ယုံကြည်သူတစ်ယောက်အနေနဲ့ခြောက်ပစ်ကင်းသဲလဲစင် ၁၀၀%အပြစ်ကင်း တဲ့ကိုယ်ခန္ဓာနဲ့ အသက်ရှင်နိုင်သလား

Is sinless perfection possible in this life? ဧဖက် ၄:၁၃ မှာ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၄င်း၊ ဘုရားသခင် ၏ သားတော် ကိုသိကျွမ်းခြင်းသို့၄င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံ ခြင်း

Continue readingယုံကြည်သူတစ်ယောက်အနေနဲ့ခြောက်ပစ်ကင်းသဲလဲစင် ၁၀၀%အပြစ်ကင်း တဲ့ကိုယ်ခန္ဓာနဲ့ အသက်ရှင်နိုင်သလား

ယုံကြည်သူခရစ်ယာန်များ ဓမ္မဟောင်းမှာရှိတဲ့ပညတ်တော်တွေကိုလိုက်လျှောက်ဖို့လိုသေးလား

ခရစ်ယာန်များနဲ့ ဓမ္မဟောင်းကျမ်းရှိပညတ်တော်တွေရဲ့ဆက်စပ်မှုကို နားလည် သဘောပေါက်ဖို့ အရေးကြီးပါတယ်။ ဓမ္မဟောင်းပါပညတ်ချက်များသည် ဘုရားသခင် မှ က္ကုသရေလလူမျိုးတော်အတွက်လိုက်လျှောက်ရန် မောရှေမှတစ်ဆင့်ပေးခဲ့ခြင်း ဖြစ်တယ်။ ခရစ်ယာန်များအတွက် ရည်ရွယ်ပြီး ပေးခဲ့ခြင်း မဟုတ်ပါ။ က္ကုသရေလ လူမျိုးများ မည်ကဲ့သို့ဝတ်ပြုကိုးကွယ်ရမည်၊ မည်ကဲ့သို့အပြစ်ဖြေရမည်၊ မည်ကဲ့သို့

Continue readingယုံကြည်သူခရစ်ယာန်များ ဓမ္မဟောင်းမှာရှိတဲ့ပညတ်တော်တွေကိုလိုက်လျှောက်ဖို့လိုသေးလား

နှစ်သစ်မှာဘယ်လိုပြင်ဆင်ကြမလဲ

နှစ်ဟောင်းကနေနှစ်သစ်ရောက်တော့မယ်ဆိုရင်လုပ်နေကျဖြစ်တဲ့နှစ်ဟောင်းကအကျင့်ဟောင်းလေးတွေပြင်ပြီးနှစ်သစ်မှာတော့ဘယ်လိုနေထိုင်ပြုမူတော့မယ်ဆိုပီးစိတ်ဆုံးဖြတ်ချက်ချ၊ ၂လသို့မဟုတ် ၃လလောက်ကြာသွားပီးရင်ပုံမှန် အသက်ရှင်မှု life style ထဲဝင်သွားကြပြန်တယ်။ ဒီလိုမဖြစ်အောင်ဘယ်လိုကြိုးစားမလဲ။ ၁။ မိမိရဲ့ ဖြစ်နိုင်ချေပန်းတိုင်ကိုချမှတ်ဖို့လိုပါတယ်။ အဲဒီပန်းတိုင်ကိုချမှတ်ပီးရင်တောင်အဆုံးထိမရောက်နိုင်ခြင်းဟာအဲဒီအရာကို မစွဲလန်းလို့ဖြစ်နိုင်ပါတယ်။ မိမိရဲ့ပန်းတိုင်ကိုမိုးလင်းကတည်းကစပီးဘုရားကိုဆက်ကပ်အစပြုပါ။ စွဲလန်းလာဖို့ကိုအစပြုပါ။ တမန်တော်၁၇:၃၀မှာမိမိရဲ့အကျင့်ဟောင်းကိုပြုပြင်တဲ့နေရာမှာ ဘုရားသခင်နဲ့အချိန်ပေးပီး၊ မိမိရဲ့အားနည်းချက်ကိုမြင်အောင်ကြိုးစားပါ။ အဲဒီအားနည်းချက်ဟာသင့်ကိုပန်းတိုင်ရောက်ဖို့ အနှောင့်အယှက်ပေးနေတဲ့အရာပဲဖြစ်ပါတယ်။လူတိုင်းမှာပန်းတိုင်အမျိုးမျိုးရှိကြတဲ့အတွက်တစ်ယောက်နဲ့တစ်ယောက်တော့တူကြမှာမဟုတ်ပေမဲ့

