်းအရာက Biblical point of view က မဟုတ်တဲ့ အတွက်ကြောင့် ကမ္ဘာကြီးက ဒီအယူအဆကိုဘယ်လို ရှုမြင်ကြသလဲဆိုတာ ဗဟုသုတအနေနဲ့ တင်ပြရုံသက်သက်ပါ။ ဒီနေရာမှာ ဝိညာဉ်ရေးရာမဟုတ်တဲ့ အခြားရှုထောင့်က ပြောမှာမလို့ ခွန်အားယူဖို့ မဟုတ်ပါဘူး။ လေ့လာသူတွေအတွက်သီးသန့်ဖြစ်တယ်လို့ ကြိုတင်ပြောထားပါရစေ။
ပြန်ဆက်မယ်ဆိုရင် Nephilim ဆိုတာ သာမန်လူမဟုတ်တဲ့ ဧရာမလူကောင်ကြီးတဲ့ လူပုံသဏ္ဍန်ရှိတဲ့ လူတွေပါ။ ဒီလူတွေဘယ်လိုဖြစ်လာသလဲ
ကမ္ဘာဦး ၆:၁-၄ ဟာ ဒီနေ့ထက်ထိ အငြင်းအခုန်ဖြစ်နေရဆဲ ကျမ်းပိုဒ်တခုပါ။ ဘုရားရဲ့သားတွေနဲ့လူ့သမီးတွေနဲ့ စုံဖက်ကြတဲ့ကိစ္စပါ။
အယူအဆ (၁)
ဒီအယူအဆမှာတော့ ဘုရားသခင်ရဲ့သားများဆိုတာကို fallen angels ကောင်းကင်ကပြုတ်ကျလာတဲ့ ကောင်းကင်တမန်ဆိုးတွေ၊ စာတန်နဲ့အပေါင်းအပါတွေကိုရည်ညွှန်းတယ်။ အဲဒီကောင်းကင်တမန်ဆိုးတွေနဲ့ လူမိန်းမတွေနဲ့ စုံဖက်ရာကနေ မွေးလာတဲ့ ကလေးတွေဟာ အင်မတန်ကိုယ်ခန္ဓာကြီးမားတဲ့ လူအကြီးကြီးတွေဖြစ်လာတယ်။ သူတို့ဟာသာမန်လူတွေထက် ခွန်အားကြီးပီးလုပ်နိုင်စွမ်းတွေရှိကြတယ်။ သဘောအားဖြင့်ကျနော်တို့လူတွေမှာ လူမျိုးမတူတာယူရင် ကပြား တွေက ဉာဏ်ကောင်းတယ်လို့ပြောကြသလိုပေါ့။ ဒီလိုဖက်စပ်ပီး ကောင်းကင်တမန်နဲ့လူနဲ့ မွေးလာတဲ့လူတွေဟာ super human or hero တွေဖြစ်လာကြတယ်။
အထောက်အထားကျမ်းကိုးအနေနဲ့ ကမ္ဘာဦး၆:၁-၄ နဲ့ ရှင်ယုဒ ၁:၆ ကိုဖော်ပြထားပါတယ်။
ယုဒ ၁:၆ မှာ မိမိတို့အခွင့်အရာကိုမစောင့် မိမိတို့နေရပ်ကိုစွန့်ပစ်တဲ့ ကောင်းကင်တမန်တွေကို ကြီးစွာသောနေ့မှာ စစ်ကြောစီရင်မယ်လို့ပြောထားပါတယ်။
ကောင်းကင်တမန်ဆိုးတွေဟာ ဘာကြောင့်လူ့မိန်းမတွေနဲ့ လိင်ဆက်ဆံမှုပြုရသလဲဆိုတဲ့ အကြောင်းအရင်းကိုပြန်ကြည့်ရင် ကမ္ဘာဦး ၃:၁၅ မှာဘုရားက မြွေနဲ့မိန်းမကိုရန်ညှိုးဖွဲ့စေမယ်လို့ ကြိမ်ဆိုခဲ့တာရှိပါတယ်။ အာဒံနဲ့ဧဝကနေမွေးလာတဲ့ မျိုးဆက်လူတိုင်းဟာ အပြစ်သားတွေကြီးဖြစ်တယ်ဆိုတာကို ကျမ်းစာကပြောထားပီးဖြစ်တယ်။ အပြစ်သားတွေအတွက် ကယ်တင်မယ့်မေရှိယက ဘယ်လိုပုံစံနဲ့လာမယ်ဆိုတာကို စာတန်ကမသိပါဘူး။
ဒါကြောင့်မေရှိယလာမယ့် လမ်းကြောင်းတွေကို ရှုပ်ထွေးသွားအောင်လုပ်တဲ့ သဘောမျိုးတွေ့ရပါတယ်။ “the demons were attempting to pollute the human bloodline in order to prevent the coming Messiah” လို့ got questions ထဲမှာသုံးထားပါတယ်။ မေရှိယလာမယ့်လမ်းတွေကို မလာနိုင်အောင် သွေးနှောညစ်ညမ်းလိုက်တဲ့ သဘောပါ။
ဒါကြောင့် နောဧလက်ထက်မှာ ဘုရားက ဒီသတ္တဝါတွေအပါအဝင် အားလုံးကို ရေလွှမ်းမိုးပီးသန့်ရှင်းရေးလုပ်တဲ့ ပုံစံမျိုးပြောပါတယ်။