Continue readingနှစ်သစ်မှာဘယ်လိုပြင်ဆင်ကြမလဲ

ဆယ်ဖို့တစ်ဖို့ကိုဘယ်လိုနားလည်သလဲ

ဆယ်ဖို့တစ်ဖို့Tithesဆိုတဲ့အရာကိုဓမ္မဟောင်းကျမ်းမှာအထူးသဖြင့်မောရှေရဲ့ပညတ်တိကျမ်းမှာက္ကုသရေလ လူမျိုးတွေအတွက်လိုက်လျှောက်ရမယ့်ဥပဒေတစ်ရပ်အဖြစ်ပါဝင်တယ်။ (ဝတ်ပြုရာကျမ်း ၂၇:၃၀-၃၄၊ တောလည်ရာ၁၈:၂၆) ကိုဖတ်ပါ။ တရားဟောရာကျမ်း၁၄:၂၄-၂၉၊ ရာဇဝင်ချုပ်၃၁:၅-၆ ဓမ္မသစ်ကျမ်းမှာခရစ်ယန်များ ဆယ်ဘို့တစ်ဘို့ နှင့်စပ်လျဥ်းပီးမဖြစ်မနေ လိုက်လျှောက်ရမယ့်ဥပဒေပြဌန်းမှုတစ်ခုပုံစံမျိုးမတွေ့ရဘူး။ သို့သော်ဥပဒေတရပ်မဟုတ်ပေမဲ့ဒီသွန်သင်မှုကို အသင်းတော်နဲ့ သာသနာ့လုပ်ငန်းအကျိုးအတွက်ဆက်လက်ကျင့်သုံးခဲ့တယ်လို့ ၁ကော၁၆:၁-၂ကိုကြည့်ပီးသုံးသပ်နိုင်တယ်။ တကယ်တော့ဝတ်ပြုရာကျမ်း၂၇:၃၀ ညွှန်းဆိုတဲ့သဘောမှာ မြေကြီးနဲ့တကွမြေကြီးက ထွက်တဲ့အသီးအနှံရှိသမျှဟာ

Continue readingဆယ်ဖို့တစ်ဖို့ကိုဘယ်လိုနားလည်သလဲ

ခရစ်ယန်လို့ပြောလိုက်ရင်ဘယ်ဂိုဏ်းဂဏတွေပါသလဲ

ခရစ်ယန်ဆိုတဲ့ခေါင်းစဥ်အောက်မှာ ဂိုဏ်းဂဏ ၃၀၀၀၀ (၃သောင်း) ကျော်လောက်ရှိတယ်လို့ပြောတယ်။ ကမ္ဘာနဲ့အဝှမ်းမှာဘယ်အဖွဲ့အစည်းအောက်မှာမှ မရှိပဲ သီခြားရပ်တည်နေတဲ့ အဖွဲ့တွေနဲ့ပေါင်းရင်တော့ဖြစ်နိုင်ချေရှိပါတယ်။ အသင်းတော်တစ်ပါးဟာပုံမှန်အားဖြင့်နယ်အဖွဲ့အစည်းတွေ၊အဖွဲ့ချုပ်၊အသင်းချုပ်တွေနဲ့အဆင့်ဆင့်ဖွဲ့စည်းထားသလို၊ ၄င်းတို့ရဲ့အခြေခံယုံချက်၊ဝတ်ပြုကိုးကွယ်မှုပုံစံ၊ ကျင့်သုံးမှုပုံစတွေ၊ ဓမ္မအတွေးအခေါ်နဲ့ခံယူချက်တွေ ဂိုဏ်းဂဏအလိုက်ကွဲပြားမှုပုံစာလေးတွေတော့ရှိတယ်။ ဒီပိုစ်ကဗဟုသုတအနေနဲ့တင်ပြတာဖြစ်ပါတယ်။ ဥပမာအားဖြင့် နှစ်ခြင်းဂိုဏ်းဂဏအောက်မှာတောင်ပုံစံမတူတဲ့ အမျိုး၂၀၀လောက်ကွဲပြား နေပါသေးတယ်။ဝတ်ပြုကိုးကွယ်ခြင်းနဲ့ ဓမ္မအတွေးအခေါ်အလိုက်ကွဲပြားမှုများ

Continue readingခရစ်ယန်လို့ပြောလိုက်ရင်ဘယ်ဂိုဏ်းဂဏတွေပါသလဲ

၁ယော၁:၁-၉မှာပြောသလိုအပြစ်ကိုဝန်ချတောင်းပန်ရာမှာ အပြစ်ကိုခဏခဏ ပြန်ဝန်ချစရာလိုသလား

၁ယော၁:၉မှာ အပြစ်ကိုဝန်ချတောင်းပန်ရင်ဘုရားကကျွန်တော်တို့ အပြစ်ကိုခွင့်လွှတ်ပေးပီး ဒုစရိုက်ရှိသမျှကိုကင်းစင်စေမယ်လို့ဖော်ပြတယ်။အဲဒီတော့တစ်ခါဝန်ခံထားရုံနဲ့လုံလောက်နိုင်မလား။ထပ်ခါထပ်ခါဝန်ချတောင်းပန်ရမလားဆိုတဲ့အချက်လေးကို ရှင်းရှင်းလင်းလင်းသိဖို့လိုလိမ့်မယ်။ တမန်တော်ကြီးရှင်ပေါလုကဧဖက်၁:၆-၈မှာ သားတော်ရဲ့အသွေးအားဖြင့်အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံရကြ၏လို့ဖော်ပြတယ်။ ဒီနေရာမှာအပြစ်လွှတ်တော်မူခြင်းဆိုတာဘာကိုဆိုလိုတာလဲ။ ဒါကိုသိဖို့လိုပါလိမ့်မယ်။ အပြစ်လွှတ်ခြင်းဆိုတာဒီကျမ်းပုဒ်မှာရည်ညွှန်းတာကဝိညာဥ်ကယ်တင်ခြင်းကိုဆိုလိုတယ်။ ကျွန်တော်တို့ရဲ့အပြစ်တွေကိုယူလိုက်ခြင်း၊ကျွန်တော်တို့ဆီကအပြစ်တွေကို သူ့ရဲ့အသွေးတော်နဲ့ ဖယ်ရှားလိုက်တယ်။ ဆာလံ၁၀၃:၁၂မှာ “အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာစွန်းနှင့်ဝေးသည် အတိုင်းငါတို့အပြစ်များကိုငါတို့နှင့်ဝေးစေတော်မူ၏။”လို့ပြောထားတယ်။ဒါဟာအပြစ်တရားစီရင်ရေးဆိုင်ရာကိစ္စမှာ ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းအားဖြင့်ခွင့်လွှတ်ပေးလိုက်ပြီဖြစ်တယ်။ အဓိပ္ပါယ်ကတော့ဒီခွင့်လွှတ်ခြင်းဟာကျွန်တော်တို့ရဲ့ အတိတ်ကအပြစ်၊

Continue reading၁ယော၁:၁-၉မှာပြောသလိုအပြစ်ကိုဝန်ချတောင်းပန်ရာမှာ အပြစ်ကိုခဏခဏ ပြန်ဝန်ချစရာလိုသလား