အယူအဆ (၂)
ဒီအယူအဆကတော့ ဘုရားသခင်၏သားများဆိုတာကို ကောင်းကင်တမန်လို့ မယူဆပဲ ဘုရားကိုသိတဲ့လူ ကျမ်းစာထဲမှာ ရှေသရဲ့ မျိုးဆက်တွေဖြစ်တယ်ဆိုတဲ့ ယူဆချက်ပါ။ ဒီအယူအဆမှာ ထောက်ပြထားတာ တခုက ကောင်းကင်တမန်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ မရှိတဲ့ နမ်ဝိညာဉ်ပုံစံမျိုး ဖြစ်တာကြောင့် ကောင်းကင်တမန်တွေနဲ့လူတွေ စုံဖက်တာမဖြစ်နိုင်ဘူးလို့ပြောကြတယ်။
သုံးသပ်ချက်
သို့သော်လည်း တဖက်မှာပြန်ကြည့်ရင် အာဗြံနဲ့စာရဲ တို့ ကောင်းကင်တမန်တွေကို ခေါ်ပီးဧည့်ခံဝတ်ပြုခဲ့တာရှိသလို၊ လောတရဲ့အိမ်ကိုဝင်သွားတဲ့ကောင်းကင်တမန်တွေကို သောဒုံမြို့သားတွေက လိင်ဆက်ဆံဖို့တောင်းဆိုတာမြင်ရပြန်တယ်။
ပီးတဲ့အခါ ကမ္ဘာဦး၁:၃ မှာ လူတွေဟာ “အသား”ဖြစ်တယ်လို့ ဘာလို့ highlight လုပ်သလဲဆိုတာ စဉ်းစားစရာရှိပါတယ်။ လူအချင်းချင်းစုံဖက်ကြရင် ခွဲခြားပီး လူက အသားဖြစ်တယ်လို့ ပြောစရာလိုပါ့မလား။ ဘုရားကလူကို အလွန်ဆုံး နှစ်၁၂၀ ပဲ အသက်ရှင်ဖို့ကန့်သတ်လိုက်ပါတယ်။
ရေလွှမ်းမိုးအပီးမှာ ဒီလိုလူကောင်ကြီးတဲ့လူတွေ မရှိတော့ဘူးလားဆိုတော့ gen ရဲ့သဘောတရားအရ မျိုးဆက်တဆက်မဟုတ် တဆက်မှာတော့ လူကောင်ကြီးတာတွေပေါ်လာပေမဲ့ မူလ original တော့မဟုတ်တော့ဘူးလို့ပြောရမှာပေါ့။ ၁ ဓမ္မရာ ၁၇:၄-၇ ထဲကလိုမျိူး၊ တောလည်ရာကျမ်း၁၃:၃၃ ထဲက၊ တရားဟောရာကျမ်း ၉:၁-၂ ထဲကလူကောင်ကြီးတွေကို လေ့လာကြည့်ပါ။ ဘုရားက ဣသရေလ လူမျိုးကို ယေရိခေါမြို့ကြီးကို သိမ်းပိုက်ခိုင်းတဲ့အခါ ဒီအကောင်ကြီးမျိုးဆက်တွေကို ရှင်းရှင်းဖျက်ဆီးခိုင်းတာတွေ့ရတယ်။
ယနေ့ခေတ်
ဒီနေ့ခောတ်ထဲမှာ လူနဲ့တိရစ္ဆာန်ပေါင်းလိုက်ရင် powerful ဖြစ်သွားတယ်ဆိုတဲ့ message ပေးတဲ့ movie တွေ spider man တို့ splice ဆိုတဲ့ movie တွေက လူတပိုင်းတိရစ္ဆာန်တပိုင်း hybrid creature တွေဟာ တန်ခိုးကြီးခြင်း၊အားကြီးခြင်းကိုပိုင်ဆိုင်သူတွေလို့ message ပေးချင်တာပါ။
အရင်က Egyption ရုပ်တုတွေကိုကြည့်ရင် လူမျက်နှာနဲ့ ခြင်္သေ့ကိုယ်တို့၊ မြင်းခန္ဓာနဲ့လူမျက်နှာတွေ မြင်ဖူးကြမှာပါ။ idea ကတော့ ဒီ message ပါပဲ။
မေရှိယလမ်းကြောင်းကို ဘယ်လိုပဲ pollute လုပ်လုပ် ဘုရားကတော့ သူတို့ မထင်တဲ့လမ်းကြောင်းကနေတကွက်ပြသွားတာပဲ။
အခုတင်ပြတာတွေက ဖတ်ဖူးတဲ့စာအုပ်တွေ YouTube နဲ့ အခြား source တွေကပါနော်။ သမ္မာကျမ်းစာက ဒီအကြောင်းတွေကို အပေါ်ယံ သဘောလောက်သာတွေ့ရတာ သိရတာဖြစ်ပါတယ်။ just for knowledge သက်သက်ပါ။