ယေရှုခရစ်တော်၌ရှိသောစိတ်သဘောဆိုတာဘယ်လိုမျိုးလဲ

၁ကော၂:၁၆မှာထိုလူကိုသွန်သင်နိုင်မည်အကြောင်း၊အဘယ်သူသည်ထာဝရဘုရား၏စိတ်တော်ကိုသိသနည်း။ ငါတို့မူကားခရစ်တော်၏စိတ်ကိုခံရကြ၏လို့ဖော်ပြထားတယ်။ တမန်တော်ကြီးရှင်ပေါလုက ဒီအချက်ကိုယုံကြည်သူအားလုံးကိုရည်ရွယ်ပြီးပြောဆိုရာမှာ ဟေရှာယအနာဂတိကျမ်း ၄၀း၁၃ ကိုပြန်ပြီး ကိုးကားထားပါတယ်။ ကျွန်တော်တို့ဆီမှာခရစ်တော်ရဲ့လမ်းစဥ် နဲ့ အစီအစဥ်များဝေမျှခြင်း၊ ခရစ်တော်ရဲ့ရည်ရွယ်ချက်ကိုသိခြင်း၊ ခရစ်တော်ရှုမြင်သကဲ့သို့ ရှိုမြင်တတ်တဲ့စိတ်တွေရှိခြင်းကိုဆိုလိုပါတယ်။ အဲဒီအချက်တွေကိုခရစ်ယာန်တွေအားလုံးပိုင်ဆိုင်ပီးသားဖြစ်တယ်။ ခရစ်တော်မှာရှိတဲ့စိတ်လို့ပြောတာနဲ့ ကျွန်တော်တို့ဟာဘုရားရဲ့အလိုတော်အကြံအတည်တော်ကိုနားလည်ပြီးတော့အဲဒီအလိုတော်ကိုဝန်ခံတတ်ခြင်း၊ လိုက်လျှောက်တတ်ခြင်းဖြစ်တယ်။ ဒီမြေကြီးပေါ်မှာဘုရားရဲ့ဘုန်းတော်ထင်ရှားစေဖို့ဘုရားသခင်ဟာသူ့ရဲ့ မူလဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့ကယ်တင်ခြင်းဟာအပြစ်သားတွေအတွက်ဖြစ်တယ်။ဆိုတာကိုနားလည်စေဖို့ဦးတည်တယ်။

Continue readingယေရှုခရစ်တော်၌ရှိသောစိတ်သဘောဆိုတာဘယ်လိုမျိုးလဲ

အာဒံနဲ့ဧဝအပြစ်လုပ်မယ်မှန်းသိရင်ဘာကြောင့် သူတို့ကိုဖန်ဆင်းခဲ့သလဲ

ဒီမေးခွန်းကိုစာဖတ်သူတို့လည်းမေးဖူးကြလိမ့်မယ်။စာရေးသူလည်းခပ်ငယ်ငယ်တုန်းကမေးခဲ့ဖူးတယ်။ စိတ်ကျေနပ်စရာအဖြေမျိုးရယ်တော့မရခဲ့ဖူးဘူး။ ကဲဒါနဲ့စပ်လျဥ်းပီးကျမ်းစာမှာဘာပြောသလဲကြည့်ရအောင်။ သမ္မာကျမ်းစာထဲမှာ မိတ်ဆွေအပါဝင်အားလုံးသက်ရှိသက်မဲ့အကုန်လုံးကိုဘုရားကသူ့ဘုန်းတန်ခိုးနဲ့ဘုန်းတန်ခိုးအတွက် ဖန်ဆင်းထားထားတယ်လို့ပြောထားတယ်။. ရောမ၁၁:၃၆မှာ အရာခပ်သိမ်းအားလုံးကဘုရားအထဲကဖြစ်တည်လာတယ်။ ဘုရားအားဖြင့်ဖြစ်တည်လာတယ်။ကိုယ်တော်ဘုရားအဖို့အလို့ငှါဖြစ်တယ်။ ကျွန်တော်တို့အားလုံးသိတဲ့အတိုင်း အာဒံနဲ့ဧဝဟာတားမြစ်ထားတဲ့ဘုရားရဲ့စကားကို ချိုးဖောက်ခဲ့တဲ့အတွက်အပြစ်သားဘဝကိုရောက်ရှိသွားကြတယ်။ တကယ်တော့ဘုရားကအလုံးစုံကိုသိသောဘုရားဖြစ်တယ်။ ဆာလံ၁၃၉:၁-၆မှာကြည့်ရင်ဘုရားမသိတာ၊ ဘုရားမတတ်နိုင်တာဘာမှမရှိကြောင်းတွေ့ရသလို ဟေရှာယ ၄၆:၁၀မှာကမ္ဘာမစမီကနေ ဟိုးအနာဂတ်ကပ်ကာလအဆုံးထိကိုကြိုသိပီးတော့ သူ့အကြံအစည်တော်ထဲမှာပဲရှိမယ်လို့ဖော်ပြထားတယ်။ အဲဒီလောက်တန်ခိုးတော်နဲ့ပြည့်ဝပီးအာဒံနဲ့ဧဝဟာဒီအပြစ်ကိုချိုးဖောက်မယ်ဆိုတာသူမသိပဲနေပါ့မလား။သိသိရက်ကြီးနဲ့ဘာလို့

Continue readingအာဒံနဲ့ဧဝအပြစ်လုပ်မယ်မှန်းသိရင်ဘာကြောင့် သူတို့ကိုဖန်ဆင်းခဲ့သလဲ

ကယ်တင်ခြင်းစိတ်ချရပီဆိုတာဘယ်လိုနည်းနဲ့သေချာအောင်ပြန်စစ်နိုင်မလဲ

တကယ်တော့ဒီအကြောင်းအရာလေးဟာ အရမ်းရိုးရှင်းလွယ်ကူပီးအခြေခံကျတဲ့အကြောင်းအရာလေးပါ။ ယုံကြည်သူတွေအတွက်ဆို နားဝအောင်ကြားရတဲ့အကြောင်းအရာလေးပါ။ သို့သော်ယုံကြည်သူလူသစ်တွေနဲ့ယုံကြည်ခြင်းမှာလမ်းပျောက်နေသူတွေအတွက်တော့အများကြီး အထောက်အကူပြုပေးမှာပါ။  ကဲဟုတ်ပီ ကယ်တင်ခြင်းရရှိဖို့ဘာလုပ်ရမလဲ?? အချက်၃ချက်ကိုသိဖို့လိုပါတယ်။ ၁။ အပြစ်သားဖြစ်ကြောင်းဝန်ခံပါ။ (ရောမ၃:၂၃/၆:၂၃/၁ယော၁:၁၀) မိမိဟာအပြစ်သားဖြစ်တယ်လို့ဝန်ခံဖို့ဟာ ပထမဆုံးလုပ်ရမယ့်အရာနဲ့အရေးကြီးဆုံးအရာဖြစ်တယ်။ ၂။ ယေရှုခရစ်တော်ကိုယုံကြည်ပါ (ယော၁:၁၂) ဘုရားသခင်ရဲ့သားသမီးဖြစ်ဖို့၊ ဘုရားသခင်ရဲ့မိသားစုဝင်ဖြစ်ဖို့တစ်ခုတည်းသော နည်းလမ်းပါ။

Continue readingကယ်တင်ခြင်းစိတ်ချရပီဆိုတာဘယ်လိုနည်းနဲ့သေချာအောင်ပြန်စစ်နိုင်မလဲ

ဘုရားကအားလုံးကိုသိတယ်ဆိုတာသေချာလားဘုရားဟာအလုံးစုံကိုသိရက်နဲ့ ဘာလို့မေးခွန်းတွေမေးရသလဲ

ကမ္ဘာဦးကျမ်၃: ၉/၁၁ မှာ သင်သည်အဘယ်မှာရှိသနည်းလို့မေးနေတယ်။ အငယ်၁၁မှာ ငါပညတ်သောအပင်၏ အသီးကိုစားမိပြီလောလို့ မေးတယ်။ ကဲ ဘယ်လိုထင်သလဲမိတ်ဆွေတို့။ ယောဘဝတ္ထု၁:၇မှာထာဝရဘုရားကလည်းသင်သည်အဘယ်အရပ်ကလာသနည်းလို့စာတန်ကိုမေးတယ်။. ထွက်မြောက်ရာ၄:၂ သင်၏လက်၌အဘယ်အရာရှိသနည်း။ မာကု၅:၃၀ယေရှုက ငါ့အဝတ်ကိုအဘယ်သူတို့သနည်း။.  ဆာလံ၄၄:၂၁ ဘုရားသခင်ကဘာဖြစ်လို့ မေးခွန်းတွေပြန်မေးနေတာလဲ ဘုရားသခင်ကိုယ်တိုင်မသိတဲ့ လက်လှမ်းမမီတဲ့

Continue readingဘုရားကအားလုံးကိုသိတယ်ဆိုတာသေချာလားဘုရားဟာအလုံးစုံကိုသိရက်နဲ့ ဘာလို့မေးခွန်းတွေမေးရသလဲ